• Follow Us on
Latest News

Home တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း ယမန်နေ့က  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့တာဝန်ထမ်း ဆောင်ချိန်တွင် ယခင်ကလွဲမှားခဲ့သည့် လုပ်ငန်းရပ်များကို ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် နိုင်ငံရေးအရတောင်းဆိုမှုများရှိလာသဖြင့် အခက်အခဲများရှိခဲ့ကြောင်း၊ ၂၀၂၁ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ခုနှစ်တို့တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအရ ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားခဲ့မှု၊ နိုင်ငံတကာမှ အပြုသဘော မဆောင်သည့် တုန့်ပြန်မှုများ မရှိခဲ့ပါက ယခုထက် များစွာတိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဦးတည် ချက်များကို မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

 

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍လည်း အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများရှိပြီး လုံခြုံရေးနှင့် ပတ်သက်ပါက တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်အတွက် ဆောင်ရွက် ခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးအတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်စေလိုကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင် ရာတွင် အုပ်ချုပ်မှုအားနည်းဖြစ်စဉ်များ၊ လုံခြုံရေး အားနည်းဖြစ်စဉ်များ ဖြစ်ပေါ်မှုမရှိစေရေး သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့ အစိုးရသည် နိုင်ငံရေးကင်းရှင်းသည့်အစိုးရဖြစ်ပြီး နိုင်ငံရေး အစိုးရမဟုတ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း အများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည် နယ်များ၌လည်း နိုင်ငံ့ဝန်ထမ်းများကိုသာ အဆင့်အလိုက် တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးတွင် မှန်မှန်ကန်ကန်ဖြစ်ရမည်ဖြစ်ပြီး ဘက်လိုက်မှုမရှိဘဲ စည်းမျဉ်း စည်းကမ်းအတိုင်းသာ ဖြစ်ရမည်ဖြစ်ကြောင်းပြောသည်။

 

#PeopleMedia


Share this post