တရားဥပဒေအရ မြန်မာနိုင်ငံကို ထောက်ပြချင်လျှင် အာဂျင်တီးနားနိုင်ငံအတွင်း တရားစီရင်ရေးအတွက် လိုအပ်နေသည့် တရားသူကြီး ရာထူးများကို အရင်ခန့်အပ်ရန် အကြံပြုလိုက်သည့် ဗိုလ်ချုပ်ဇော်မင်းထွန်း

PUBLISHED - February 15, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
တရားဥပဒေအရ မြန်မာနိုင်ငံကို ထောက်ပြချင်လျှင် အာဂျင်တီးနား နိုင်ငံအတွင်း တရားစီရင်ရေးအတွက် လိုအပ်နေသည့် လစ်လပ်နေသည့် တရားသူကြီး ရာထူးများကို အရင်ခန့်အပ်ရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြံပြု ပြောဆိုလိုက်သည်။
အာဂျင်တီးနားနိုင်ငံမှ မြန်မာနိုင်ငံ ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းထုတ်မှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အာဂျင်တီးနားက မြန်မာကိုသိရဲ့လား? မြန်မာနိုင်ငံအစိုးရကတော့ Argentia ကိုသိပါတယ်။ တရားဥပဒေအရ မြန်မာကိုဝေဖန်ထောက်ပြချင်ရင် Argentia မှာ နိုင်ငံအတွင်းတရားစီရင်ရေးအတွက် လိုအပ်နေတဲ့။ လစ်လပ်နေတဲ့ တရားသူကြီး ရာထူးတွေကို အရင်ခန့်အပ်လိုက်ပါဉီးလို့ အကြံပြုချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃)ရက်က အာဂျင်တီးနားနိုင်ငံ၊ Buenos Aires ရှိ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဟုသည့် စွပ်စွဲချက်ဖြင့် မြန်မာ့ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ကြောင်း ကြေညာခဲ့သည်။
#PeopleMedia