• Follow Us on
Latest News

Home တရုတ်က ရုရှားကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့မှာ အမေရိကန်စိုးရိမ်နေ

တရုတ်က ရုရှားကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့မှာ အမေရိကန်စိုးရိမ်နေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

 

ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းမဟုတ်တဲ့ တခြားအထောက်အပံ့တွေပေးပို့နေတဲ့ တရုတ်နိုင်ငံဟာ လက်ရှိ အချိန်မှာ စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးဖို့ စဉ်းစားနေတာကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန် နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ NBC သ တင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

 

ရုရှားနိုင်ငံကို တရုတ်နိုင်ငံကထောက်ပံ့နေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိတယ်လို့ တရုတ်နိုင်ငံတော် ကောင်စီဝင်နဲ့ ဗဟိုနိုင်ငံခြားရေးရာညွှန်ကြားရေးမှူးဝန်ယီနဲ့ စနေနေ့က မြူးနစ်လုံခြုံရေးညီလာခံမှာ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

 

“ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံက ရုရှားကို နိုင်ငံရေးအရထောက်ပံ့တာတွေ၊ အားပေးစကားပြောဆိုတာ တွေနဲ့ စစ်လက်နက်ပစ္စည်းမဟုတ်တဲ့အကူအညီတွေထောက်ပံ့တာတွေကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဒါ ပေမဲ့ လက်ရှိအချိန်မှာ ရုရှားကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ဖို့ စဉ်းစားနေတာကို ကျွန်တော်တို့အလွန်အ မင်းစိုးရိမ်ပူပန်မိပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

 

ရုရှားနိုင်ငံကို တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ခဲ့ရင် တရုတ်-အမေရိကန် ဆက်ဆံရေး ဆိုးဆိုး ရွားရွားထိခိုက်လာမှာဖြစ်ကြောင်း ဘလင်ကန်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သမ္မတဂျိုး ဘိုင်ဒန်ဟာ သမ္မတရှီကျင့်ဖိန်နဲ့ သုံးလေးကြိမ်တွေ့ဆုံဆွေးနွေးစဉ် ၎င်းအမြင်တွေကို မျှဝေခဲ့ကြောင်းကိုလည်း ဘလင်ကန်က ပြန်လည်ပြောဆိုပါတယ်။

 

ယူကရိန်းမှာဆင်နွှဲနေတဲ့ ရုရှားရဲ့အထူးစစ်ဆင်ရေးကို တရုတ်နိုင်ငံအနေနဲ့ မထောက်ပံ့ဖို့ အမေရိကန်ပြည် ထောင်စုက တရုတ်နိုင်ငံကိုတိုက်တွန်းလိုက်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာ မြောက်ဆက်သွယ်ရေး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက ပြီးခဲ့တဲ့ဇန်နဝါရီလက ပြောပါတယ်။

 

တရုတ်ကုမ္ပဏီတွေအပါအဝင် ရုရှားအစိုးရကို ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ကုမ္ပဏီ တွေကို အရေးယူဆောင်ရွက်ဖို့ အမေရိကန်အစိုးရမှာ အစီအစဉ်ရှိကြောင်း ဂျွန်ကာဘီက ပြောပါတယ်။

 

Ref: US fears China may provide Russia with lethal weapons – Blinken

 

#PeopleMedia

 

(unicode)


………………………………………..

 


 


 


 


 


 


 


 

Ref: US fears China may provide Russia with lethal weapons – Blinken

 

#PeopleMedia


Share this post