တရုတ်လေယာဉ်တင်သင်္ဘောအခြေစိုက် ဂျက်တိုက်လေယာဉ်အတွက် အမျိုးသမီးလေသူရဲလောင်းတွေကိုပါ ရွေးချယ်သွားမည်
PUBLISHED - February 21, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရေတပ်ဟာ တရုတ်လေယာဉ်တင်သင်္ဘောအခြေစိုက် ဂျက် တိုက်လေယာဉ်တွေမှာ လေသူရဲတွေအဖြစ်တာဝန်ထမ်းဆောင်ဖို့အတွက် မကြာသေးခင်ကချမှတ်လိုက်တဲ့ ၂၀၂၃ ခုနှစ် ဗိုလ်လောင်းရွေးချယ်ရေးစီမံချက်အရ ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးလေသူရဲလောင်း တွေကိုပါ ရွေးချယ်စုဆောင်းသွားမယ်လို့ သိရပါတယ်။
စာမေးပွဲမှာ အမျိုးသမီးလေသူရဲလောင်းတွေဟာ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေနဲ့ လိုအပ် တဲ့လေကြောင်းပျံသန်းမှုစွမ်းရည်တွေကို စစ်ဆေးခံရမှာဖြစ်ပြီး အဲဒီရွေးချယ်စစ်ဆေးမှုအဆင့်တွေမှာ အောင်မြင် တဲ့အမျိုးသမီးတွေဟာ တရုတ်နိုင်ငံရဲ့ လေယာဉ်တင်သင်္ဘောအခြေစိုက် ဂျက်တိုက်လေယာဉ်မှူးတွေအဖြစ်တာ ဝန်ထမ်းဆောင်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
အရင်တုန်းက အမျိုးသမီးဗိုလ်လောင်းတွေကို အထက်တန်းအောင်ပြီးသူတွေနဲ့ စစ်ဘက်ဆိုင်ရာအထက်တန်း ကျောင်းပြီးထားတဲ့သူတွေကိုသာ လက်ခံခဲ့ပေမဲ့ အခုအစီအစဉ်သစ်အရ ပထမဦးဆုံးအကြိမ်အဖြစ် သာမန် တက္ကသိုလ်တွေကနေ သိပ္ပံနဲ့ အင်ဂျင်နီယာဘာသာရပ်တွေနဲ့ ဘွဲ့ရထားသူတွေ၊ တရုတ်ရေတပ်မှာတာဝန်ထမ်း ဆောင်နေတဲ့ ကောလိပ်ကျောင်းသူတွေနဲ့ ဘွဲ့ရတွေအားလုံးလည်း လျှောက်ထားခွင့်ရှိတယ်လို့ ဆိုပါတယ်။ ပညာရေးအတွက် အထက်ပါအတိုင်း ကန့်သတ်ခွင့်ပြုထားတဲ့အပြင် အရည်အချင်းပြည့်မီတဲ့အမျိုးသမီးတွေ ဟာ ကျန်းမာသန်စွမ်းပြီး အိမ်ထောင်မရှိသူ (အပျို) ဖြစ်ရမယ်လို့ ဆိုပါတယ်။
လျှောက်ထားမယ့်အမျိုးသမီးတွေဟာ ကွန်မြူတစ်ပါတီ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူတွေနဲ့ ဆိုရှယ်လစ်ဝါဒရဲ့အကြောင်းတရားအပေါ် သစ္စာရှိရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လျှောက်ထားသူရဲ့ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေဟာ ပြစ်မှုဆိုင်ရာမှတ်တမ်းတွေကနေကင်းရှင်းပြီး ပြစ်ဒဏ်ချမှတ်ခံရဖူးသူတွေ မဖြစ်စေရဘူးလို့လည်း ဆိုပါတယ်။
လျှောက်ထားသူတွေဟာ အသက် ၂၄ နှစ်အောက်ဖြစ်ရမှာဖြစ်ပြီး အရပ်အမြင့် ၁၆၅ စင်တီမီတာကနေ ၁၈၅ စင်တီမီတာကြားရှိရမှာဖြစ်ပါတယ်။
လေယာဉ်တင်သင်္ဘောအခြေစိုက် လေသူရဲတွေဟာ လေယာဉ်တင်သင်္ဘောတွေ တိုက်ခိုက်ရေစွမ်းရည်တွေရဲ့ အဓိကလိုအပ်ချက်ဖြစ်ပြီး PLA ရေတပ်ရဲ့ အရှိန်မြှင့်တင်ထားတဲ့ပြုပြင်ပြောင်းလဲရေးကြောင့် လေယာဉ်တင် သင်္ဘောအခြေစိုက် လေသူရဲလိုအပ်ချက်တွေ တိုးမြှင့်လာတာဖြစ်ကြောင်း တရုတ်ရေတပ်အရာရှိတစ်ဦးက ပြော ပါတယ်။
အရည်အချင်းပြည့်မီတဲ့အမျိုးသမီးတွေအနေနဲ့ ပဏာမဗိုလ်လောင်းစိစစ်ရွေးချယ်ရေးအစီအစဉ်ကို အွန်လိုင်းက တစ်ဆင့်လျှောက်ထားနိုင်ကြောင်း တရုတ်ရေတပ်က ထုတ်လွှင့်ထားတဲ့ ဗိုလ်လောင်းရွေးချယ်ရေးသတင်းအ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အခုအစီအစဉ်အရ အမျိုးသမီးတွေချည်းသီးသန့်ခေါ်တာမဟုတ်ဘဲ အမျိုးသားရော အမျိုးသမီးပါ လျှောက်ထား ခွင့်ပြုတာဖြစ်ပါတယ်။
Ref: Chinese navy to recruit female cadet carrier-based aircraft pilots
#PeopleMedia
(unicode)
………………………………………………
Ref: Chinese navy to recruit female cadet carrier-based aircraft pilots
#PeopleMedia