တရုတ်နိုင်ငံကို လှုပ်ကိုင်နိုင်သော အင်အားဟူ၍ မရှိဟု တရုတ်သမ္မတရှီကျင့်ပင်ဆို
PUBLISHED - October 1, 2019
တရုတ်နိုင်ငံကို ဘယ်လိုတွန်းအားမျိုးကမှ လှုပ်ကိုင်နိုင်စွမ်းမရှိဘူးလို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်အမျိုးသားနေ့မှာ သမ္မတရှီကျင့်ပင်ကပြောကြားခဲ့ပါတယ်။
အမျိုးသားနေ့ မိန့်ခွန်းပြောကြားရာမှာ တရုတ်သမ္မတရှီကျင့်ပင်က “ ဒီနိုင်ငံကြီးရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ကိုင်နိုင်တဲ့ အင်အားဆိုတာ မရှိပါဘူး။ ဘယ်လို အင်အားကမှ တရုတ်ပြည်သူတွေနဲ့ ရှေ့ဆက်နေတဲ့ တရုတ်နိုင်ငံကို မဟန့်တားနိုင်ပါဘူး” လို့ ရှီက တီယန်မင်ရင်ပြင်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ နိုင်ငံတွင်း အာဖရိက၀က်တုပ်ကွေး ကူးစက် ပျံ့နှံနေမှုကြောင့် ၀က်သားဈေးများမြင့်တက်နေမှု၊ဟောင်ကောင်အရေး စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တရုတ်သမ္မတရှီကျင့်ပင်က ပြည်သူတစ်ရပ်လုံးကို ခွန်အားဖြစ်စေမယ့် မိန့်ခွန်းကို ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် နဲ့ အောက်တိုဘာ ၁ ရက်နေ့မှာကျရောက်တဲ့ အမျိုးသားနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ် ။
Ref; CNA