• Follow Us on
Latest News

Home တရုတ်ကကျူးကျော်လာရင် ပြန်လည်ခုခံတိုက်ခိုက်မယ်လို့ ထိုင်ဝမ်နိုင်ငံသားအများစု ဖြေဆို

တရုတ်ကကျူးကျော်လာရင် ပြန်လည်ခုခံတိုက်ခိုက်မယ်လို့ ထိုင်ဝမ်နိုင်ငံသားအများစု ဖြေဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁

 

ထိုင်ဝမ်နိုင်ငံသားအများစုဟာ တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာရင် ပြန်လည်ခုခံတိုက်ခိုက်သွားဖို့ ဆန္ဒ ရှိပေမဲ့ လာမယ့်ငါးနှစ်အတွင်း တရုတ်နို်င်ငံက ကျူးကျော်တိုက်ခိုက်ဦးမှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြောင်း ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၉ ရက်နေ့) က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

 

ထိုင်ဝမ်ကျွန်းဟာ ၎င်းတို့ရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုထားပြီး မကြာသေးခင်ကာ လက ထိုင်ဝမ်ကျွန်းနိုင်ငံလေးအပေါ် နိုင်ငံရေးနဲ့ စစ်ရေးအရ အရှိန်မြှင့်ဖိအားပေးခဲ့ပါတယ်။

 

အဆိုပါ ဆန်းစစ်လေ့လာမှုကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး သုသတေသနဌာနက ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့ တာဖြစ်ပြီး သမ္မတလိုင်ချင်တီး မိန့်ခွန်းပြောကြားခဲ့တဲ့ ကြာသပတေးနေ့က ထိိုင်ဝမ်အမျိုးသားနေ့မတိုင်ခင် ထုတ် ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက် နေ့စဉ်လိုလို စစ်တပ်တွေစေလွှတ်ထားသလို ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ထိုင်ဝမ်ကျွန်းပတ်လည် စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ အများအပြားစေလွှတ်ပြီး စစ်ရေးလေ့ကျင့်မှုကြီး ၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

 

၂၀၂၇ ခုနှစ်မတိုင်ခင် ထိုင်ဝမ်ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် တရုတ်တပ်မတော်ကို အသင့် ပြင်ထားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကအမိန့်ပေးထားကြောင်း ပြီးခဲ့တဲ့နှစ်က CIA ညွှန်ကြားရေးမှူး ဝီလျမ်ဘန်းစ် က ပြောပါတယ်။

 

ထိုင်ဝမ်နိုင်ငံသား ၁၂၁၄ ဦးကို ဆန်းစစ်လေ့လာမှုပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံက ထိုင်ဝမ်ကို တိုက်ခိုက်လာခဲ့ရင် ၆၇.၈% က ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်မယ်လို့ ဖြေဆိုခဲ့ပြီး ၂၃.၆% က ပြန်လည်တိုက်ခိုက်မှာ မဟုတ်ဘူး လို့ ဖြေဆိုခဲ့ပါတယ်။

 

ဖြေဆိုသူ ၆၄% နီးပါးက တရုတ်နိုင်ငံက အန္တရာယ်ရှိတဲ့ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပြီး ထိုင်ဝမ်ကို ကျူကျော်တိုက် ခိုက်လာနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပေမဲ့ ၆၁% ကတော့ လာမယ့်ငါးနှစ်အတွင်း တရုတ်နိုင်ငံက ကျူကျော် တိုက်ခိုက်လာနိုင်ဖွယ်မရှိဘူးလို့ ဖြေဆိုပါတယ်။

 

၂၀၂၇ ခုနှစ်ဝန်းကျင်မှာ ထိုင်ဝမ်ကို တရုတ်နိုင်ငံက ဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ မှန်းဆချက်ဟာ ရှီကျင့် ဖျင်စတုတ္ထအကြိမ်မြောက် ရွေးကောက်ခံရတဲ့အပေါ်မှာ မူတည်နေတယ်လို့ တိုင်ပေမြို့အခြေစိုက် ပညာရှင်အဖွဲ့ တစ်ဖွဲ့က အမှုဆောင်အကြီးအကဲတစ်ဦးဖြစ်သူ လီဝန်ချန်းက ပြောပါတယ်။

 

“၂၀၂၇ ခုနှစ်မှာ စတုတ္ထအကြိမ်မြောက် ရွေးကောက်ခံရမယ်ဆိုရင် သူဟာ ပိုပြီး သဘာထားတင်းမာပြင်းထန်တဲ့ ဆောင်ရွက်မှုတွေကို ပြုလုပ်လာနိုင်ပါတယ်။” လို့ လီက ပြောပါတယ်။

 

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်လာခဲ့ရင် ထိုင်ဝမ်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး စစ်လက်နက်ပစ္စည်းအ များဆုံးထောက်ပံ့နေတဲ့ အမေရိကန်ပြည်ထောင်စုက တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားလိမ့်မယ်လို့ ယုံကြည်ထား ကြောင်း ဖြေဆိုသူ ၅၂% က ပြောပါတယ်။

 

ဒါပေမဲ့ တရုတ်က ပိတ်ဆို့ထားမယ့် ထိုင်ဝမ်လမ်းကြောင်းကို အမေရိကန်ရေတပ်က ချိုးဖျက်ဝင်ရောက်လာမယ် လို့ ဖြေဆိုသူ ၄၀% ဝန်းကျင်ကပဲ ပြောပါတယ်။

 

ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်တဲ့ ဒုတိယသမ္မတကမ္မလာဟားရစ်ကတော့ မကြာသေးခင်က အင်တာဗျူး တစ်ခုမှာ “အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ ပဋိပက္ခဖြစ်အောင် ကြိုးပမ်းမှာမဟုတ်ကြောင်း” ပြောပေမဲ့ “တရုတ် က ထိုင်ဝမ်ကို တိုက်ခိုက်လာခဲ့ရင် အမေ ရိကန်က ထိုင်ဝမ်ကိုထောက်ပံ့ဖို့ စစ်အင်အားအသုံးပြုမှာလား” ဆိုတဲ့ မေးခွန်းကိုတော့ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

 

Ref: Most Taiwanese Willing to Defend Island against China: Poll

 

#PeopleMedia


Share this post