• Follow Us on

Home တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ ဘေးကင်းလုံခြုံရေးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လာမယ့်လ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတကို ထိုင်းဝန်ကြီးချုပ် ပြောကြားမည်

တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ ဘေးကင်းလုံခြုံရေးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လာမယ့်လ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတကို ထိုင်းဝန်ကြီးချုပ် ပြောကြားမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂

 

တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ ဘေးကင်းလုံခြုံစေရေး စိတ်အေးရဖို့အတွက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ လာမယ့်လ သွားရောက်မယ့် တရုတ်နိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်က တရုတ်သမ္မတ ရှီ ကျင့်ဖျင်ကို ပြောကြားသွားမှာဖြစ်ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး ဆိုရာဝေါင်း သီ ယန်သောင်က ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ အခုနှစ်အတွင်း တရုတ်ကမ္ဘာလှည့်ခရီးသွား ၉ သန်းအထိ ဝင်ရောက်လာအောင် ဆွဲဆောင်နိုင်ဖို့ ရည်မှန်း ချက်ချမှတ်ထားပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်က ဝင်ရောက်ခဲ့တဲ့ တရုတ်ခရီးသွား ၆.၆ သန်းနဲ့ နှိုင်းယှဉ်ရင် ၃၅% မြှင့်တင် ရည်မှန်းထားတာဖြစ်ပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားတွေကြား ယုံကြည်မှုမြင့်တက်လာအောင် ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း မစ္စတာဆိုရာဝေါင်းက အင်္ဂါနေ့က ပြောပါတယ်။

 

သတင်းတွေရေးသားဖော်ပြဖို့ လိုအပ်နေတဲ့ လူမှုကွန်ရက်ပလက်ဖောင်းအမျိုးမျိုးရှိနေတဲ့အတွက် ကမ္ဘာလှည့်ခရီးသွား တွေ ဘေးကင်းလုံခြုံတဲ့သတင်းတွေနဲ့ ထိုင်းနိုင်ငံက အပြုသဘောဆောင်တဲ့သတင်းတွေဟာ တရုတ်ကမ္ဘာလှည့်ခရီး သွားအားလုံးဆီကို မရောက်ခဲ့ဘူးလို့ ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံသားတွေနဲ့ ဆက်သွယ်ရာမှာ အထောက်အကူရဖို့အတွက် မစ္စတာဆိုရာဝေါင်းကိုယ်တိုင် တရုတ်သံအမတ် ကြီးနဲ့ ဆွေးနွေးခဲ့ရာ တရုတ်သံအမတ်ကြီးက ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ပြည်သူအများစိတ်ဝင်စားနေတဲ့ အခုလ အစောပိုင်းက ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ တရုတ်ရုပ်ရှင်သရုပ် ဆောင်ဝန်ရှင်းနဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

အသက် ၃၁ နှစ်အရွယ် တရုတ်သရုပ်ဆောင်ဟာ ဘေးမသီရန်မခဘဲ ထိုင်းနိုင်ငံကို ပြန်ရောက်လာတယ်ဆိုပေမဲ့ ၎င်းဟာ လူကုန်ကူးခံခဲ့ရတာဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက ထင်မြင်ယူဆနေကြပါတယ်။

 

ထိုင်းဝန်ကြီးချုပ်အနေနဲ့ လာမယ့်လမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် အလည်အပတ်သွားရောက်မှာဖြစ်တဲ့အ တွက် အဲဒီခရီးစဉ်မှာ ကမ္ဘာလှည့်ခရီးသွားတွေ ဘေးကင်းလုံခြုံရေးအတွက် တရုတ်သမ္မတနဲ့ ဆွေးနွေးသွားမှာဖြစ် ကြောင်း မစ္စတာဆိုရာဝေါင်းက ပြောပါတယ်။

 

“တရုတ်ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုဟာ ကျဆင်းမသွားဘဲ ပိုပြီးတိုးလာတာကို ကျွန်တော် ပြောပြချင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုနှစ်အတွင်း ဇန်နဝါရီ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင်း တရုတ်ခရီးသွား တစ်ရက်ကို ၂၂,၀၀၀ ဝန်းကျင်ဝင်ရောက် လျက်ရှိကြောင်း ၎င်းက ပြောပါတယ်။

 

“အကျိုးသက်ရောက်မှုအနေနဲ့ ကြည့်ရင်တော့ ကြိုတင်မှာယူထားတဲ့ ဟိုတယ်ခန်းတွေ ပြန်လည်ဖျက်သိမ်းတာဟာ ဘေး ကင်းလုံခြုံမှုကို စိုးရိမ်တဲ့ ပထမဦးဆုံးအကြိမ် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ အုပ်စုလိုက် တရုတ်ခရီးသွားအဖွဲ့တွေထဲက အများစုဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်ခရီးသွားနေတဲ့ တရုတ်ခရီးသွားတွေကြားမှာတော့ ထူးခြားတဲ့ပြောင်းလဲမှုမရှိပါ ဘူး။” လို့ ၎င်းက ပြောပါတယ်။

 

နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကို ကာကွယ်ဟန့်တားနိုင်ဖို့အတွက် နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်ထား ဖို့ ထိုင်းအစိုးရကို ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိင်းက အင်္ဂါနေ့က တင်ပြခဲ့ပါ တယ်။

 

အွန်လိုင်းငွေလိမ်ဂိုဏ်းကို နှိမ်နှင်းဖို့နဲ့ တရုတ်ဓားစာခံတွေ ပြန်လည်လွတ်မြောက်စေဖို့အတွက် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ဖို့ကိုလည်း တရုတ်နိုင်ငံက အာဆီယံအဖွဲ့ကို ပြောကြားထားပါတယ်။

 

Ref: PM to reassure Chinese president about tourist safety

 

#PeopleMedia


Share this post