တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလီရှန်ဖူး ရာထူးကနေ ဖြုတ်ချခံရ

PUBLISHED - October 25, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅
တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလီရှန်ဖူးဟာ လူထုမြင်ကွင်းကနေ ပျောက်နေပြီး နှစ်လအကြာမှာ ကာ ကွယ်ရေးဝန် ကြီးရာထူးကနေ တရားဝင် ဖြုတ်ချခံလိုက်ရပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားထားပါ တယ်။
လီရှန်ဖူးကို ရာထူးကဘာ့ကြောင့်ထုတ်ပယ်လိုက်တယ်ဆိုတာနဲ့ ၎င်းနေရာမှာ ဘယ်သူ့ကို အစားထိုးခန့်အပ်မယ် ဆိုတာကို တရုတ်အစိုးရက အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။
ဇူလိုင်လအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို ရာထူးကဖြုတ်ချမှုအပါအဝင် စစ်ဘက်ဆိုင်ရာထိပ် တန်းခေါင်းဆောင်လေးငါးဦးကို ရာထူးကဖြုတ်ချလိုက်ပြီးနောက် အခုလို ကာကွယ်ရေးဝန်ကြီးလီရှန်ဖူးကို ဖြုတ် ချလိုက်တာဖြစ်ပါတယ်။
မစ္စတာချင်ကန်းနဲ့ မစ္စတာလီရှန်ဖူးတို့ကို နိုင်ငံတော်ကောင်စီမှာ တာဝန်ထမ်းဆောင်နေတဲ့ ၎င်းတို့ရာထူးတွေက လည်း ဖြုတ်ချလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) က ပြောပါ တယ်။
တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီကလည်း ၎င်းတို့နှစ်ဦး ရာထူးကထုတ်ပယ်မှုကို အတည်ပြုပြောကြားခဲ့ကြောင်း CCTV သတင်းဌာနက ပြောပါတယ်။
အခုသီတင်းပတ်အတွင်း ဘေဂျင်းမြို့မှာ နိုင်ငံခြားကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ တရုတ်နိုင်ငံက ပြင်ဆင်နေချိန်မှာ အစားထိုးကာကွယ်ရေးဝန်ကြီးမရှိသေးဘဲ လီရှန်ဖူးကို ဖြုတ်ချလိုက်တာဖြစ်ပါတယ်။
စစ်လက်နက်ပစ္စည်းဝယ်ယူမှုနဲ့ ထုတ်လုပ်မှုတွေမှာ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့သံသယနဲ့ လီရှန်ဖူးကို စုံစမ်း စစ်ဆေးနေကြောင်း ပြီးခဲ့တဲ့လက ရိုက်တာသတင်းဌာနက ရေးသားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးလီရှန်ဖူးကို သြဂုတ်လ ၂၉ ရက်နေ့က အာဖရိကနိုင်ငံတွေနဲ့အတူ ပူးတွဲကျင်းပခဲ့တဲ့ ဘေဂျင်းလုံခြုံ ရေးဖိုရမ်တစ်ခုမှာ နောက်ဆုံးတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။
ဂြိုဟ်တုနဲ့ ရော့ကက်စင်တာမှာ ပထမဦးဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ လေကြောင်းအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးလီရှန်ဖူးဟာ စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ ထိုး ဖောက်ပြီး နေရာရလာခဲ့သူတစ်ဦးဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က တရုတ်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးလီရှန်ဖူး ကို ရုရှားနိုင်ငံက ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့တဲ့အတွက် အမေရိကန်အစိုးရ က အရေးယူပိတ်ဆို့ခဲ့ပါတယ်။
အခုနှစ်အစောပိုင်းကာလက စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ကာကွယ်ရေးအစည်းအဝေးတစ်ခုမှာ အမေရိကန်ကာ ကွယ်ရေးဝန်ကြီးအယ်လွိုက်သြစတင်နဲ့ တွေ့ဆုံဖို့ အမေရိကန်ဘက်က တောင်းဆိုခဲ့တာကို ငြင်းပယ်ခဲ့တဲ့ အ တွက် လီရှန်ဖူးကို အရေးယူပိတ်ဆို့ခဲ့တာဖြစ်နိုင်ကြောင်း လေ့လာသူတွေက ခန့်မှန်းကြပါတယ်။
Ref: Li Shangfu: Chinese defence minister sacked
#PeopleMedia