• Follow Us on
Latest News

Home တရုတ်ကားကုမ္ပဏီတွေအတွက် မဟာဗျူဟာမြောက်ဈေးကွက်အဖြစ် ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာ

တရုတ်ကားကုမ္ပဏီတွေအတွက် မဟာဗျူဟာမြောက်ဈေးကွက်အဖြစ် ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄

 

တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး Avatr ကုမ္ပဏီဟာ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ ကားဈေးကွက်ထဲကို ဝင် ရောက်လာခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ်မှာ Deepal L07 လျှပ်စစ်ကားနဲ့ S07 လျှပ်စစ်ကား၊ အခုနှစ်အစောပိုင်းမှာ Lumin L လျှပ်စစ်ကား တို့ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲမှာ မိခင်ကုမ္ပဏီ Changan ကုမ္ပဏီကြီးက ထုတ်လုပ်တဲ့ စတုတ္ထ မြောက်ကားအဖြစ် ဘန်ကောက်မြို့မှာ SUV ကားဖြစ်တဲ့ Avatr 11 ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံနဲ့အတူ အရှေ့တောင်အာရှဟာ တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် အထူးသဖြင့် စွမ်းအင် သစ်သုံးတဲ့ကားတွေထုတ်လုပ်ဖို့အတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။

 

“ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းအတွက် ထိုင်းနိုင်ငံကို မဟာဗျူဟာမြောက်ဈေးကွက်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။” လို့ Avatr ကုမ္ပဏီဥက္ကဋ္ဌ ချန်းရှူက ပြောပါတယ်။

 

တရုတ်ထုတ်ကားတွေဟာ ထိုင်းနိုင်ငံရဲ့ ဖူးသစ်စလျှပ်စစ်ကားဈေးကွက်ထဲမှာ ဦးဆောင်နေရာကို ရရှိထားပြီးဖြစ် ပေမဲ့ နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေ အသုံးပြုထားတဲ့အတွက် လျှပ်စစ်ကားမဟုတ်တဲ့ သမရိုးကျကား တွေ (NEV) ကလည်း ရောင်းအားကောင်းနေပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ လျှပ်စစ်ကား ၇၆,၀၀၀ စီး ရောင်းချခဲ့ရာမှာ အဲဒီအထဲက ၈၀ ရာခိုင်နှုန်းဟာ တရုတ်ထုတ်လျှပ်စစ်ကားများဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

 

ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံကို လျှပ်စစ်ကားထုတ်လုပ်တဲ့ ဗဟိုချက်မနိုင်ငံတစ်ခုဖြစ်လာအောင် ကြိုးပမ်းဆောင် ရွက်နေပါတယ်။

 

ဒေသတွင်း ကားထုတ်လုပ်ရေးနဲ့ ပြည်ပနိုင်ငံတင်ပို့ရေး အဓိကနိုင်ငံအဖြစ် ထိုင်းနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မတိုင် ခင်မှာ နိုင်ငံတွင်း ကားထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားတွေဖြစ်လာအောင် ရည်မှန်းဆောင်ရွက်နေ တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက်တွေက တရုတ်ကုမ္ပဏီတွေကို ဆွဲဆောင်နေပြီး ထုတ်လုပ်ပြီးသား ကားတွေကို ထိုင်း နိုင်ငံထဲ ရွှေ့ပြောင်းရောင်းချဖို့သာမက ထိုင်းနိုင်ငံထဲမှာပဲ လာရောက်ထုတ်လုပ်ဖို့ကိုပါ တရုတ်ကုမ္ပဏီတွေက စိတ်ဝင်စားနေကြပါတယ်။

 

ထိုင်းနိုင်ငံတွင်းမှာ ထိုင်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေကို အသုံးပြုဖို့ ထိုင်းအစိုးရ က တောင်းဆိုခဲ့ရာမှာ တရုတ်ကုမ္ပဏီအများအပြားက သဘောတူညီခဲ့ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အ ဖွဲ့က ပြောပါတယ်။

 

ဥပမာ Great Wall Motor ဟာ ၎င်းတို့ထုတ်လုပ်မယ့် လျှပ်စစ်ကားတွေမှာ ထိုင်းကုမ္ပဏီတွေကထုတ်လုပ်တဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ၈၀% ကနေ ၉၀% အထိ အသုံးပြုသွားမှာဖြစ်ပါတယ်။

 

ထိုင်းစီးပွားရေးလှုံ့ဆော်အားပေးဖို့နဲ့ ထိုင်းစက်မှုထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပေးရာမှာ တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နံှမှုဟာ အရေးပါကြောင်း ဒုတိယဝန်ကြီးချုပ်နဲ့ စွမ်းအင်ဝန် ကြီး ဖီယာဖန်ဆလီရာသာဗစ်ဟာဂါက ပြောပါတယ်။

 

Changan ကုမ္ပဏီဟာ ထိုင်းနိုင်ငံထဲမှာ ၎င်းတို့ရဲ့ ပထမဦးဆုံး လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံတည်ဆောက် ဖို့အတွက် ဒေါ်လာ ၂၆၈ သန်း ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။

 

၂၀၂၅ ခုနှစ်မှာ စတင်ဆောက်လုပ်မယ့် အဲဒီကားစက်ရုံကနေ တစ်နှစ်ကို လျှပ်စစ်ကားအစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

 

BYD ကုမ္ပဏီကတော့ အခုနှစ် ဇူလိုင်လ အစောပိုင်းမှာ စတင်လည်ပတ်နေပြီဖြစ်ပြီး တစ်နှစ်ကို လျှပ်စစ်ကား အ စီးရေ ၁၅၀,၀၀၀ ထုတ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။

 

BYD ကုမ္ပဏီအပြင် Neta ကုမ္ပဏီနဲ့ Aion ကုမ္ပဏီတို့ကလည်း ထိုင်းနိုင်ငံထဲမှာ လျှပ်စစ်ကားထုတ်လုပ်ရေးစက် ရုံတွေ တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။

 

Neta ကုမ္ပဏီနဲ့ Aion ကုမ္ပဏီတို့ဟာ ထိုင်းနိုင်ငံမှာရော အင်ဒိုနီးရှားနိုင်ငံမှာပါ ကားထုတ်လုပ်ရေးစက်ရုံတွေ တည်ဆောက်ထားကြပါတယ်။

 

Ref: Thailand emerging as strategic market for Chinese automakers

 

#PeopleMedia


Share this post