တရုတ်ကို ဒူးရင်းသီးတင်ပို့မယ့် အင်ဒိုနီးရှားအစီအစဉ် ထိုင်းကို ခြိမ်းခြောက်နေ

PUBLISHED - March 22, 2025
နိုင်ငံတကာ၊ မတ် ၂၂
အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံကို ဒူးရင်းသီးတွေ တင်ပို့ဖို့ ပြင်ဆင်နေတဲ့အတွက် တရုတ်ဒူးရင်းသီးဈေးကွက်ကို လွှမ်း မိုးထားတဲ့ ထိုင်းနိုင်ငံကို ခြိမ်းခြောက်နေကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နဲ့အတူတဲ့ လမ်းကြောင်းသစ်ကနေ ပိုမိုဈေးသက်သာတဲ့နှုန်းထားနဲ့ ဒူး ရင်းသီးတွေကို တရုတ်နိုင်ငံကို တင်ပို့ဖို့ ဒူးရင်းတိုးချဲ့စိုက်ပျိုးပြီး လိုအပ်တဲ့ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ ဒူးရင်းသီးအများအပြားစိုက်ပျိုးနေပြီး တရုတ်နိုင်ငံကလည်း အနံ့ပြင်းပြီး အရသာရှိတဲ့ ဒူးရင်းသီးကို ကြိုက်နှစ်သက်တဲ့အတွက် အခုဆောင်ရွက်မှုဟာ ဝင်ငွေကောင်းတဲ့ ဈေးကွက်သစ်တစ်ခု ပေါ်ထွက်လာနိုင်ပါတယ်။
ဒါပေမဲ့ ပြည်တွင်းစားသုံးမှုကလည်း ထွက်သမျှ အကုန်ဝယ်ယူစားသုံးနေတဲ့အတွက် အင်ဒိုနီးရှားဒူးရင်းသီးစိုက်ပျိုးထုတ် လုပ်သူတွေဟာ တရုတ်စားသုံးသူတွေကို ချက်ချင်း ဝန်ဆောင်မှု ပေးနိုင်မယ့်ပုံ မပေါ်သေးဘူးလို့ ဆန်းစစ်လေ့လာသူ တွေက ပြောပါတယ်။
တရုတ်အကောက်ခွန်ဦးစီးဌာနက အရာရှိတွေဟာ ပြီးခဲ့တဲ့အပတ်က အင်ဒီုးရှားနိုင်ငံက ဒေသတွင်း ဒူးရင်းသီးစိုက်ခင်း တွေနဲ့ ထုပ်ပိုးစက်ရုံတွေဆီ သွားရောက်လေ့လာခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေမှာရေးသားထားပါတယ်။
ဒူးရင်းသီးပို့ကုန်တွေ တင်ပို့ရာမှာ ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်နိုင်မလားဆိုတာ ဆုံးဖြတ်ဖို့အတွက် တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနအရာရှိတွေက သွားရောက်လေ့လာခဲ့တာလို့ ဆိုပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ အလယ်ပိုင်းပြည်နယ်ဖြစ်တဲ့ ဆူလာဝီဆီပြည်နယ်က ဒူးရင်းသီးပြည်ပို့ကုန်တင်ပို့မှုကို အရှိန်မြှင့် ဆောင်ရွက်ဖို့ စီစဉ်နေကြောင်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ပြောပါတယ်။
ဒူးရင်းသီးပို့ဖို့ ဂျကာတာက အရာရှိတွေက အရှိန်မြှင့်ကြိုးပမ်းနေကြောင်း ပြိးခဲ့တဲ့လကလည်း ဆင်ဟွာသတင်းဌာနက ပြောပါတယ်။
အင်ဒိုနီးရှား လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ကျွန်းဆွယ်တစ်ဝိုက်က ကျေးရွာပေါင်း ၄၂၂ ရွာမှာ ဒူးရင်သီး အဓိက စိုက်ပျိုးဖို့အတွက် စီမံချက်ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီဒူးရင်းသီးတွေကို တရုတ်နိုင်ငံကို တင်ပို့ဖို့ သူတို့တွေ မျှော်လင့်ထားကြပါတယ်။” လို့ အင်ဒိုနီးရှား အခြေစိုက် အာရှ စင်တာသုတေသနအင်စတီကျုအကြံပေးအဖွဲ့ဝင် နူကီလာအီဗန်တီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပထမအဆင့်အနေနဲ့ တရုတ်နိုင်ငံကို ရေခဲစိမ်ဒူးရင်းသီးတွေ တင်ပို့ခွင့်ရရှိဖို့ ရည်ရွယ်ထားပုံရတယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပုံမှန်အားဖြင့် ရေခဲစိမ်ဒူးရင်းသီးဟာ သဘာဝဒူးရင်းသီးထက် ဈေးနှုန်းချိုသာပြီး အစားအသောက်ဘေးကင်းလုံခြုံမှုအရ အန္တရာယ်လည်း နည်းပါးတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ အပင်ရောဂါအန္တရာယ်ကို ကာကွယ်ဖို့အတွက် တင်းကျပ်တဲ့အပင်ကျန်းမာရေးဆိုင်ရာစံနှုန်းအရ တစ်ခါ တရံ ထိုင်းနဲ့ ဗီယက်နမ်က ဒူးရင်းသီးပို့ကုန်တွေကို ပိတ်ပင်ခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံဟာ တရုတ်ဒူးရင်းသီးဈေးကွက်ကို ကာလရှည် လွှမ်းမိုးထားတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၆.၉၉ ဘီလျံတန်ကြေးရှိတဲ့ ဒူုးရင်းသီး ၅၇% ကို တရုတ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။
ဒုတိယအများဆုံးတင်ပို့နိုင်တာကတော့ ဗီယက်နမ်နိုင်ငံဖြစ်ပြီး ၃၈% တင်ပို့နိုင်ခဲ့ပါတယ်။
မလေးရှားကတော့ တတိယနဲ့ စတုတ္ထနေရာကနေလိုက်နေပြီး စုစုပေါင်း ဒေါ်လာ ၃၈.၂ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ တရုတ်အကောက်ခွန်ဦးစီးဌာနရဲ့ စာရင်းဇယားထုတ်ပြန်မှုတွေအရ သိရပါတယ်။
ကမ္ဘာ့အကြီးဆုံးဒူးရင်းသီးဈေးကွက်ဖြစ်တဲ့တရုတ်နိုင်ငံမှာ ၆ ကီလိုဂရမ် (၁၃ ပေါင်) ဝန်းကျင်ရှိ လတ်ဆတ်ဒူးရင်းသီး တစ်လုံးကို တရုတ်ယွမ် ၂၀၀ (၂၇.၆၆ ဒေါ်လာ) ကျသင့်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားဒူးရင်းသီးတွေ တရုတ်နိုင်ငံကို တင်သွင်းမယ့်သတင်းကို တရုတ်စားသုံးသူတွေက အလွန်စိတ်ဝင်စားနေကြ တယ်လို့ ဆိုပါတယ်။
Ref: Indonesia poised to export durians to China, threatening Thai dominance
#PeopleMedia