• Follow Us on

Home တရုတ်ကို လျှို့ဝှက်စစ်သတင်းရောင်းစားမှုနဲ့ ထိုင်ဝမ်တပ်ကြပ်ကြီးတစ်ဦး စွဲချက်တင်ခံထားရ

တရုတ်ကို လျှို့ဝှက်စစ်သတင်းရောင်းစားမှုနဲ့ ထိုင်ဝမ်တပ်ကြပ်ကြီးတစ်ဦး စွဲချက်တင်ခံထားရ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၀

 

စစ်ရေးဓာတ်ပုံတွေနဲ့ စစ်ရေးလျှို့ဝှက်သတင်းတွေနဲ့ တရုတ်နိုင်ငံကို ပေးပို့မှုနဲ့ ထိုင်ဝမ်စစ်တပ်က တပ်ကြပ်ကြီး တစ်ဦးကို စွဲချက်တင်ထားကြောင်း အစိုးရရှေ့နေတွေက အင်္ဂါနေ့ (ဇူလိုင်လ ၉ ရက်) က ပြောကြားလိုက်ပါ တယ်။

 

ထိုင်ဝမ်နိုင်ငံကို ၎င်းတို့နိုင်ငံရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြောဆိုထားတဲ့ တရုတ်နိုင်ငံဟာ မကြာသေးခင်နှစ် များအတွင်းက ထိုင်ဝမ်ကို စစ်ရေး/နိုင်ငံရေးအရ ဖိအားပေးမှုတွေ မြင့်တင်ခဲ့ပါတယ်။

 

အိမ်နာမည် ချန်းလို့ခေါ်တဲ့ အဆိုပါတပ်ကြပ်ကြီးဟာ ထိုင်ဝမ်ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ တာဝန် ထမ်းဆောင်နေတာဖြစ်ပြီး ၎င်းကို တရုတ်ပြည်မကြီးအတွက် ထောက်လှမ်းရေးသတင်းအချက်အလက်တွေစု ဆောင်းနေသူတွေက ၂၀၂၂ ခုနှစ်မှာ အွန်လိုင်းကတစ်ဆင့် ဆက်သွယ်ပြီး စုဆောင်းခဲ့တာဖြစ်ကြောင်း ထိုင်ဝမ် ရှေ့နေချုပ်ရုံးက ပြောပါတယ်။

 

“၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ သူဟာ ပင်တောင်း၊ ယီလန်နဲ့ တခြားဒေသတွေမှာ ရှိတဲ့ လျှို့ဝှက်စစ်ရေးသတင်းအချက်အလက်တွေကို သူ့ရဲ့မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။” လို့ တရား ရေးအရာရှိက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

 

“သူဟာ ဒေါ်လာ ၅၂၃၀ ရဖို့အတွက် လျှို့ဝှက်စစ်သတင်းတွေကို Line နဲ့ Telegram လူမှုကွန်ရက်တွေက တစ်ဆင့် လေးကြိမ်ပေးပို့ခဲ့ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တပ်ကြပ်ကြီးချန်ကို တပ်မတော်ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေချိုး ဖောက်မှုတို့နဲ့ စွဲချက်တင်ထားကြောင်း ရှေ့နေချုပ်ရုံးက ပြောပါတယ်။

 

စွဲချက်နဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကို မေးမြန်းရာမှာ “ထိုင်ဝမ်တပ်မတော်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက် ပြီး အမျိုးသားလုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း” ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဆန်းလီဖန်က ပြောပါတယ်။

 

“မကြာသေးခင်နှစ်တွေအတွင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ စိမ့်ဝင်ထိုးဖောက်မှုတွေဟာ ထိုင်ဝမ်တပ်မတော်အ တွက် တကယ့်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီခြိမ်းခြောက်မှုဟာ ဒုံးကျည်တွေ၊ လေယာဉ်တွေ၊ သင်္ဘော တွေနဲ့ ခြိမ်းခြောက်တာထက် မလျော့ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

မေလ ၂၀ ရက်နေ့မှာ ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တီးတက်လာပြီးနောက် တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းတစ် ဝိုက် နေ့စဉ်လိုလို စစ်သင်္ဘောတွေ၊ ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေ အဆက်မပြတ်စေလွှတ်ပြီး အင်အားပြ ခြိမ်းခြောက်လျက်ရှိပါတယ်။

 

Ref: Taiwan Soldier Charged With Leaking Military Secrets to China

 

#PeopleMedia


Share this post