တရုတ်ကုမ္ပဏီတချို့ ဥပဒေချိုးဖောက်တဲ့အတွက် ထိုင်းနိုင်ငံတစ်ဝန်းရှိ တရုတ်ကုမ္ပဏီတွေကို လွှတ်တော် ကော်မတီက စစ်ဆေးနေ
PUBLISHED - April 1, 2024
နိုင်ငံတကာ၊ ဧပြီ ၁
ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတချို့ဟာ ဥပဒေချိုးဖောက်ပြီး သဘာဝပတ်ဝန်းကျင်ထိ ခိုက်အောင် ဆောင်ရွက်ခဲ့တာကို တွေ့ရှိရတဲ့အတွက် နိုင်ငံတစ်ဝန်းမှာရှိတဲ့ တရုတ်ပိုင်ကုမ္ပဏီတွေရဲ့ တရားဥပ ဒေနဲ့ ညီညွတ်မှုကို စက်မှုလုပ်ငန်းဆိုင်ရာအောက်လွှတ်တော်ကော်မတီက စစ်ဆေးနေပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်အောင်လုပ်နေတဲ့ တရုတ်ပိုင်စက်ရုံတွေရဲ့ ဖြစ်လာနိုင်ဖွယ်ရာအကျိုးသက်ရောက်မှု တွေနဲ့ အဲဒီစက်ရုံတွေ လုပ်ငန်းလိုင်စင်မရှိဘဲ ဒါမှမဟုတ် ကြားခံထိုင်းလူမျိုးတွေကို အသုံးပြုပြီးတော့ စက်ရုံတွေ တည်ဆောက်ပြီး လည်ပတ်လုပ်ကိုင်နေကြောင်း တိုင်ကြားချက်တွေကို ကော်မတီက လက်ခံရရှိထားပြီးဖြစ် ကြောင်း မစ္စတာ အကာရာဒက်ဝေါင်းပီတက်ရုတ်က ပြောပါတယ်။
မစ္စတာ အကာရာဒက်ဝေါင်းပီတက်ရုတ်ဟာ United Thai Nation ပါတီက ရတ်ချာဘူရီပြည်နယ်အမတ်ဖြစ်သ လို စက်မှုလုပ်ငန်းဆိုင်ရာအောက်လွှတ်တော်ကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
ရလဒ်အနေနဲ့ ၎င်းတို့ကော်မတီက တစ်နိုင်ငံလုံးမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေကို စစ်ဆေးနေကြောင်း မစ္စတာ အကာရာဒက်ဝေါင်းပီတက်ရုတ်က ပြောပါတယ်။
စစ်ဆေးမှုတွေပြုလုပ်နေတဲ့အထဲမှာ သောကြာနေ့က ကရိန်းပြိုကျမှုဖြစ်ပွားခဲ့တဲ့ ရာယောင်းပြည်နယ်က စတီး စက်ရုံဆောက်လုပ်ရေးလုပ်ငန်းလည်းပါဝင်ပါတယ်။
စစ်ဆေးရာမှာ တရုတ်စက်ရုံတစ်ခုရဲ့လုပ်ငန်းဟာ ပြည်သူ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့လုပ် ငန်းဖြစ်သလို သတ္တုအညစ်အကြေးတွေကိုလည်း စွန့်ထုတ်နေတာကို စစ်ဆေးတွေ့ရှိရကြောင်း ၎င်းက ပြောပါ တယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ တရုတ်လုပ်ငန်းရှင်တစ်ဦးကို ချွန်ဘူရီမြို့မှာ မကြာသေးခင်ကပဲ ဖမ်း ဆီးခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ချာချင်ဆောင်နဲ့ ဆမွတ်ဆခုန်ပြည်နယ်တွေမှာရှိတဲ့ စက်ရုံ ၂ ခုအပါအဝင် စက်ရုံ ၆ ခုကို ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာအရာရှိတွေက သက်သေအချက်အလက်တွေ စုဆောင်းနေကြောင်း မစ္စတာ အကာရာဒက်က ပြောပါတယ်။
Ref: Examination of Chinese-owned factories nationwide
#PeopleMedia