• Follow Us on
Latest News

Home တရုတ်ကုမ္ပဏီရဲ့ Ora Good Cat လျှပ်စစ်ကားတွေကို ထိုင်းနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်မည်

တရုတ်ကုမ္ပဏီရဲ့ Ora Good Cat လျှပ်စစ်ကားတွေကို ထိုင်းနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅

 

တရုတ်နိုင်ငံရဲ့ နာမည်ကြီး Great Wall Motors (GWM) ကုမ္ပဏီဟာ ထိုင်းနိုင်ငံထဲမှာ ထုတ်လုပ်မယ့် ပထမဦး ဆုံးတရုတ်အမှတ်တံဆိပ်လျှပ်စစ်ကားဖြစ်တဲ့ Ora Good Cat အမည်ရှိ လျှပ်စစ်ကားတွေကို စတင်တပ်ဆင်နေ ပြီဖြစ်ပြီး ပထမဦးဆုံးအသုတ်ကို အခုလအတွင်းမှာပဲ ထုတ်လုပ်ဖြန့်ချိသွားမှာဖြစ်ကြောင်း The Nation မီဒီယာ မှာဖော်ပြထားပါတယ်။

 

ထိုင်းနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်မယ့် Ora Good Cat လျှပ်စစ်ကားတန်ဖိုးကို ကနဦးဈေးနှုန်းအဖြစ် ဘတ်ငွေ ၇၉၉,၀၀၀ သတ်မှတ်ထားပါတယ်။

 

ရင်းနှီးမြှုုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment – BOI) က နိုင်ငံပေါင်း ၁၆ နိုင်ငံက 23 EV projects ကို ခွင့် ပြုထားပြီးဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုတွေဟာ ဆက်လက်တိုးချဲ့ လာခဲ့ပါတယ်။

 

၂၀၃၀ ပြည့်နှစ်မတိုင်ခင် ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်မှုကို စုစုပေါင်းကားထုတ်လုပ်မှုရဲ့ ၃၀% အထိ ထုတ်လုပ်သွားမှာဖြစ်ပြီး တစ်နှစ်ကို လျှပ်စစ်ကားအစီးရေ ၇၂၅,၀၀၀ ထုတ်လုပ်သွားဖို့ ခန့်မှန်းထားပါတယ်။

 

လက်ရှိအချိန်မှာ ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံထဲမှာ ထိပ်ဆုံး ကုမ္ပဏီ ၁၀ ခုမှာပါဝင်တဲ့ လျှပ်စစ်ကားထုတ်လုပ် ရေးကုမ္ပဏီ ၆ ခုဟာ ထိုင်းဈေးကွက်ထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။

 

အဲဒီအထဲက GWM ကုမ္ပဏီဟာ လျှပ်စစ်ကားထုတ်လုပ်ရေး၊ ဆက်စပ်စက်ပစ္စည်းအစိတ်အပိုင်းတွေထုတ်လုပ် ရေးနဲ့ လျှပ်စစ်ကားအခြေခံအဆောက်အဦတည်ဆောက်ရေးတို့အတွက် ဘတ်ငွေ ၂၂.၆ ဘီလျံ ရင်းနှီးမြှုပ်နှံ သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။

 

စနေနေ့ (ဇန်နဝါရီလ ၁၂ ရက်နေ့) က ရယောင်းမြို့ အရှေ့ပိုင်းကမ်းခြေစက်မှုဇုံနယ်မြေ GWM စက်ရုံမှာကျင်းပ တဲ့ GWM ကုမ္ပဏီရဲ့ Ora Good Cat လျှပ်စစ်ကားသစ်ထုတ်လုပ်ရေး ဖွင့်ပွဲအခမ်းအနားကို စက်မှုဝန်ကြီး ပင်း ပတ္တရာဝီချိုင်းကူက သဘာပတိအဖြစ်ဦးဆောင်ခဲ့ပါတယ်။

 

Ora Good Cat လျှပ်စစ်ကားဟာ ထိုင်းနိုင်ငံမှာစတင်ဆောင်ရွက်မယ့် လျှပ်စစ်ကားထုတ်လုပ်ရေးမှာ ပထမဦး ဆုံး တရုတ်ကုမ္ပဏီထုတ် လျှပ်စစ်ကားဖြစ်လာမှာဖြစ်ကြောင်း ရင်းနှီးမြှုုပ်နှံမှုဘုတ်အဖွဲ့ (BOI) က ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ပြင်ပမှာ တရုတ်ကုမ္ပဏီထုတ် Ora Good Cat လျှပ်စစ်ကားကို နိုင်ငံတကာဈေး ကွက်အတွက် ပထမဦးဆုံးထုတ် လုပ်တဲ့နိုင်ငံဖြစ်လာမှာဖြစ်ပြီး အာဆီယံနိုင်ငံထဲမှာ လျှပ်စစ်ကားထုတ်လုပ်မှုရဲ့ ဗဟိုအချက်အချာကျတဲ့နိုင်ငံလည်း ဖြစ်လာမှာဖြစ်ပါတယ်။

 

ဒါ့အပြင် မတ်လကနေစပြီး SVOLT ဘက်ထရီစက်ရုံက ထုတ်လုပ်တဲ့ဘက်ထရီတွေကို GWM ကုမ္ပဏီက စတင် အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။ SVOLT ဘက်ထရီစက်ရုံဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး ထိုင်းနိုင်ငံမှာ ဘက်ထရီထုတ်လုပ်ရေးစက်ရုံကို တည်ထောင်ခဲ့တဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။

 

Ora Good Cat လျှပ်စစ်ကားကို အခုလို ထိုင်းနိုင်ငံပြည်တွင်းမှာ ထုတ်လုပ်တာဟာ ထိုင်းနိုင်ငံကားထုတ်လုပ် ရေးလုပ်ငန်းအတွက် အလွန်ထင်ရှားတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံဟာ လျှပ်စစ်ကားထုတ်လုပ်ရေး အတွက် ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် သက်သေပြလိုက်တာလည်းဖြစ်ပါတယ်။

 

ဒါ့အပြင် Ora Good Cat လျှပ်စစ်ကားတွေကို ထိုင်းနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်တဲ့အတွက် အလုပ်အကိုင်အခွင့် အလမ်းတွေကို ဖန်တီးနိုင်ခြင်းအားဖြင့် ထိုင်းစီးပွားရေးမြှင့်တင်ရာမှာ အထောက်အကူပြုနိုင်သလို ထိုင်းအစိုးရ အတွက်လည်း ဝင်ငွေတိုးလာမှာဖြစ်ကြောင်း ခန့်မှန်းထားကြပါတယ်။

 

Ref: Ora Good Cat EV becomes first Chinese brand to be assembled in Thailand

 

#PeopleMedia


Share this post