တရုတ်ကောင်စစ်ဝန်ရုံးကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့သူကို ဆန်ဖရန်စစ္စကိုရဲက အသေပစ်ဖမ်း

PUBLISHED - October 10, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၀
ဆန်ဖရန်စစ္စကိုမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးထဲကို တနင်္လာနေ့ (အောက်တိုဘာလ ၉ ရက်နေ့) က ကားနဲ့ဝင် တိုက်ခဲ့တဲ့လူတစ်ဦးကို ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့ က သေနတ်နဲ့ပစ်သတ်ခဲ့ကြောင်း BBC မှာ ရေးသားဖော်ပြထား ပါတယ်။
အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးနောက် အမည်မသိတဲ့ အဲဒီပုဂ္ဂိုလ်ကို ပစ်သတ်ခဲ့တာဖြစ် ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗီဒီယိုဖို်င်ထဲမှာတော့ တရုတ်ကောင်စစ်ဝန်ရုံးဧည့်ခန်းမထဲမှာ အပြာရောင်ဟွန်ဒါကားတစ်စီးရပ်ထားတာတွေ့ရ ပြီး လူအများအပြား ကောင်စစ်ဝန်ရုံးထဲကနေ ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်ဟာ တရုတ်ကောင်စစ်ဝန်ရုံးကဝန်ထမ်းတွေနဲ့ အခင်းဖြစ်ပွားရာနေရာမှာရောက်ရှိနေတဲ့ တခြားသူတွေ ကို အကြီးအကျယ်ခြိမ်းခြောက်နေတာဖြစ်ကြောင်း ပြောဆိုပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချကြောင်း ကောင်စစ်ဝန်ရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကောင်စစ်ဝန်ရုံးထဲကို ချိုးဖျက်ဝင်ရောက်လာခဲ့တဲ့ အဲဒီအမည်မသိကားမောင်းသူဟာ ရုံးဝင်းထဲမှာရှိနေတဲ့သူ တွေကို ထိခိုက်အောင်ရည်ရွယ်ပြီးလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲပြော ဆိုခဲ့ပါတယ်။
အခင်းဖြစ်ပွားပြီးကတည်းက ကောင်စစ်ဝန်ရုံးကို ယာယီပိတ်ထားခဲ့ပြီး အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန် အာဏာပိုင်တွေအနေနဲ့ တိကျမှန်ကန်စွာ ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းရင်း အမေရိကန်အစိုးရထံကို သံတမန်တိုင်တန်းလွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။
အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ သတင်းအချက်အလက်အများအပြား ထုတ်ပြန် ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
“ရဲအရာရှိတွေက အခင်းဖြစ်နေရာကိုရောက်တဲ့အချိန်မှာ ကောင်စစ်ဝန်ရုံးဧည့်ခန်းမဆောင်ထဲမှာ ကားရပ်ထား တာကိုတွေ့လိုက်ရတယ်။ ရဲအရာရှိတွေ ခန်းမထဲကိုဝင်လာပြီး သံသယတရားခံနဲ့ ဆက်သွယ်နေတဲ့အချိန်မှာ ရဲ အရာရှိတစ်ဦးက ပစ်သတ်လိုက်တာဖြစ်ပါတယ်။” လို့ ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကက်သရင်း ဝင်းတားစ်က ပြောပါတယ်။
“သံသယတရားခံကို ဆေးရုံပို့ဆောင်ခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။” လို့ ကက်သရင်းက ပြော ပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ အခင်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေပြီး လက်ရှိအချိန်မှာ သတင်းထုတ်ပြန်ခြင်းမပြုနိုင်သေးကြောင်း ၎င်းက ပြောပါတယ်။
Ref: San Francisco: Man who crashed car into Chinese consulate shot dead
#PeopleMedia