• Follow Us on

Home တရုတ်က စက်ရုပ်ခွေးပြသခဲ့ပြီးနောက် အမေရိကန်ကလည်း လက်နက်ငယ်တပ်ဆင်ထားတဲ့ စက်ရုပ်ခွေး ထုတ်ဖော်ပြသ

တရုတ်က စက်ရုပ်ခွေးပြသခဲ့ပြီးနောက် အမေရိကန်ကလည်း လက်နက်ငယ်တပ်ဆင်ထားတဲ့ စက်ရုပ်ခွေး ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃

 

အမေရိကန်ကြည်းတပ်က ၎င်းတို့ရဲ့ မောင်းသူမဲ့မြေပြင်ယာဉ်တစ်မျိုး (unmanned ground vehicle – Q-UGV) ဖြစ်တဲ့ မောင်းပြန်ရိုင်ဖယ်တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးကို နယူးယောက်ပြည်နယ် ဖို့်တ်ဒရမ်တပ်စခန်းမှာရှိတဲ့ Operation Hard Kill စစ်ရေးလေ့ကျင့်မှုမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

 

တရုတ်နို်င်ငံက ကမ္ဘောဒီးယားနဲ့ ပူးတွဲကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ၎င်းတို့တီထွင်ထားတဲ့ လက်နက် တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးကို ထုတ်ဖော်ပြသခဲ့ပြီး သုံးလနီးပါးအကြာမှာ အမေရိကန်က အခုလို ထုတ်ဖော်ပြ သလိုက်တာဖြစ်ပါတယ်။

 

အမေရိကန် Q-UGV ဖြစ်တဲ့ Ghost Robotics Vision 60 လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ခွေးရဲ့ ရှေ့ဘက် အပေါ်ပိုင်းမှာ AR-15-type ရိုင်ဖယ်တစ်လက် တပ်ဆင်ထားပါတယ်။ အဆိုပါ စက်ရုပ်ခွေးမှာ အားကောင်းတဲ့ ခေတ်မီမှန်ပြောင်းတစ်လက်နဲ့ အီလက်ထရောနစ်ပစ်မှတ်ရှာစနစ်ကို လည်း တပ်ဆင်ထားပါတယ်။

 

Ghost Robotics Vision 60 စက်ရုပ်ခွေးရဲ့ အာရုံခံစနစ်တွေဟာ မောင်းသူမဲ့လေယာဉ်တွေကို ခြေရာခံထောက် လှမ်းပြီး တပ်ဆင်ထားတဲ့ရိုင်ဖယ်နဲ့ ပစ်ချနိုင်တဲ့အတွက် ဒီလက်နက်ကို ဒရုန်းတိုက်ခိုက်ရေးလက်နက်စနစ်တစ်ခု လို့ ဆိုပါတယ်။

 

Ghost Robotics Vision 60 စက်ရုပ်ခွေးဟာ ရာသီမရွေးအသုံးပြုနိုင်တဲ့ မောင်းသူမဲ့မြေပြင်သုံးယာဉ် (UGA) တစ်မျိုးဖြစ်ပြီး AI နည်းပညာကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

 

စစ်မြေပြင်မှာ တခြားယာဉ်တွေ သွားလာရခက်ခဲတဲ့နေရာမျိုးနဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိအောင်အသုံး ပြုရမယ့်နေရာမျိုးမှာ အထောက်အကူဖြစ်စေဖို့အတွက် ဒီစက်ရုပ်ခွေးကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အလေးချိန် ၁၁၂ ပေါင် (၅၁ ကီလိုမီတာ) ရှိတဲ့ ဒီစက်ရုပ်ခွေးဟာ တစ်စက္ကန့်ကို ၃ မီတာ (၁၀ ပေ) နှုန်းနဲ့ အမြင့် ဆုံး ၃ နာရီကြာတဲ့အထိ မောင်းနှင်လည်ပတ်နိုင်ပါတယ်။

 

Operation Hard Kill စစ်ရေးလေ့ကျင့်မှုအတွင်း Ghost Robotics Vision 60 စက်ရုပ်ခွေးမှာ တပ်ဆင်ထားတဲ့ ရိုင်ဖယ်ကို AI နည်းပညာအသုံးပြုပြီး စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။

 

အမေရိကန်ကြည်းတပ်က တာဝန်ရှိသူတွေနဲ့ လက်နက်စနစ်ထုတ်လုပ်တဲ့အဖွဲ့က တာဝန်ရှိသူတွေဟာ လက် နက်စနစ်အလုပ်လုပ်ပုံကို အကဲဖြတ်ကြည့်ရှုခဲ့ကြပြီး စက်ရုပ်ခွေးရဲ့ ပစ်မှတ်ရှာစနစ်အလုပ်လုပ်ပုံတွေကို ဆန်း စစ်လေ့လာခဲ့ကြပါတယ်။

 

Ref: After China, US Unveils Rifle-Toting Robot Dogs

 

#PeopleMedia


Share this post