• Follow Us on

Home တရုတ်က ဇင်ဘာဘွေကို ဒေါ်လာ ၂၈ သန်းတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများ လှူဒါန်း

တရုတ်က ဇင်ဘာဘွေကို ဒေါ်လာ ၂၈ သန်းတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများ လှူဒါန်း

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

 

တရုတ်နိုင်ငံက ဇင်ဘာဘွေနိုင်ငံအတွက် သံချပ်ကာယာဉ်တွေနဲ့ စက်သေနတ်တွေအပါအဝင် ဒေါ်လာ ၂၈ သန်း တန်ကြေးရှိ စစ်လက်နက်ပစ္စည်းတွေကို လှူဒါန်းလိုက်ကြောင်း ZimLive မီဒီယာမှာ ဖော်ပြထားပါတယ်။ အဆိုပါစစ်လက်နက်ပစ္စည်းတွေကို ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟရာရီရှိ အင်ကိုမိုတပ်စခန်းမှာ တရုတ်သံအ မတ်ကြီးထံကနေ ဇင်ဘာဘွေသမ္မတ အန်မာဆင်မာနန်းဂါဂွာက လက်ခံရယူခဲ့ပါတယ်။

 

အဲဒီစစ်လက်နက်ပစ္စည်းတွေ ကိုင်တွယ်သုံးစွဲတတ်အောင် ဇင်ဘာဘွေတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေး ဖို့အတွက် တရုတ်စစ်သားတွေ ဇင်ဘာဘွေနိုင်ငံကို ရောက်ရှိနေပါတယ်။

 

“ဒီစစ်လက်နက်ပစ္စည်းတွေဟာ ဇင်ဘာဘွေတပ်ဖွဲ့ဝင်တွေကို စွမ်းရည်ပြည့်ဝတဲ့တပ်မတော်တစ်ရပ်ဖြစ်လာဖို့အ တွက် အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” လို့ သမ္မတမာနန်းဂါဂွာက ပြောပါတယ်။

 

အခုလိုစစ်လက်နက်ပစ္စည်းတွေထောက်ပံ့ကူညီတာဟာ ဇင်ဘာဘွေတပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်အောင် လက်ရှိဆောင်ရွက်နေတဲ့ကြိုးပမ်းမှုကို အောင်မြင်အောင်ထောက်ပံ့ပေးသွားမယ့် အရေးကြီးတဲ့ အကူ အညီပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“တရုတ်နိုင်ငံဟာ ဇင်ဘာဘွေနိုင်ငံရဲ့ မဖောက်ပြန်တဲ့မိတ်ဆွေနိုင်ငံဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါ တယ်။ ပြီးခဲ့တဲ့ ၂၃ နှစ်အတွင်းမှာ အနောက်အုပ်စုရဲ့တရားမဝင် စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကြောင့် ကျွန် တော်တို့နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ စိုးရိမ်စရာ အခြေအနေကို ရောက်ခဲ့ရပါတယ်။” လို့ သမ္မတမာနန်းဂါဂွာက ပြောပါတယ်။

 

“အဲဒီကာလတစ်လျှောက်လုံး တရုတ်နိုင်ငံဟာ မှန်ကန်ပြီး အားထားရလောက်တဲ့ မဟာမိတ်နိုင်ငံအဖြစ် ရပ် တည်ခဲ့ပါတယ်။ ကျွန်တော်တို့ ထာဝရ ကျေးဇူးတင်နေမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံထောက်ပံ့လိုက်တဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွေ၊ စစ်သည် တင်သံချပ်ကာယာဉ်တွေ၊ ရေသန့်စက်တွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ မီနီဘတ်စ်တွေ၊ စနိုက်ဖာရိုင်ဖယ်တွေ၊ စက်သေနတ်တွေနဲ့ ပစ္စတိုသေနတ်တွေပါဝင်ပါတယ်။

 

Ref: China Donates US$28 Million Worth of Military Hardware to Zimbabwe

 

#PeopleMedia


Share this post