• Follow Us on
Latest News

Home တရုတ်က ဖိလစ်ပိုင်ကိုတိုက်ခိုက်လာရင် အမေရိကန်က ဖိလစ်ပိုင်ကိုကာကွယ်သွားမှာဖြစ်ကြောင်း ဂျိုးဘိုင်ဒန် ပြော

တရုတ်က ဖိလစ်ပိုင်ကိုတိုက်ခိုက်လာရင် အမေရိကန်က ဖိလစ်ပိုင်ကိုကာကွယ်သွားမှာဖြစ်ကြောင်း ဂျိုးဘိုင်ဒန် ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၆

 

အငြင်းပွားဒေသတောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်ကို တိုက်ခိုက်လာခဲ့မယ်ဆိုရင် အမေရိကန်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်သွားမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၂၅ ရက်နေ့) က အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။

 

အငြင်းပွားနေတဲ့ပင်လယ်ပြင်ထဲမှာ ဖိလစ်ပိုင်သင်္ဘောနဲ့ တရုတ်သင်္ဘောတိုက်မိခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ အမေရိကန်သမ္မတက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံကိုကာကွယ်ဖို့ သံန္နိဋ္ဌာန်ချထားပြီးသားဖြစ်တယ်ဆိုတာကို မစ္စတာဘိုင်ဒန်က ထပ်လောင်းပြောကြားပါတယ်။

 

ဖိလစ်ပိုင်အစိုးရဟာ အငြင်းပွားရေးပိုင်နက်ထဲမှာ တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်နေရပြီး ရေပေါ်အတားအဆီးများကို ဖြတ်တောက်ခြင်း၊ တရုတ်နိုင်ငံရဲ့ရန်လိုမှုတွေကို လက်တွေ့ပြသဖို့အတွက် မီဒီယာများကို ဖိတ်ခေါ်ကာ ဗီဒီယို ရိုက်ကူးစေခြင်းများ ပြုလုပ်ခဲ့ပါတယ်။

 

လတ်တလောကာလ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံကြား တင်းမာမှုတွေဖြစ်ပေါ်နေစဉ်အတွင်း တောင်တရုတ်ပင် လယ်အရေးနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က သမ္မတဂျိုးဘိုင်ဒန်ရဲ့ပြောဆိုမှုဟာ အပြင်းထန်ဆုံးပြောဆိုမှုဖြစ်ပါ တယ်။

 

“ကျွန်တော်ခပ်ရှင်းရှင်းပဲပြောပါမယ်၊ တကယ့်ကို ခပ်ရှင်းရှင်းပဲ ပြောပါမယ်။ ဖိလစ်ပိုင်နိုင်ငံပေါ်ထားရှိတဲ့ အမေ ရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးကတိကဝတ်ဟာ အလွန်ခိုင်မာတဲ့ကတိကဝတ်ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ ကာကွယ်ရေးသဘောတူညီချက်ချုပ်ဆိုထားတာဟာ ပြောင်းလဲမှုမရှိဘဲ အ လွန်ခိုင်မာတယ်ဆိုတာကို ပြောချင်ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံကာကွယ်ရေးစာချုပ်အရ အမေရိကန်နဲ့ ၎င်းရဲ့ကိုလိုနီနိုင်ငံဟောင်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်တို့ဟာ စစ်မက်ဖြစ်ပွားလာခဲ့ရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန်ကာကွယ်ရမယ်ဆိုတဲ့သဘော တူညီချက်နဲ့ စည်းနှောင်ထားတာဖြစ်ပါတယ်။

 

“ဖိလစ်ပိုင် လေယာဉ်၊ သင်္ဘော ဒါမှမဟုတ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုဖြစ်စေ တိုက်ခိုက်လာခဲ့ရင် ဖိလစ် ပိုင်နဲ့ချုပ်ဆိုထားတဲ့ နှစ်နိုင်ငံကာကွယ်ရေးစာချုပ်နဲ့ ပတ်သက်လာမှာဖြစ်ပါတယ်။” လို့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူ တော်မှာပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ဘိုင်ဒန်က ထည့်သွင်းပြောကြားသွားပါတယ်။

 

တရုတ်ကမ်းခြေစောင့်သင်္ဘောနဲ့ ဖိလစ်ပိုင်ထောက်ပံ့ရေးသင်္ဘောတို့ဟာ ဖိလစ်ပိုင် သီးသန့်စီးပွားရေးဇုံရေပိုင် နက်ထဲမှာတွေ့ဆုံစဉ် တရုတ်သင်္ဘောရဲ့ အန္တရာယ်များလှတဲ့ဆောင်ရွက်ချက်ကြောင့် သင်္ဘောနှစ်စီးတိုက်မိသွား ခဲ့ကြောင်း တနင်္ဂနွေနေ့ (အောက်တိုဘာလ ၂၂ ရက်နေ့) က ဖိလစ်ပိုင်နိုင်ငံကပြောပါတယ်။

 

နောက်ထပ်ဖြစ်စဉ်တစ်ခုမှာလည်း တရုတ်စစ်သင်္ဘောတစ်စီးဟာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဝင်တိုက် သွားခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

 

ဖိလစ်ပိုင်သင်္ဘောတွေဟာ Second Thomas Shoal ခေါ် သောင်စွယ်တန်းမှာကျောက်ချထားတဲ့ ဖိလစ်ပိုင်ရေ တပ်သင်္ဘောဟောင်းကြီးဆီကို သွားရောက်နေတဲ့လမ်းကြောင်းပေါ်မှာရှိနေတာဖြစ်ပါတယ်။

 

တရုတ်သင်္ဘောတွေဟာ ဖိလစ်ပိုင်သင်္ဘောတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဝင်တိုက်ခဲ့တာဖြစ်ပြီး ၎င်းတို့အ ကျိုးစီးပွားအတွက် လိုရာဆွဲပြီး လုပ်ကြံပြောဆိုခဲ့ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဂယ်ဘတ်တိုသီယိုဒိုရို ဂျူနီယာက ပြောပါတယ်။

 

တရုတ်သင်္ဘောတွေဟာ အန္တရာယ်ရှိပြီး ဥပဒေနဲ့မညီတဲ့အပြုအမူတွေကို လုပ်ဆောင်ခဲ့တဲ့အတွက် အခုလို သင်္ဘောချင်းတိုက်မိတာဖြစ်ကြောင်း ဂျိုးဘိုင်ဒန်ကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ရဲ့ အရေးပါတဲ့ မဟာဗျူဟာမြောက်မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

 

Ref: South China Sea: Biden says US will defend the Philippines if China attacks

 

#PeopleMedia


Share this post