• Follow Us on

Home တရုတ်ခရီးသွားတွေ ထိုင်းကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူသုံးစွဲမှု မြှင့်တင်ရေးအတွက် တရုတ်အာဏာပိုင် တွေနဲ့ ဆွေးနွေးဖို့ ထိုင်းဝန်ကြီးဌာန စီစဉ်နေ

တရုတ်ခရီးသွားတွေ ထိုင်းကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူသုံးစွဲမှု မြှင့်တင်ရေးအတွက် တရုတ်အာဏာပိုင် တွေနဲ့ ဆွေးနွေးဖို့ ထိုင်းဝန်ကြီးဌာန စီစဉ်နေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၁

 

ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တဲ့ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ ထိုင်းဒေသခံတွေထံက ထုတ်ကုန်တွေကို ဝယ်ယူပြီး ဒေသခံတွေရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုဖို့ တိုက်တွန်းပေးနိုင်ရေးအတွက် တရုတ်အာဏာပိုင်တွေ နဲ့ ဆွေးနွေးဖို့ ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက စီစဉ်နေပါတယ်။

 

ဒီဆောင်ရွက်မှုဟာ ထိုင်းနိုင်ငံကို တရုတ်အရင်းအနှီးတွေ ပိုမိုဝင်ရောက်လာအောင် ဆွဲဆောင်ဖို့နဲ့ ထိုင်းဈေး ကွက်တွင်း တရုတ်ပစ္စည်းတွေ အလုံးအရင်းဝင်ရောက်လာမှုကြောင့်ဖြစ်ပေါ်လာတဲ့ ထိုင်းငွေစီးဆင်းမှုကို ဟန် ချက်ညီစေရေး အထောက်အကူပြုဖို့အတွက်ဖြစ်ကြောင်း ဝန်ကြီးဆမ်ဆက်ပေါင်ပနစ်ချ်က အင်္ဂါနေ့က ပြောပါ တယ်။

 

အခုလ အစောပိုင်းက တရုတ်အွန်လိုင်းဈေးကွက် Temu ကတစ်ဆင့် ထိုင်း e-commerce ဈေးကွက်အတွင်း ဝင်ရောက်လာပြီးနောက် ထိုင်းဘတ်ငွေအများအပြား တရုတ်နိုင်ငံကို ရောက်ရှိသွားမှုအပေါ် စိုးရိမ်မူတွေမြင့် တက်လာခဲ့တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံက ဈေးသက်သာပြီး အရည်အသွေးညံ့ဖျင်းတဲ့ ကုန်ပစ္စည်းတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတဲ့အ တွက် ထိုင်းလုပ်ငန်းရှင်တွေနဲ့ စားသုံးသူကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

 

အဲဒီလို အရေးယူဆောင်ရွက်ပေးဖို့တင်ပြရမယ့်အကြောင်းအရာတွေဟာ လာမယ့်နှစ်မှာ သံတမန်ဆက်ဆံရေး အနှစ် ၅၀ ပြည့်အခမ်းအနားကျင်းပမယ့် ထိုင်း-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးရေးကို မထိခိုက်ဖို့လည်း တရုတ်နဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကို အထူးဂရုပြု လေ့လာသွားမှာဖြစ်ကြောင်း ဝန်ကြီးဆမ်ဆက်က ပြောပါ တယ်။

 

“တရုတ်ကုန်ပစ္စည်းတွေ အလုံးအရင်းဝင်လာတဲ့ ပြဿနာရဲ့ အရေးကြီးပုံကို ထိုင်းအစိုးရက သဘောပေါက်နား လည်ပါတယ်။ အဲဒီပြဿနာကို ကိုင်တွယ်ဆောင်ရွက်ဖို့ တရုတ်သံရုံးအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ တောက်လျှောက် ဆွေးနွေးနေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းဖို့အ တွက် တရုတ်အာဏာပိုင်တွေကလည်း ထိုင်းအစိုးရနဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်နေကြပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းပြည်သူတွေအနေနဲ့လည်း ကမ္ဘာလှည့်ခရီးသွားလမ်းညွှန်လုပ်ငန်းတွေမှာ ထိုင်းနိုင်ငံသားနာမည်ခံပြီး မှတ်ပုံ တင်ထားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ တိုက်တွန်းကြောင်းနဲ့ အဲဒီလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံသားတွေသာ သီးသန့်လုပ်ကိုင်ခွင့်ရတဲ့လုပ်ငန်းတွေ ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

 

“အဲဒီလို ဆောင်ရွက်နေတဲ့သူတွေတွေ့ရင် သက်ဆိုင်ရာအာဏာပိုင်တွေကို ချက်ချင်းသတင်းပို့ဖို့ တိုက်တွန်းလို ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ သုံးစွဲတဲ့ငွေကြေးတွေ ထိုင်းလုပ်ငန်းတွေနဲ့ ထိုင်းပြည်သူတွေထံကို ရောက်ရှိ ဖို့အတွက်လည်း ဝန်ကြီးဌာနအနေနဲ့ စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

Ref: Talks planned with China to promote purchase of Thai products

 

#PeopleMedia


Share this post