• Follow Us on
Latest News

Home တရုတ်ခရီးသွားတွေ လည်ပတ်ဖို့ အနှစ်သက်ဆုံး နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံပါဝင်

တရုတ်ခရီးသွားတွေ လည်ပတ်ဖို့ အနှစ်သက်ဆုံး နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံပါဝင်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၂

 

လာမယ့်နွေရာသီကာလ (ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ် ၃၁ ရက်နေ့) အတွင်း တရုတ်ကမ္ဘာလှည့်ခရီးသွား တွေ သွားရောက်လည်ပတ်ဖို့ ကြိုက်နှစ်သက်တဲ့ နိုင်ငံတွေထဲမှာ မလေးရှား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ဟာ ထိပ်ဆုံး သုံးနိုင်ငံကပါဝင်ကြောင်း တရုတ်အွန်လိုင်းခရီးသွား ကုမ္ပဏီ Qunar က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြ ထားပါတယ်။

 

နွေရာသီခရီးသွားကာလအတွက် တရုတ်ခရီးသွားတွေရဲ့ လေယာဉ်လက်မှတ်ကြိုတင်မှာယူမှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၁.၆ ဆ မြင့်တက်ခဲ့သလို လေယာဉ်လက်မှတ်ခကလည်း ပြီးခဲ့တဲ့နှစ် ကာလတူထက် ၂၀% လျော့ကျသွားခဲ့တယ်လို့ဆိုပါတယ်။

 

တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ အလည်ပတ်ချင်ဆုံးနိုင်ငံတွေကတော့ ၁) မလေးရှား၊ ၂) ဂျပန်၊ ၃) ထိုင်း၊ ၄) အမေရိကန်ပြည်ထောင်စု၊ ၅) တောင်ကိုရီးယား၊ ၆) စင်္ကာပူ၊ ၇) သြစတေးလျ၊ ၈) ဗြိတိန်၊ ၉) အင်ဒိုနီးရှားနဲ့ ၁၀) ကနေဒါတို့ပဲဖြစ်ပါတယ်။

 

Ref: Top 10 countries attracting Chinese tourists for the upcoming summer vacation

 

#PeopleMedia


Share this post