• Follow Us on

Home တရုတ်ချယ်ရီကုမ္ပဏီ ဗီယက်နမ်မှာ ဒေါ်လာ သန်း ၈၀၀ တန် လျှပ်စစ်ကားစက်ရုံတည်ဆောက်မည်

တရုတ်ချယ်ရီကုမ္ပဏီ ဗီယက်နမ်မှာ ဒေါ်လာ သန်း ၈၀၀ တန် လျှပ်စစ်ကားစက်ရုံတည်ဆောက်မည်

Share this post

နိုင်ငံတကာ၊ ဧပြီ ၅

 

တရုတ်ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ချယ်ရီကုမ္ပဏီဟာ ဒေါ်လာ သန်း ၈၀၀ တန် လျှပ်စစ်ကားစက် ရုံတစ်ခုတည်ဆောက်ဖို့အတွက် ဒေသခံကုမ္ပဏီတစ်ခုနဲ့ ပူးတွဲဆောင်ရွက်ဖို့ သဘောတူစာချုပ်တစ်ရပ် လက် မှတ်ရေးထိုးလိုက်ကြောင်း ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (ဧပြီ ၄ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။

 

အခုသဘောတူစာချုပ်အရဆောင်ရွက်မယ့် စီမံကိန်းလုပ်ငန်းဟာ နိုင်ငံတွင်း ပထမဦးဆုံး လျှပ်စစ်ကားထုတ် လုပ်ရေးစက်ရုံဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဆိုပါစက်ရုံကို ချယ်ရီကုမ္ပဏီအုပ်စုက Omoda & Jaecoo ကုမ္ပဏီနဲ့ ဗီယက်နမ် Geleximc ကုမ္ပဏီတို့ ထိုင်း ဘင်းကမ်းရိုးတန်းပြည်နယ်မှာ တည်ဆောက်သွားမှာဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ဝန်ကြီး ဌာနက ပြောပါတယ်။

 

တရုတ် Omoda & Jaecoo ကုမ္ပဏီရဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်သွားမယ့် အဲဒီစက်ရုံဟာ တစ်နှစ်ကို ကားအစီးရေ ၂၀၀၀၀၀ ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

 

စက်ရုံတည်ဆောက်မှု ပထမအဆင့်ကို ၂၀၂၆ ခုှနှစ် ပထမသုံးလပတ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် ဥရောပကို မော်တော်ကားတွေတင်ပို့နေပြီး အီတလီမှာ စက်ရုံတစ်ခုဆောက်ဖို့ စဉ်းစားနေတဲ့ ချယ်ရီ ကုမ္ပဏီကလည်း အခုနှစ်ကုန်ပိုင်းလောက်မှာ လျှပ်စစ်ကားမိုဒယ်လ်အသစ်နှစ်မျိုးကို ဗီယက်နမ်နိုင်ငံကို တင် သွင်းသွားမှာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

 

ကမ္ဘာ့အကြီးဆုံးလျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ တရုတ်အခြေစိုက် BYD ကုမ္ပဏီကလည်း ဗီယက် နမ်နိုင်ငံမှာ စက်ရုံတစ်ရုံလာရောက်တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

 

BYD ကုမ္ပဏီဟာ ထိုင်းနိုင်ငံ၊ ရာယောင်းပြည်နယ် WHA Rayong အမှတ် ၃၆ စက်မှုဇုံမှာ ပြီးခဲ့တဲ့နှစ် မတ်လက ပထမဦးဆုံး စက်ရုံတစ်ရုံကို စတင်ဆောက်လုပ်ခဲ့ပါတယ်။

 

အဲဒီစက်ရုံဟာ တစ်နှစ်ကို လျှပ်စစ်ကားအစီးရေ ၁၅၀,၀၀၀ ဝန်းကျင်ထုတ်လုပ်နိုင်ပြီး ၂၀၂၄ ခုနှစ် တတိယသုံး လပတ်မှာစတင်ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ထားပါတယ်။

 

BYD ကုမ္ပဏီရော တက်ဆလာကုမ္ပဏီပါ အခုနှစ်အတွင်း အခုအချိန်အထိ အရောင်းလျှော့ကျနေပေမဲ့ ပြီးခဲ့တဲ့ နှစ် စတုတ္ထသုံးလပတ်မှာတော့ တရုတ် BYD ကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံးလျှပ်စစ်ကားထုတ်လုပ်တဲ့ တက်ဆ လာကုမ္ပဏီကို အရောင်းကျော်တက်သွားခဲ့ကြောင်း သိရပါတယ်။

 

Ref: Chery to build $800m EV plant in Vietnam

 

#PeopleMedia


Share this post