တရုတ်စစ်ရေးခြိမ်းခြောက်မှုကြောင့် ဂူဝမ်ကျွန်းမှာ အမေရိကန်တွေ အရေးပေါ်ဒုံးကျည်ကာကွယ်ရေးစနစ် တည် ဆောက်နေ
PUBLISHED - August 18, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၈
တရုတ်နိုင်ငံက ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာမှာကို စိုးရိမ်မှုတွေမြင့်တက်လာတဲ့အပေါ် အခြေခံပြီး ဂူဝမ်ကျွန်း ပေါ်မှာ ဒုံးကျည်ကာကွယ်ရေးစနစ်တည်ဆောက်သွားဖို့ ပင်တဂွန်စစ်ဌာနချုပ်က အရေးပေါ် စီမံချက်တစ်ရပ်ချ မှတ်ဆောင်ရွက်နေကြောင်း အင်ဒို-ပစိတ်ဖိတ်စစ်ဌာနချုပ် ဒုံးကျည်ကာကွယ်ရေးတာဝန်ခံ ကြည်းတပ်ဗိုလ်မှူး ချုပ်တစ်ဦးက ကြာသပတေးနေ့ (သြဂုတ်လ ၁၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
မဟာဗျူဟာမြောက်ပစိဖိတ်ကျွန်းကို တရုတ်နိုင်ငံရဲ့ စိုးရိမ်ဖွယ်ရာစစ်အင်အားတည်ဆောက်မှုကနေ ကာကွယ်ရ မယ့် အမေရိကန်နိုင်ငံရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်း အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်တည်ရှိ ရာ ဟာဝိုင်ယီကျွန်းမှာရှိတဲ့ ဒုံးကျည်ကာကွယ်ရေးဌာနချုပ်အကြီးအကဲ ကြည်းတပ်ဗိုလ်မှူးချုပ် ဘရိုင်ယန်ဂစ်ဘ် ဆင်က ပြောပါတယ်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ဟာ သူတို့လုပ်ပိုင်ခွင့်ရှိတယ်လို့ ယူဆထားတဲ့ (စစ်ရေးအရအမေရိကန် ဘက်ကတာဝန်ရှိတဲ့) နယ်မြေတွေတစ်လျှောက် သူတို့ဆန္ဒရှိတဲ့အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကြိုးစား နေပါတယ်။ တရုတ်နိုင်ငံရဲ့ဆောင်ရွက်မှုတွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အင်အားကြီးထွားလာမှုက ထိတ် လန့်စရာကောင်းနေဆဲပါပဲ။” လို့ ဗိုလ်မှူးချုပ် ဂစ်ဘ်ဆင်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ပင်တဂွန်စစ်ဌာနချုပ်အရာရှိတွေပြောသလို အကြီးမားဆုံးစစ် အင်အားကိုတည်ဆောက်နေပြီး တရုတ်အစိုးရဟာ တပ်ဖြန့်ချထားတဲ့လက်နက်စနစ်တွေပေါ်အခြေခံပြီး စစ်ပွဲ ဆင်နွှဲဖို့အတွက် ပြင်ဆင်နေပုံရကြောင်း ဗိုလ်မှူးချုပ် ဂစ်ဘ်ဆင်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့အနှစ်လေးငါးဆယ်အတွင်း ဒုံးကျည်တွေ၊ စစ်သင်္ဘောတွေနဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေကို အင်အားတိုးချဲလာခဲ့ပြီး လက်ရှိအချိန်မှာ တရုတ်ရေတပ်ဟာ အမေရိကန်ရေတပ်ထက် ပိုမိုကြီးမားလာပြီဖြစ် ကြောင်း ၎င်းက ပြောပါတယ်။
“ဒီစစ်လက်နက်ပစ္စည်းတွေကို အသုံးပြုဖို့ရည်ရွယ်ချက်မရှိဘဲ ဒီလောက်အတိုင်းအတာပမာဏအထိ စစ်လက် နက်ပစ္စည်းတွေကို ဘာ့ကြောင့်ဖန်တီးထုတ်လုပ်နေတယ်ဆိုတာ ကျွန်တော်မသိပါဘူး။” လို့ ဗိုလ်မှူးချုပ် ဂစ်ဘ် ဆင်က ပြောပါတယ်။
မဟာဗျူဟာမြောက်ကျွမ်းကျင်သူတွေ အမေရိကန်နိုင်ငံအတွက် အဓိကစိုးရိမ်တာက ဂူဝမ်ကျွန်း၊ ဟာဝိုင်ယီ ကျွန်းအပါအဝင် ထိုင်ဝမ်ကျွန်းကို ကျော်လွန်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ တရုတ်နိုင်ငံရဲ့ ထိုးစစ် ဒုံးကျည်တွေကိုပဲဖြစ်ပါတယ်။
တရုတ်စစ်ဘက်အရာရှိတွေက DF-26 တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို “ဂူဝမ်လူသတ်သမား” လို့ နာမည်ပေး ထားတဲ့အတွက် ပင်တဂွန်စစ်ဌာနချုပ်က ဂူဝမ်ကျွန်းအတွက် ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို အလောတကြီး အလျင်အမြန်ဆောင်ရွက်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဂူဝမ်ကျွန်းဟာ ဟာဝိုင်ယီကျွန်းရဲ့အနောက်ဘက် မိုင် ၄၀၀၀ အကွာအဝေးနဲ့ ဖိလစ်ပိုင်ပင်လယ်ရဲ့အစွန်အဖျား ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ မိုင်ပေါင်း ၁၅၀၀ ခန့် ဝေးကွာတဲ့နေရာမှာတည်ရှိတဲ့ အမေရိကန်ရဲ့အဓိကစစ်စခန်းတစ် ခုဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အဲဒီဂူဝမ်ကျွန်းပေါ်မှာ ဒုံးကျည်သိုလှောင်ရုံတွေနဲ့ ဗုံးသိုလှောင်ရုံတွေ၊ စစ်သင်္ဘောတွေနဲ့ ရေ ငုပ်သင်္ဘောတွေ၊ လေတပ်က ဗုံးကြဲလေယာဉ်ကြီးတွေအတွက် ယာယီခိုနားစခန်းတွေနဲ့ ကြည်းတပ်ဒုံးကျည်ကာ ကွယ်ရေးစခန်းတွေ တည်ရှိပါတယ်။
တရုတ်နိုင်ငံနဲ့ အမေရိကန်စစ်မက်ဖြစ်ပွားခဲ့မယ်ဆိုရင် ဂူဝမ်ကျွန်းဟာ စစ်ပွဲအစမှာကတည်းက တိုက်ခိုက်ခံရ မယ့် ပထမဦးဆုံးပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: General: China military threats drive missile defense buildup on Guam
#PeopleMedia