တရုတ်စမတ်ဖုန်း ရှောင်းမီကုမ္ပဏီရဲ့ ပထမဦးဆုံး SU7 လျှပ်စစ်ကား အမှာစာ ၁၀၀,၀၀၀ ရရှိထား

PUBLISHED - April 3, 2024
နိုင်ငံတကာ၊ ဧပြီ ၃
တရုတ်စမတ်ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ ရှောင်းမီကုမ္ပဏီ (Xiaomi ) ဟာ ၎င်းတို့ကုမ္ပဏီက ပထမဦးဆုံး ထုတ်လုပ်တဲ့ SU7 အမည်ရှိ လျှပ်စစ်ကားအမှာစာ အစီးရေ ၁၀၀,၀၀၀ ကျော်ရရှိထားကြောင်း ဧပြီလ ၃ ရက်နေ့ က ပြောကြားလိုက်ပါတယ်။
“ရှောင်းမီကားကို ပထမဦးဆုံး တရားဝင်ထုတ်လုငပ်လိုက်ပါပြီ။ စမတ်ကားလောကရဲ့ တကယ့်ပြုပြင်ပြောင်းလဲ မှုကြီး တရားဝင်စတင်ဖွင့်လှစ်လိုက်ပါပြီ။ တရုတ်နိုင်ငံဟာ တက်ဆလာတို့လို မဟာအင်အားကြီးကုမ္ပဏီကြီး တစ်ခုကို မွေးဖွားသန့်စင်ပေးလိုက်ပါပြီ။” လို့ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ ပထမဦးဆုံးကာတင်ပို့တဲ့ အခမ်းအနား မှာ ရှောင်းမီကုမ္ပဏီရဲ့ CEO နဲ့ တည်ထောင်သူ လေဂျင်းက ပြောပါတယ်။
ပထမဦးဆုံးပို့ဆောင်ပေးမယ့်ကားအစီးရေ ၅၀၀၀ ကတော့ ပထမဦးဆုံးဝယ်ယူတဲ့ဖောက်သည်တွေအတွက် သီးသန့်အပိုပစ္စည်းတွေ တပ်ဆင်ပေးထားပြီး အကန့်အသတ်နဲ့ ထုတ်လုပ်ထားတဲ့ “Founder’s Edition” လို့ အမည်ရ လျှပ်စစ်ကားတွေပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း SU7 လျှပ်စစ်ကားတွေ စတင်အရောင်းဖွင့်လှစ်လိုက်ပြီးနောက် Speed Ultra 7 ခေါ် SU7 လျှပ်စစ်ကားတွေ ထပ်မံရရှိဖို့အတွက် နောက်ထပ်ဖောက် သည်တွေကို ၄ လကနေ ၇ လအထိ စောင့်ဆိုင်းနေရဖွယ်ရှိတယ်လို့ ရှောင်းမီကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
SU7 လျှပ်စစ်ကားတွေကို စိတ်ဝင်စားလာမှု များပြားလာတဲ့အတွက် ရှောင်းမီကုမ္ပဏီရဲ့အစုရှယ်ယာတန်ဖိုးဟာ အင်္ဂါနေ့က ၁၆% ဝန်းကျင်မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။
အင်္ဂါနေ့ညက ကုမ္ပဏီအစုရှယ်ယာတန်ဖိုးဟာ အမေရိကန်ကားကုမ္ပဏီ General Motors ထက် မြင့်မားပြီး ဟောင်ကောင်ဒေါ်လာ ၁၇.၃၄ ရှိတဲ့တဲ့အတွက် ရှောင်းမီကုမ္ပဏီရဲ့ ရာဖြတ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၅ ဘီလျံရှိကြောင်း သိရပါတယ်။
Ref: Chinese smartphone maker Xiaomi starts delivering the first of more than 100,000 EVs ordered
#PeopleMedia