• Follow Us on

Home တရုတ်ထရပ်ကားတွေ၊ ကုန်လှောင်ရုံတွေ အလုံးအရင်း ဝင်ရောက်နေရာယူလာမှုကြောင့် ထိုင်းကုန်တင်ကား လုပ်ငန်းတွေ ထိခိုက်နစ်နာနေကြောင်း ထိုင်းလုပ်ငန်းရှင်များပြော

တရုတ်ထရပ်ကားတွေ၊ ကုန်လှောင်ရုံတွေ အလုံးအရင်း ဝင်ရောက်နေရာယူလာမှုကြောင့် ထိုင်းကုန်တင်ကား လုပ်ငန်းတွေ ထိခိုက်နစ်နာနေကြောင်း ထိုင်းလုပ်ငန်းရှင်များပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅

 

ထိုင်းနာမည်တွေအသုံးပြုပြီး အလုံးအရင်း ဝင်ရောက်နေရာယူလာတဲ့ လော်ရီကားတွေ၊ ကုန်လှောင်ရုံတွေနဲ့ ကုန်ပစ္စည်းတင်ပို့ရေးကုမ္ပဏီတွေကြောင့် ဒေသတွင်းကုန်တင်ကားလုပ်ငန်းတွေ ထိခိုက်နစ်နာနေရကြောင်း ထိုင်းကုန်တင်ကားလုပ်ငန်းရှင်များက ပြောပါတယ်။

 

ဒေသတွင်း ထရပ်ကားလုပ်ငန်းရှင်တွေကို ကာကွယ်ပေးဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ဝင်ရောက်ဆောင်ရွက် ပေးဖို့ ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဖက်ဒရေးရှင်း (LTFT) ဥက္ကဋ္ဌ သောင်ယူကောင်ခန်းက သြဂုတ် လ ၄ ရက် (တနင်္ဂနွေနေ့) က တောင်းဆိုလိုက်ပါတယ်။

 

ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် နည်းလမ်းရှာဖွေရေး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန် ရောင်းဂရိန်းကစ်နဲ့ တွေ့ဆုံဆွေး နွေးခွင့်ရရှိဖို့အတွက် စာတစ်စောင်ပေးပို့ မေတ္တာရပ်ခံသွားဖို့ ၎င်းက စီစဉ်နေ ပါတယ်။

 

တရုတ်လုပ်ငန်းရှင်တွေဟာ ဒေသတွင်း နာမည်ခံပေးထားတဲ့ ထိုင်းလူမျိုးတွေရဲ့အကူအညီနဲ့ ကုန်လှောင်ရုံတွေ တည်ဆောက်ပြီး ထရပ်ကားတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အကြီးအကျယ်ဆောင်ရွက် နေကြောင်း မစ္စတာသောင်ယူက ပြောပါတယ်။

 

“အာဆီယံ-တရုတ် ကုန်သွယ်ရေးလွတ်လပ်ခွင့် သဘောတူစာချုပ် (ACFTA) ကြောင့် တရုတ်ပြည်ပပို့ကုန်တွေ ထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ လှိမ့်ဝင်လာပါတယ်။ အဲဒီကုန်စည်တွေကို တရုတ်ကတင်သွင်းလာတဲ့ ထရပ် ကားတွေနဲ့ သယ်ယူပို့ဆောင်နေတာဖြစ်တယ်။ အဲဒီထရပ်ကားအားလုံးကိုလည်း ထိုင်းနာမည်ခံထားတဲ့ တရုတ် ကုမ္ပဏီတွေက ပိုင်ဆိုင်တာဖြစ်ပါတယ်။” လို့ LTFT ဥက္ကဋ္ဌက ပြောပါတယ်။

 

“တရုတ်ထရပ်ကားအရေအတွက်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထရပ်ကားအရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၁% ရှိနေပါ တယ်။ အစီးရေ ၁၀,၀၀၀ ဝန်းကျင်ပေါ့။ အဲဒီအရေအတွက်ကနေ တစ်နှစ်ကို ၁% ဆက်လက်မြင့်တက်သွားနိုင် တယ်လို့ ခန်ပမှန်းထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

LTFT အသင်းဝင်တွေပိုင်ဆိုင်တဲ့ ထရပ်ကားအစီးရေ စုစုပေါင်း တစ်ဝက်လောက်ဟာ ဒီဇယ်ဈေးနှုန်းမြင့်တက်မှု ကြောင့် ရပ်နားထားရပြီး ကားငှားရမ်းမှုနှုန်းလည်း လျော့ကျသွားသလို သယ်ယူပို့ဆောင်ရေးစရိတ်ကလည်း ၃% ကနေ ၉% အထိ မြင့်တက်သွားတယ်လို့ မစ္စတာသောင်ယူက ပြောပါတယ်။

 

တရုတ်ထရပ်ကားလုပ်ငန်းရှင်တွေရဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ဈေးနှုန်းလျှော့ချမှုကိုလည်း စိုးရိမ်မိကြောင်း ၎င်းက ပြောပါတယ်။

 

“အစိုးရက ကြိုတင်ပြင်ဆင်ထားတာမရှိသလို တုံ့ပြန်ဆောင်ရွက်မှုတွေ စနစ်တကျမလုပ်ဘူးဆိုရင် ဒီပြဿနာ ဟာ ဒေသတွင်း လော်ဂျစ်စတစ်နဲ့ ထရပ်ကားလုပ်ငန်းရှင်တွေအတွက် အကြီးအကျယ်ထိခိုက်နစ်နာစေမှာဖြစ် ပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဖက်ဒရေးရှင်း (LTFT) အနေနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအရာ ရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စာရေးသားတင်ပြထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ဆွေးနွေးမယ့်ထဲမှာ တခြားအကြောင်းအရာတွေအဖြစ် ထရပ်ကားတင်သွင်းမှုတွေ၊ တဖြည်းဖြည်းများပြားလာ တဲ့ နိုင်ငံခြားကုမ္ပဏီတွေလာရောက်ဖွင့်လှစ်ထားတဲ့ ကုန်လှောင်ရုံတွေအကြောင်းလည်း ပါပါမယ်။ ဒီလိုဆောင် ရွက်နေတာဟာ ပြည်တွင်းက ထိုင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီးဆယ်ခုကို ထိခိုက်စေမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Thai truckers under pressure from influx of Chinese companies

 

#PeopleMedia


Share this post