• Follow Us on

Home တရုတ်ထုတ်ကုန်/ရင်းနှီးမြှုပ်နှံမှုတွေက ထိုင်းတွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့သဘောထားအမြင်ကို အမြန် ကိုင်တွယ်ဆောင်ရွက်ဖို့ လိုကြောင်း စီးပွားရေးကျွမ်းကျင်သူပြော

တရုတ်ထုတ်ကုန်/ရင်းနှီးမြှုပ်နှံမှုတွေက ထိုင်းတွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့သဘောထားအမြင်ကို အမြန် ကိုင်တွယ်ဆောင်ရွက်ဖို့ လိုကြောင်း စီးပွားရေးကျွမ်းကျင်သူပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆

 

တရုတ်ထုတ်ကုန်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု ပြဿနာတွေ အရှိန်မြင့်တက်လာပြီး ထိုင်း ပြည်ပပို့ကုန်နဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအပေါ် ဆိုးဆိုးရွားရွား ထိခိုက်မလာခင် တရုတ်ထုတ်ကုန်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ထိုင်း လူမျိုးတွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ သဘောထားအ မြင်ကို အလျင်အမြန်ကိုင်တွယ်ဆောင်ရွက်ဖို့ ထိုင်း အစိုးရသစ်ကို တိုက်တွန်းနေပါတယ်။

 

တရုတ်နဲ့ ထိုင်းနိုင်ငံဟာ နှစ်နိုင်ငံစလုံးအကျိုးရှိတဲ့ ကုန်သွယ်ရေးစံပြစနစ်တစ်ခု (a win-win trade model – သူနိုင်-ကိုယ်နိုင် ကုန်သွယ်ရေးစံပြစနစ်တစ်ခု) တည်ဆောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပန် ယာပီဝတ်စီမံခန့်ခွဲရေးအင်စတီကျု ဥက္ကဋ္ဌနဲ့ တရုတ် – အမေရိကန် စီးပွားရေးဆိုင်ရာ အထူးကျွမ်းကျင်သူ ဆမ် ပေါ့မာနာရောင်းဆန်က ပြောပါတယ်။

 

“မကြာသေးခင်ကပဲ ထိုင်းနိုင်ငံမှာ လုပ်ငန်းတွေ တရားဝင်ထူထောင်ခဲ့တဲ့ တရုတ်ကြက်ကြော်အမှတ်တံဆိပ် တစ်ခုကိုတောင် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်ကြတဲ့နေရမှာ အပျက်သဘောဆောင်တဲ့ သဘောထားတွေ က တဖြည်းဖြည်း ကြီးထွားလာပါတယ်။ ထိုင်းနိုင်ငံမှာ ဂျပန်နဲ့ ကိုရီးယားစားသောက်ဆိုင်တွေ အများအပြားရှိ နေပါတယ်။ တရုတ်ကြက်ကြော်ဆိုင်တွေဟာ တခြားဆိုင်တွေနဲ့ နှိုင်းယှဉ်ရင် အနည်းအကျဉ်းသာရှိပါသေး တယ်။” လို့ ၎င်းက ပြောပါတယ်။

 

“တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးအပေါ် ထားရှိတဲ့သဘောထားအမြင်တွေကို အလျင်အမြန် မဖြေရှင်းဘူး ဆိုရင် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးထိပ်တိုက်တွေ့ဆုံမှုအထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုဖြစ်သွားခဲ့ရင် ထိုင်းနိုင် ငံရဲ့ ပြည်ပပို့ကုန်နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆိုးဆိုးရွားရွား ထိခိုက်လာမှာဖြစ်ပါတယ်။” တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ထိုင်းနိုင်ငံထဲကို တရုတ်ထုတ်ကုန်တွေ အလုံးအရင်းနဲ့ဝင်လာတာဟာ ဒေသခံလုပ်ငန်း ရှင်တွေအတွက် ဆိုးကျိုးတချို့ရှိတာကို သဘောပေါက်လက်ခံပေမဲ့ တခြားစဉ်းစားစရာနည်းလမ်းတစ်ခုရှိနေ ကြောင်း မစ္စတာဆမ်ပေါ့က ပြောပါတယ်။

 

ထိုင်းနိုင်ငံထဲမှာရှိတဲ့ စက်ရုံအများစုဟာ တရုတ်နိုင်ငံကလာတဲ့ ဈေးသက်သာတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ကုန်ကြမ်းတွေကို အသုံးပြုနေတဲ့အတွက် တရုတ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကောင်းကျိုးရော ဆိုးကျိုးပါ ရှိကြောင်းမစ္စတာဆမ်ပေါ့က ပြောပါတယ်။

 

တရုတ်အစိုးရနဲ့ ထိုင်းအစိုးရဟာ နှစ်နိုင်ငံ အပြန်အလှန်ဆွေးနွေးပြီး နားလည်မှုယူဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။

 

နှစ်နိုင်ငံစလုံး အကျိုးရှိဖို့အတွက် သူနိုင်-ကိုယ်နိုင် ကုန်သွယ်ရေးစံပြစနစ်တစ်ခု ရှာဖွေခြင်းအားဖြင့် ဒီပြဿနာ ကို ကိုင်တွယ်ဖြေရှင်းဖို့ အလွန်အရေးကြီးကြောင်း မစ္စတာဆမ်ပေါ့က ပြောပါတယ်။

 

ဥပမာ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံအတွင်း လက်ကားရောင်းဝယ်သူဖြစ်လာပြီဆိုရင် ၎င်းတို့အနေနဲ့ လက်လီဈေး ကွက်ထဲကိုဝင်ရောက်ပြီး ဒေသခံလုပ်ငန်းရှင်တွေနဲ့ မယှဉ်ပြိုင်သင့်ကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ နှစ်စဉ် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၀ ဘီလျံရှိနေရာ တရုတ်နိုင်ငံထံက ရေထွက် ပစ္စည်းတင်သွင်းမှုက တခြားပစ္စည်းတွေနဲ့ ယှဉ်ရင် နိမ့်ကျပေမဲ့ ကုန်ကြမ်းနဲ့ တစ်ပိုင်းတစ်စ ကုန်ချောပစ္စည်းတို့ တင်သွင်းမှု များပြားတာကြောင့်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံတွင်းရှိ မော်တော်ကားထုတ်လုပ်မှုနဲ့ တရုတ်လျှပ်စစ်ကား (EV) ကုမ္ပဏီတွေရဲ့ ယှဉ်ပြိုင်မှုနဲ့ပတ်သက် ရင် လျှပ်စစ်ကား (EV) နဲ့ အတွင်းပေါက်ကွဲမှုအင်ဂျင် (internal combustion engine – ICE)- စွမ်းအင်သုံး ကားတွေဟာ ဈေးကွက်တစ်ခုတည်းမှာ တိုက်ရိုက်ယှဉ်ပြိုင်နေကြတာ မဟုတ်ကြောင်း မစ္စတာဆမ်ပေါ့က ပြော ပါတယ်။

 

လျှပ်စစ်ကား (EV) ရဲ့ ဈေးကွက်ရှယ်ယာဟာ အတွင်းပေါက်ကွဲမှုအင်ဂျင် (ICE) စွမ်းအင်သုံးကားတွေရဲ့ ဈေး ကွက်ရှယ်ယာထက် သေးငယ်ကြောင်း ၎င်းက ပြောပါတယ်။

 

ICE စွမ်းအင်သုံးကားတွေအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်ပေမဲ့ ထောက်ပံ့ကြေးတွေက လျှပ်စစ်ကား (EV) ဈေး ကွက်ကို ဘယ်လိုမြှင့်တင်နိုင်မလဲဆိုတာ ချင့်ချိန်အကဲဖြတ်နိုင်ဖို့အတွက် တခြားနိုင်ငံတွေရဲ့ ထောက်ပံ့ကြေး ပေးမှုပုံစံကို ထိုင်းအစိုးရအနေနဲ့ လေ့လာသင့်ကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းအစိုးရက လျှပ်စစ်ကား (EV) တစ်စီးအတွက် ထောက်ပံ့ကြေး ဘတ် ၁၀၀,၀၀၀ ပေးအပ်စဉ်မှာ တရုတ်အ စိုးရက လျှပ်စစ်ကား (EV) ထောက်ပံ့ကြေးတွေကို ယွမ် ၁၀,၀၀၀ ကနေ ယွမ် ၂၀,၀၀၀ (ဘတ်ငွေ ၄၈,၁၀၇ က နေ ၉၆,၂၁၄ ) အထိ တဖြည်းဖြည်း တိုးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံက ၎င်းတို့ရဲ့ထုတ်လုပ်မှုစွမ်းရည်ကို မလျှော့ချသေးတဲ့အတွက် တရုတ်ထုတ်ကုန်အများအပြား ဖွံ့ဖြိုး ဆဲနိုင်ငံတွေဆီကို အလုံးအရင်းနဲ့ ဝင်ရောက်နေတာဖြစ်ကြောင်း မစ္စတာဆမ်ပေါ့က ပြောပါတယ်။

 

အနာဂတ်ကာလမှာ တရုတ်နိုင်ငံဟာ ၎င်းတို့ထုတ်လုပ်မှုစွမ်းရည်ကို လျှော့ချပြီး ထုတ်လုပ်မှုနေရာတွေကိုလည်း ပြန်လည်နေရာချထားဖို့ လိုအပ်လာနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီအကူးအပြောင်းကာလမှာ ကြားကာလလုပ်ငန်းစဉ်တွေကို ပြုပြင်ပြောင်းလဲရေးစီမံခန့်ခွဲမှု (transformation management) နည်းလမ်းနဲ့ စနစ်တကျကိုင်တွယ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း မစ္စတာဆမ်ပေါ့က ပြောပါ တယ်။

 

Ref: Analyst wary of Chinese threat perception

 

#PeopleMedia


Share this post