• Follow Us on
Latest News

Home တရုတ်ထုတ် အရွေ့စွမ်းအင်သုံးလက်နက်က အမေရိကန်ထုတ်တင့်ကားတွေကို တစ်ချက်တည်းနဲ့ ဖျက်ဆီး ပစ်လိုက်နိုင်ကြောင်း တရုတ်သိပ္ပံပညာရှင်အဖွဲ့ပြော

တရုတ်ထုတ် အရွေ့စွမ်းအင်သုံးလက်နက်က အမေရိကန်ထုတ်တင့်ကားတွေကို တစ်ချက်တည်းနဲ့ ဖျက်ဆီး ပစ်လိုက်နိုင်ကြောင်း တရုတ်သိပ္ပံပညာရှင်အဖွဲ့ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃

 

တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်လိုက်တဲ့ မြန်နှုန်းမြင့်အရွေ့စွမ်းအင်သုံးလက်နက်ဟာ အမေရိကန်ထုတ် M1 Abrams တင့်ကားလို ခေတ်မီတင့်ကားမျိုးကို တစ်ချက်တည်းနဲ့ ပစ်ခတ်ဖျက်ဆီးပစ်နိုင်ကြောင်း တရုတ်သိပ္ပံ ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

 

တရုတ်အေရိုဒိုင်းနမစ်သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက သိပ္ပံပညာရှင် ဟွမ်ဂျီဦးဆောင်တဲ့ သုတေသနအဖွဲ့ က အရွေ့စွမ်းအင်သုံးလက်နက်ရဲ့ ထိရောက်မှုစွမ်းရည်ကို သဏ္ဍာန်တူလေ့ကျင့်ခန်းနဲ့ စမ်းသပ်ပြုလုပ်ခဲ့ကြတာ ဖြစ်ကြောင်း South China Morning Post သတင်းစာက ရေးသားဖော်ပြလိုက်တာဖြစ်ပါတယ်။

 

မြန်နှုန်းမြင့်အရွေ့စွမ်းအင်သုံးလက်နက်ဟာ တစ်ချက်တည်းနဲ့ အင်မတန်ထူထဲတဲ့တင့်ကားတွေကို တိုက်ခိုက် ဖျက်ဆီးနိုင်စွမ်းရှိတာကို တရုတ်သိပ္ပံပညာရှင်အဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အလေးချိန် ၄၄ ပေါင် (ကီလိုဂရမ် ၂၀ ) ရှိပြီး အမြန်နှုန်း Mach 4 (တစ်နာရီကို မိုင်ပေါင်း ၃၀၀၀ ကျော်) နှုန်းနဲ့ ပျံသန်းနဲ့ ပျံသန်းနိုင်တဲ့ အဲဒီလက်နက်ဟာ အီလက်ထရစ်ကယ်လ်စွမ်းအင်ကို ပြောင်းလဲအသုံးပြုလိုက်တဲ့အချိန် မှာ အရွေ့စွမ်းအင်ဟာ ၇ ကီလိုဝပ်နာရီ (တစ်နာရီကို ၇၀၀၀ ဝပ်) အဖြစ်လည်ပတ်သုံးစွဲနိုင်တယ်လို့ဆိုပါတယ်။ အဲဒီလို ပြင်းထန်လှတဲ့စွမ်းအင်ကြောင့် ဒီလက်နက်နဲ့ပစ်လိုက်တဲ့အချိန်မှာ တင့်ကားတစ်စီးရဲ့အပြင်ပိုင်းက ဘာ မှမပျက်စီးဘဲနဲ့ အတွင်းပိုင်းမှာတင် ဆိုးရွားပြင်းထန်စွာ ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။

 

အင်မတန်ပစ်အားကောင်းတဲ့ အဲဒီမြန်နှုန်းမြင့်အရွေ့စွမ်းအင်သုံးလက်နက်ဟာ အထူစားသတ္တူအလွှာတွေနဲ့ ကာကွယ်ထားတဲ့ တန် ၄၀ ကနေ တန် ၆၀ အထိရှိတဲ့ တင့်ကားတွေကို ထိရောက်စွာ ပစ်ခတ်ချေမှုန်းနိုင် ကြောင်း စမ်းသပ်သိရှိရတယ်လို့ဆိုပါတယ်။

 

အဲဒီလက်နက်ဟာ သတ်မှတ်ထားတဲ့ပစ်မှတ်ကို ရှပ်ထိသွားတယ်ဆိုရင်တောင် အင်မတန်ပြင်းထန်တဲ့ အရှိန် ကြောင့် ပစ်မှတ်ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

 

အဲဒီလက်နက်နဲ့ တင့်ကားတစ်စီးရဲ့ ရှေ့ပိုင်းကို ထိမှန်သွားမယ်ဆိုရင် ပစ်ခတ်မှုထိန်းချုပ်ရေးကွန်ပျူတာနဲ့ ဆုံလည်ကြားကို ထိခိုက်သွားစေနိုင်မှာဖြစ်တဲ့အတွက် အဲဒီတင့်ကားရဲ့ ပစ်အားနဲ့ ထိရောက်မှုစွမ်းရည်ကို ဖျက်ဆီးပစ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလက်နက်ဟာ အတွင်းပိုင်းအထိ ပြင်းထန်စွာထိရောက်မှုရှိတဲ့တွက် တင့်ကားမှာပါရှိတဲ့ အမြောက် ထိန်းချုပ်ရေးခုံနဲ့ ဝိုင်ယာစနစ်ကိုလည်း ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။

 

Ref: China Claims Kinetic Weapon Can Take Out Modern US Tanks in One Shot

 

#PeopleMedia


Share this post