တရုတ်ထုတ် QBZ-195T ချေမှုန်းရေးရိုင်ဖယ် ပထမဦးဆုံးသုံးစွဲမယ့်နိုင်ငံ ထိုင်းနိုင်ငံဖြစ်လာနိုင်
PUBLISHED - August 8, 2024
နိုင်ငံတကာ၊ သြဂုတ် ၈
ထိုင်းနိုင်ငံဟာ တရုတ်ထုတ် QBZ-195T ချေမှုန်းရေးရိုင်ဖယ်ကို စိတ်ဝင်စားကြောင်းဖော်ပြခဲ့တဲ့အတွက် တရုတ် QBZ-195T ချေမှုန်းရေးရိုင်ဖယ်ကို ပထမဦးဆုံး ဝယ်ယူသုံးစွဲမယ့် နိုင်ငံဖြစ်လာနိုင်တယ်လို့ The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။
တော်ဝင်ထိုင်းကြည်းတပ်ရဲ့ စစ်ဆင်ရေးလိုအပ်ချက်တွေနဲ့အညီ ပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်ထားတဲ့ ချေမှုန်း ရေးရိုင်ဖယ်ကို ရောင်းချပေးဖို့ တရုတ်အစိုးရက ကမ်းလှမ်းခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။
QBZ-195T ချေမှုန်းရေးရိုင်ဖယ်ဟာ နေတိုးအဖွဲ့သုံး ၅.၅၆x၄၅ မမ ကျည်ကို အသုံးပြုထားတဲ့အတွက် ထိုင်းနိုင် ငံအတွက် ခဲယမ်းပြဿနာမရှိဘူးလို့ ဆိုပါတယ်။
တရုတ်ထုတ် QBZ-195T ချေမှုန်းရေးရိုင်ဖယ်ဟာ တော်ဝင်ထိုင်းတပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ M4 ကာဘိုင်၊ M16A4 မောင်းပြန်ရိုင်ဖယ်တို့ထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံက QBZ-195T ချေမှုန်းရေးရိုင်ဖယ်တွေ ရောက်ရှိလာတာနဲ့ အဲဒီလက်နက်တွေကို စစ်ဆင်ရေးအ မျိုးမျိုးမှာ အသုံးပြုနိုင်ဖို့အတွက် ထိုင်းနိုင်ငံ အထူးတပ်ဖွဲ့တွေကို စတင်တပ်ဆင်သွားမှာဖြစ်ပါတယ်။
တရုတ်ထုတ်လက်နက်တွေကို ဝယ်ယူမယ့် ထိုင်းတပ်မတော်ရဲ့ဆုံးဖြတ်ချက်ကို လက်နက်ထောက်ပံ့သူ အ နည်းငယ်ပေါ် မှီခိုအားထားနေရာတာကို ရှောင်ရှားဖို့အတွက် မဟာဗျူဟာမြောက် နည်းလမ်းတစ်ရပ်အဖြစ် ရှု မြင်ထားကြပါတယ်။
ထိုင်းနိုင်ငံဟာ အမေရိကန်နဲ့ အစ္စရေးက လက်နက်ငယ်တွေကို ဝယ်ယူအသုံးပြုနေတာဖြစ်ပြီး တရုတ်ထုတ် လက်နက်ငယ်တွေကို အခုလို ထပ်မံပေါင်းစပ်လိုက်တာဟာ တော်ဝင်ထိုင်းကြည်းတပ်ရဲ့ ဘက်စုံသုံးစွဲနိုင်မှု ကို ထိန်းသိမ်းသွားစေနိုင်ရေးအတွက် အထောက်အကူပြုသွားမှာဖြစ်ပါတယ်။
ထိုင်းအထူးတပ်ဖွဲ့တွေကလည်း တရုတ်ထုတ် QBZ-195T ချေမှုန်းရေးရိုင်ဖယ်တွေ ဝယ်ယူဖို့ ထောက်ခံထား တယ်လို့ ဆိုပါတယ်။
QBZ-195T ချေမှုန်းရေးရိုင်ဖယ်ဟာ ထိုင်းနိုင်ငံမှာရှိပြီးသား တခြား မှန်ပြောင်းတွေ၊ လေဆာကိရိယာတွေ၊ ဂရင်းနိတ်လောင်ချာတွေနဲ့လည်း တွဲဖက်သုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။
Ref: Thailand to Become First Export Customer of China’s QBZ-195T Rifles
#PeopleMedia