• Follow Us on
Latest News

Home တရုတ်ထောက်လှမ်းရေးကို သတင်းတွေပေးဖို့ မိခင်ဖြစ်သူက အမေရိကန်ရေတပ်သားကို တိုက်တွန်းအားပေး ခဲ့ကြောင်း အစိုးရရှေ့နေပြော

တရုတ်ထောက်လှမ်းရေးကို သတင်းတွေပေးဖို့ မိခင်ဖြစ်သူက အမေရိကန်ရေတပ်သားကို တိုက်တွန်းအားပေး ခဲ့ကြောင်း အစိုးရရှေ့နေပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉

 

တရုတ်နိုင်ငံကို လျှို့ဝှက်သတင်းတွေထောက်ပံ့ပေးခဲ့တဲ့အမှုနဲ့ ဖမ်းဆီးစွဲချက်တင်ခံထားရတဲ့ အမေရိကန်ရေတပ် စစ်သည်တစ်ဦးရဲ့ မိခင်ဖြစ်သူဟာ ၎င်းရဲ့သားဖြစ်သူကို တရုတ်ထောက်လှမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက် တွန်းအားပေးခဲ့ကြောင်း အင်္ဂါနေ့က စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။

 

အဲဒီလို တရုတ်ထောက်လှမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တစ်နေ့နေ့မှာ တရုတ်အစိုးထံက အလုပ် တစ်ခုခုရရှိလာရေးအတွက် အထောက်အကူဖြစ်လာနိုင်ကြောင်း မိခင်ဖြစ်သူက အဲဒီရေတပ်စစ်သည်ကို ပြောခဲ့ တယ်လု့ိ ဆိုပါတယ်။

 

အင်္ဂါနေ့က ဆန်ဒီယာဂိုမြို့က တရားရုံးမှာပြုလုပ်ခဲ့တဲ့ ကြားနာစစ်ဆေးမှုမှာ သူလျှိုလုပ်မှုနဲ့ ပြီးခဲ့တဲ့သီတင်းပတ် က အဖမ်းခံခဲ့ရတဲ့ ဂျင်းချောင်းဝေကို တရားရုံးကလွှတ်မပစ်ဖို့ တိုက်တွန်းရင်း လက်ထောက်ရှေ့နေ ဖရက်ဒ်ရှိ ပတ်က စွဲချက်တင်ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

အစိုးရရှေ့နေတွေက ဂျင်းချောင်းဝေရဲ့ မိခင်နာမည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိတဲ့အတွက် AP သတင်းဌာန ကလည်း အဲဒီအမျိုးသမီးကိုသွားရောက်တွေ့ဆုံမေးမြန်းဖို့ အဆင်မပြေခဲ့ပါဘူး။

 

ဂျင်းချောင်းဝေဟာ စစ်ရေးလေ့ကျင့်မှုအသေးစိတ်တွေ၊ ရေတပ်စစ်ဆင်ရေးအကြောင်းတွေ၊ အရေးကြီးတဲ့ နည်း ပညာအကြောင်းတွေကို တရုတ်ထောက်လှမ်းရေးထံပေးပို့ခဲ့တဲ့ အမေရိကန်ရေတပ်စစ်သည်နှစ်ဦးထဲက တစ်ဦး ဖြစ်ပါတယ်။

 

အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဂျင်းချောင်းဝေကို အမေရိကန်တရားရေးဌာနက သူလျှိုလုပ်မှုအက်ဥပဒေနဲ့ တရားစွဲ ဆိုခဲ့ပေမဲ့ ရေတပ်သားနှစ်ဦးစလုံးက ၎င်းတို့ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့တယ်လု့ိဆိုပါတယ်။

 

တရုတ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဂျင်းချောင်းဝေဟာ အမေရိကန်နိုင်ငံသားဖြစ်ဖို့ ကြိုးပမ်းနေစဉ် ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလအတွင်းမှာ တရုတ်ထောက်လှမ်းရေးက ၎င်းကို ချဉ်းကပ်ခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

 

ဝေဟာ စစ်ရေးသတင်းအချက်အလက်တွေ၊ လက်နက်စနစ်အကြောင်းတွေ၊ လေယာဉ်တွေတင်ဆောင်သွားနိုင် တဲ့ Essex ရေယာဉ်နဲ့ တခြားကုန်းရေနှစ်သွယ်စစ်ဆင်ရေးယာဉ် တွေပေါ်က လေယာဉ်တွေအကြောင်းတွေကို တရုတ်ထောက်လှမ်းရေးထံပေးပို့ခဲ့ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

 

ဝေဟာ ခရစ္စမတ်ကာလမှာ ဝစ်ကွန်ဆင်မှာရှိတဲ့ မိခင်ကိုသွားရောက်တွေ့ဆုံခဲ့ရာမှာ မိခင်ဖြစ်သူဟာ သားရဲ့လုပ် ရပ်တွေကို သတိပြုမိခဲ့တယ်လို့ ရှေ့နေ ဖရက်ဒ်ရှိပတ်က ရုံးတော်ကို အင်္ဂါနေ့က လျှောက်တင်ခဲ့ပါတယ်။

 

မိခင်ဖြစ်သူက သားဖြစ်သူဂျင်းချောင်းဝေ အမေရိကန်ရေတပ်ကထွက်သွားတဲ့တစ်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နဲ့ဆက်နွယ်တဲ့အလုပ်တစ်ခုခု ရနိုင်တယ်လို့ပြောဆိုရင်း တရုတ်ထောက်လှမ်းရေးကို ဆက်လက်ပြီးသတင်းတွေ ထောက်ပံ့ပေးဖို့ တိုက်တွန်းအားပေးခဲ့ကြောင်း ရှိပတ်က ပြောပါတယ်။

 

AP သတင်းဌာနအနေနဲ့ ဂျင်းချောင်းဝေရဲ့ရှေ့နေထံ အီးမေးလ်ပို့ပြီး ဝေရဲ့မိခင်ကိုယ်စား စကားပြောဆိုခွင့်ရှိမရှိ မေးမြန်းခဲ့ပေမဲ့ ဝေရဲ့ရှေ့နေက ချက်ချင်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

 

တရုတ်ထောက်လှမ်းရေးက ဝေနဲ့ ဝေ့မိခင်ကို တရုတ်အစိုးရနဲ့ ၎င်းက လူကိုယ်တိုင်တွေ့ဆုံချင်တယ်လို့ ပြော ထားတဲ့အတွက် ဝေဟာ အခုနှစ်နွေဦးရာသီက တရုတ်ကိုလေယာဉ်နဲ့သွားဖို့ ကြိုးပမ်းခဲ့ကြောင်း ရှိပတ်က ရုံး တော်ကို တင်ပြခဲ့ပါတယ်။

 

ဝေဟာ အဲဒီသူလျှိုလုပ်ငန်းအတွက် ဒေါ်လာ ၁၀၀၀၀ ကနေ ၁၅၀၀၀ အထိ ရရှိခဲ့တဲ့အတွက် ပြစ်မှုထင်ရှား ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ကြောင်း ရှိပတ်က ပြောပါတယ်။

 

Ref: US Navy sailor’s mom encouraged him to pass military details to China, prosecutor says

 

#PeopleMedia


Share this post