• Follow Us on

Home တရုတ်ဒေါသကို ရင်ဆိုင်ပြီး ထိုင်ဝမ်သမ္မတသစ် တာဝန်ထမ်းဆောင်မည်

တရုတ်ဒေါသကို ရင်ဆိုင်ပြီး ထိုင်ဝမ်သမ္မတသစ် တာဝန်ထမ်းဆောင်မည်

Share this post

နိုင်ငံတကာ၊ မေ ၂၀

 

ခွဲထွက်ရေးဝါဒီတစ်ဦးလို့သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ဒေါသကို ရင်ဆိုင်ရင်း လိုင်ချင်းတီးဟာ ထိုင်ဝမ်နိုင်ငံ ရဲ့သမ္မတသစ်အဖြစ် တနင်္လာနေ့ (မေလ ၂၀ ရက်နေ့) ကစပြီး တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

 

မစ္စတာလိုင်ဟာ တိုင်ပေမြို့လယ်ရှိ သမ္မတရုံးကနေ သမ္မတအခမ်းအနားလက်ခံတဲ့မိန့်ခွန်းမှာ တရုတ်နိုင်ငံအ တွက် စိတ်ကောင်းစေတနာရှိကြောင်း ထုတ်ဖော်ပြောဆိုသွားမှာဖြစ်သလို ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ထိုင်ဝမ်ကို ၎င်းတို့နိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်သာရှုမြင် ထားပြီး ၎င်းတို့ရဲ့ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိဖို့ လိုအပ်လာရင် အင်အားသုံးမယ်ဆိုတဲ့စကားကို ဘယ် တုန်းကမှ ပြန်လည်ရုပ်သိမ်းတာမရှိသေးပါဘူး။

 

“ထိုင်ဝမ်ပြည်သူတွေရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေကသာ ဆုံးဖြတ်မှာဖြစ်တယ်။” လို့ ဆွေးနွေးဖို့အတွက် ကမ်းလှမ်းချက်ကို ပယ်ချခံခဲ့ရတဲ့ မစ္စတာလိုင်က ပြောပါတယ်။

 

အသက် ၆၄ နှစ်ရှိပြီး အင်္ဂလိပ်နာမည် ဝီလျံလို့ခေါ်တဲ့ မစ္စတာလိုင် ဇန်နဝါရီလရွေးကောက်ပွဲမှာ အနိုင်ရပြီးက တည်းက တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး လေတပ်/ရေတပ်တွေကို ပုံမှန်စေလွှတ်ပြီး ထိုင်ဝမ်ကို တောက် လျှောက်ဖိအားပေးခဲ့ပါတယ်။

 

အခမ်းအနားကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်စေလွှတ်လိုက်တဲ့ အမေရိကန်အရာရှိဟောင်းတွေ၊ ဂျပန်၊ ဂျာမနီ၊ ကနေဒါနိုင်ငံက လွှတ်တော်အမတ်တွေနဲ့ ပါရာဂွိုင်းနိုင်ငံ သမ္မတ ဆန်တီယာဂို ပီနာလို ထိုင်ဝမ်နဲ့ သံတမန်အ ဆက်အသွယ်ရှိနေတဲ့ နိုင်ငံ ၁၂ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်ပါတယ်။

 

“ထိုင်ဝမ်ဒေသရဲ့ ခေါင်းဆောင်သစ်” ဖြစ်တဲ့ လိုင်ဟာ “ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှု” ကြား ရှင်းလင်းပြတ်သားတဲ့တစ်ခုကို ရွေးချယ်ရမှာဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးက ပြီးခဲ့တဲ့ သီတင်း ပတ်က ပြောပါတယ်။

 

ဇန်နဝါရီလ ရွေးကောက်ပွဲမှာ လိုင်ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) က လွှတ်တော်အမတ်နေရာအ များစုကို ဆုံးရှုံးခဲ့တဲ့အတွက် လိုင်ဟာ ပြည်တွင်းစိန်ခေါ်မှုကိုလည်း ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။

 

သောကြာနေ့ (မေလ ၁၇ ရက်နေ့) ကလည်း အတိုက်အခံပါတီက ဖိအားပေးနေတဲ့ လွှတ်တော်တွင်း ပြန်လည် ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အပြင်းအထန် ငြင်းခုန်ကြရာက လွှတ်တော်အမတ်အချင်းချင်း ရုပ်ပျက်ဆင်းပျက် အော်ဟစ်ဆွဲရမ်း ထိုးကြိတ်ခဲ့ကြပါတယ်။

 

အင်္ဂါနေ့ (မေလ ၂၁ ရက်နေ့) လွှတ်တော်အစည်းအဝေးပြန်စရင် လွှတ်တော်တွင်း တိုက်ခိုက်မှုတွေ ထပ်မံဖြစ် ပွားလာနိုင်တယ်လို့ ဆိုပါတယ်။

 

Ref: New Taiwan President to Take Office Facing Angry China

 

#PeopleMedia


Share this post