• Follow Us on

Home တရုတ်နိုင်ငံက မောင်းသူမဲ့ငါးလိပ်စွန်ရေငုပ်သင်္ဘောလေးတွေကို ကင်းထောက်တာဝန်ထမ်းဆောင်နိုင်ဖို့ တိုးချဲ့ တည်ဆောက်သွားမည်

တရုတ်နိုင်ငံက မောင်းသူမဲ့ငါးလိပ်စွန်ရေငုပ်သင်္ဘောလေးတွေကို ကင်းထောက်တာဝန်ထမ်းဆောင်နိုင်ဖို့ တိုးချဲ့ တည်ဆောက်သွားမည်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၀

 

တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့ ရေအောက်သန္တာကျောက်တန်းစောင့်ကြည့်ရေးရေငုပ်သင်္ဘောအငယ်စားတပ်ဖွဲ့ကို တိုးချဲ့တည်ဆောက်နေသလို အဲဒီရေငုပ်သင်္ဘောအငယ်စားတွေကို စစ်ဘက်ဆိုင်ရာကင်းထောက်တာဝန်တွေ ထမ်းဆောင်နိုင်တဲ့ အကြီးစားရေငုပ်သင်္ဘောတွေအဖြစ် ထုတ်လုပ်ဖို့လည်း စီစဉ်နေပါတယ်။

 

အဆိုပါ မောင်းသူမဲ့ ရေငုပ်သင်္ဘောအငယ်စားတွေကို ငါးလိပ်စွန်ပုံစံ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်သ လို ငါးလိပ်စွန်ကူးခတ်သွားလာတဲ့အတိုင်း လှုပ်ရှားသွားလာတယ်လို့ ဆိုပါတယ်။

 

အစောပိုင်းကထုတ်လုပ်ထားတဲ့ အဲဒီရေငုပ်သင်္ဘောငယ်လေးတွေထဲက တချို့ကို ကာတွန်းရုပ်ကလေးတွေနဲ့ တူအောင် ဆေးခြယ်ထားပြီး သန္တာကျောက်တန်းတွေကို စောင့်ကြည့်ဖို့အတွက် အပေါ့စားပုံစံဒီဇိုင်းရေးဆွဲတည် ဆောက်ထားတာဖြစ်ပါတယ်။

 

ဒါပေမဲ့ အဲဒီရေငုပ်သင်္ဘောလေးတွေရဲ့ အရွယ်အစားနဲ့ ဆောင်ရွက်နိုင်တဲ့ပမာဏကို တိုးချဲ့သွားတော့မှာဖြစ် ကြောင်း CCTV သတင်းဌာန၊ တပ်မတော်လိုင်းက ပြောပါတယ်။

 

“အခုနှစ်မှာ ပင်လယ်ရေနက်ပိုင်းကို ငုပ်လျှိုးနိုင်တဲ့ အလေးချိန် ကီလိုဂရမ် ၈၀၀ (၁၇၆၅ ပေါင်) ရှိတဲ့ ရေငုပ် သင်္ဘောလေးတွေ စေလွှတ်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။” လို့ အနောက်မြောက်ပိုလီနည်းပညာတက္ကသိုလ် က ပါမောက္ခ ဆောင်ယောင်က CCTV ကို ပြောပါတယ်။

 

“အနာဂတ်ကာလမှာ ကင်းထောက်တာဝန်နဲ့ တိုက်ခိုက်ရေးတာဝန်တွေပါ ထမ်းဆောင်နိုင်မယ့် အလေးချိန်ပိုမို သယ်ဆောင်နိုင်ပြီး တာဝေးပိုမိုခုတ်မောင်းနိုင်တဲ့ တစ်တန်အရွယ်အစားရှိ ငါးလိပ်စွန် ရေငုပ်သင်္ဘောတွေကို လည်း ဒီဇိုင်းရေးဆွဲထုတ်လုပ်သွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

မစ္စတာဆောင်ဦးဆောင်တဲ့အဖွဲ့ဟာ သန္တာကျောက်တန်းတွေ စောင့်ကြည့်လေ့လာဖို့ ရေငုပ်သင်္ဘောအငယ်စား တစ်စီးကို စတင်ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

၎င်းတို့အနေနဲ့ အခုနှစ်အစောပိုင်းက တောင်တရုတ်ပင်လယ်ထဲမှာ ရေအောက်စောင့်ကြည့်လေ့လာရေးဆောင် ရွက်ခဲ့ရာ သန္တာကျောက်တန်းတွေကို စားသုံးပြီး ခြိမ်းခြောက်နေတဲ့ ဆူးပါတဲ့ကြယ်ငါးတွေလို ရေအောက်မျိုးစိတ် တွေရဲ့ ဖြစ်ပေါ်လှုပ်ရှားမှုတွေကို အောင်မြင်စွာစောင့်ကြည့်လေ့လာနိုင်ခဲ့ပါတယ်။

 

၎င်းတို့အဖွဲ့ရဲ့ ပိုမိုကြီးမားတဲ့ရေငုပ်သင်္ဘောတွေက ပင်လယ်ရေအောက်က သတင်းအချက်အလက်တွေကို ရှာ ဖွေစုဆောင်းနိုင်သလို အငယ်စားရေငုပ်သင်္ဘောတွေကိုတော့ အဏ္ဏဝါဗေဒလေ့ကျင့်သင်ကြားရေနဲ့ သန္တာ ကျောက်တန်းတွေစောင့်ကြည့်လေ့လာရေးမှာ အသုံးပြုနိုင်ပါတယ်။

 

တရုတ်နိုင်ငံဟာ အခုလို ငါးလိပ်စွန်ပုံသဏ္ဍန်မောင်းသူမဲ့ရေငုပ်သင်္ဘောလေးတွေကို ပထမဦးဆုံးစမ်းသပ်ခဲ့တဲ့ နိုင်ငံတော့ မဟုတ်ပါဘူး။

 

အမေရိကန်ပြည်ထောင်စုကလည်း အလားတူ ငါးလိပ်စွန်ပုံသဏ္ဍန်မောင်းသူမဲ့ရေငုပ်သင်္ဘောတစ်စီးကို အခုနှစ် အစောပိုင်းက ရေအောက်မှာ စမ်းသပ်ခဲ့ပါတယ်။

 

အဲဒီရေငုပ်သင်္ဘောကို လူသားတွေမောင်းနှင်တဲ့ရေယာဉ်တွေ မသွားရောက်နိုင်တဲ့ သမုဒ္ဒရာထဲက ပတ်ဝန်းကျင် တွေမှာ တာဝေးခုတ်မောင်းသွာလာပြီး အချိန်ကြာတာဝန်ထမ်းဆောင်ဖို့အတွက် အသုံးပြုသွားမှာဖြစ်ကြောင်း ရေအောက်ဒရုန်းထုတ်လုပ်ခဲ့တဲ့ Northrop Grumman ကုမ္ပဏီက ပြောပါတယ်။

 

Ref: China plans to expand ‘manta ray’ submersible fleet with eye on reconnaissance roles

 

#PeopleMedia


Share this post