• Follow Us on
Latest News

Home တရုတ်နိုင်ငံက ရေတံခွန်တစ်ခုမှာ ရေပိုက်တွေ ဆင်ထားတာတွေ့လို့ အဝေဖန်ခံခဲ့ရ

တရုတ်နိုင်ငံက ရေတံခွန်တစ်ခုမှာ ရေပိုက်တွေ ဆင်ထားတာတွေ့လို့ အဝေဖန်ခံခဲ့ရ

Share this post

နိုင်ငံတကာ၊ ဇွန် ၆

 

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းပေါ်မှာရှိတဲ့ ရေတံခွန်တစ်ခုက ရေတွေဟာ ကျောက်တုံးတွေကြားထဲမှာ မြှုပ်ထားတဲ့ ပိုက်လိုင်းတွေကနေ စီးဆင်းလာတဲ့ရေဖြစ်ကြောင်း အင်တာနက်အသုံးပြုသူတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ လှည့်ခရီးသွားတွေ စိတ်ဝင်စားအောင် လူလုပ်ထားတဲ့နေရာတစ်ခုအဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

 

ယွန်ထိုင်းဥယျာဉ်မြေထဲက သဘာဝအလှတွေရှိတဲ့နေရာကို သွားရောက်လည်ပတ်ခဲ့ရာ ဗီဒီရိုရိုက်ကူးနေစဉ်အ တွင်း ပိုက်လိုင်းကနေ ရေတွေစီးကျနေတာကို မြင်လိုက်ရတဲ့အတွက် မကျေမနပ်ဖြစ်ခဲ့ရကြောင်း တိုယင်း (Douyin) လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့တဲ့ အင်တာနက်သုံးစွဲသူတစ်ဦးက ပြောပါတယ်။

 

ဇွန်လ ၃ ရက်နေ့က တင်ခဲ့တဲ့ အဲဒီဗီဒီယိုဖိုင်ဟာ ဇွန်လ ၅ ရက်နေ့အထိ ကြည့်ရှုသူ လူဦးရေ ၇၃,၀၀၀ ၊ ပြန် လည်မျှဝေသူ ၄၈,၀၀၀ နဲ့ မှတ်ချက်ရေးသားသူ ၆,၀၂၉ ဦး ရှိခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင် တင်ထားသူအနေနဲ့ အခုလိုပဲ လူလုပ်ရေတံခွန်တွေကို ထပ်မံတွေ့ရှိအောင် တရုတ်နိုင်ငံက တခြား ရေတံခွန်တွေကိုလည်း သွားရောက်ကြည့်ရှုသင့်ကြောင်း အင်တာနက်သုံးစွဲသူတွေက ရေးသားထားပါတယ်။

 

အမြင့်ပေ ၃၁၄ မီတာမှာရှိတဲ့ အဲဒီရေပိုက်တွေဟာ ခြောက်သွေ့ရာသီမှာ လာရောက်လည်ပတ်သူတွေ စိတ်မ ပျက်သွားစေရေးအတွက် အသုံးပြုခဲ့တာဖြစ်ကြောင်း ယွန်ထိုင်းဥယျာဉ်မြေက တာဝန်ရှိအရာရှိတွေက Weibo လူမှုကွန်ရက်ပေါ်မှာ ဇွန်လ ၄ ရက်နေ့က ရေးသားခဲ့ပါတယ်။

 

“ခြောက်သွေ့ရာသီမှာ ဧည့်သည်တွေ ပိုမိုကောင်းမွန်တဲ့ခံစားမှုရရှိစေရေးအတွက် ပြုပြင်မှုအသေးစားလေး ဆောင်ရွက်ထားတာဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

 

အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ကို အင်တာနက်သုံးစွဲသူတွေက အပြုသဘောဆောင်တဲ့မှတ်ချက်တွေနဲ့ တုံ့ ပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

“ရေတံခွန်ဟောင်းကြီးတွေလည်း ခမ်းခြောက်လေ့ရှိပြီး မိုးရာသီမှသာ ရေတွေစီးဆင်းလေ့ရှိပါတယ်။” လို့ အင်တာနက်သုံးစွဲသူတစ်ဦးက ပြောပါတယ်။ “ထုတ်ပြန်ချက်ထဲမှာ ကောင်းကောင်းရှင်းပြထားတာပဲ။ သူတို့က အမှန်တရားကို မငြင်းပါဘူး။” လို့ တခြား အင်တာနက်သုံးစွဲသူတစ်ဦးကလည်း ပြောပါတယ်။

 

Ref: Chinese waterfall suspected of being man-made after pipes found supplying it: The Straits Times

 

#PeopleMedia


Share this post