• Follow Us on
Latest News

Home တရုတ်နိုင်ငံက အငြင်းပွား တောင်တရုတ်ပင်လယ်က ကျွန်းတစ်ကျွန်းပေါ်မှာ လေယာဉ်ကွင်းတစ်ခုတည် ဆောက်နေ

တရုတ်နိုင်ငံက အငြင်းပွား တောင်တရုတ်ပင်လယ်က ကျွန်းတစ်ကျွန်းပေါ်မှာ လေယာဉ်ကွင်းတစ်ခုတည် ဆောက်နေ

Share this post

နိုင်ငံတကာ၊ ဩဂုတ် ၁၈

 

တရုတ်နိုင်ငံက အငြင်းပွား တောင်တရုတ်ပင်လယ်က ကျွန်းတစ်ကျွန်းပေါ်မှာ လေယာဉ်ကွင်းတစ်ခုတည် ဆောက်နေပြီး ဒီကျွန်းဟာ ထိုင်ဝမ်နဲ့ ဗီယမ်နမ်တို့ကလည်း ပိုင်ဆိုင်ခွင့် တောင်းဆိုထားတဲ့ Triton ဆိုတဲ့ ကျွန်းတစ်ခုဖြစ်ကြောင်း အေပီသတင်းက ဖော်ပြခဲ့ပါတယ်။

 

သတင်းမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဟာ ဩဂုတ်လ အစောပိုင်းမှာ ပထမဆုံးမြင်တွေ့ရတဲ့ လေယာဉ်ကွင်းတည် ဆောက်နေတဲ့ ဂြိုလ်တုဓာတ်ပုံဖြစ်ပြီး တရုတ်နိုင်ငံက ဒီကျွန်းပေါ်မှာ လေယာဉ်ကွင်းနဲ့ သင်္ဘောကျင်းတွေအပြင် စစ်ဘက်ဆိုင်ရာစနစ်တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

လက်ရှိပြုလုပ်နေတဲ့ လေယာဉ်ပြေးလမ်းဟာ အရှည်မီတာ ၆၀ (ပေ ၂၀၀၀) ကျော်ရှိပြီး  တာဘိုပရော့လေ ယာဉ်များတွေနဲ့ ဒရုန်းအသုံးပြုဖို့  လုံလောက်ပေမယ့် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ အသုံးပြုဖို့ တော့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

 

အရင်ကတည်းက ဒီကျွန်းပေါ်မှာ တရုတ်နိုင်ငံရဲ့ ရဟတ်ယာဉ်ကွင်း၊ ရေဒါစနစ်တွေအပြင် ဆိပ်ကမ်းငယ်တစ်ခုနဲ့ အဆောက်အုံများစွာ ရှိနေခဲ့တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းသွားလာမှု ဘေးကင်းစေဖို့အတွက် ရည် ရွယ်တယ်လို့ ပြောဆိုခဲ့ပေမယ့် လုပ်ငန်းအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုထားပါတယ်။

 

နှစ်စဉ် ကုန်သွယ်မှုဒေါ်လာ ၅ ထရီလီယံခန့် ဖြတ်သန်းသွားလာနေတဲ့ အရေးပါတဲ့ ရေလမ်းကြောင်းပေါ်မှာ စစ်ရေးအရလုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်နိုင်ငံဘက်က ပယ်ချခဲ့ပြီး အချုပ်အခြာ ပိုင်နက်အတွင်းမှာ ဆန္ဒအလျောက် လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။

 

တစ်ခြားလူတွေရဲ့ပြောဆိုချက်ကို တရုတ်နိုင်ငံက အတိအလင်း ငြင်းဆိုထားပြီး တောင်တရုတ် ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားပါတယ်။

 

Ref;AP

 

#PeopleMedia


Share this post