တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည်နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများဖြေရှင်းရေး အတွက် အပြုသဘောဆောင်သောကူညီမှုများပေးအပ်မည်ဖြစ်ကြောင်းထုတ်ပြန်
PUBLISHED - August 14, 2024
နေပြည်တော်၊ ဩဂုတ် ၁၄
တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထား ကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံဘက် အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲ မှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ယနေ့ နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia