တရုတ်နိုင်ငံမှာ ခေါင်းဆောင်ပိုင်း အရာရှိအများအပြား ဖယ်ရှားခံရ

PUBLISHED - November 10, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀
တရုတ်နိုင်ငံတော်ကောင်စီက အရာရှိအများအပြားကို အစားထိုးခန့်အပ်ခြင်းနဲ့ ရားထူးဖယ်ရှားခြင်းတွေကို သောကြာနေ့က ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီက Liu Guohong ကို အမျိုးသား သဘာဝသယံဇာတဆိုင်ရာ ဒုအထွေထွေ ကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
Zheng Hongying ကို နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့ပြီး တာဝန်ထမ်းဆောင်နေတဲ့ Zhang Yantong ကိုတော့ ရာထူးက ဖယ်ရှားပစ်ခဲ့ပါတယ်။
နိုင်ငံတော် ဈေးကွက်စီမံခန့်ခွဲရေး လက်ထောက်အကြီးအကဲနဲ့ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး ဗျူရို အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Gan Lin ကိုတော့ ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
အမျိုးသားစားနပ်ရိက္ခာနဲ့ မဟာဗျူဟာမြောက် ထိန်းသိမ်းရေးအဖွဲ့ရဲ့ လက်ထောက်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Lu Jingbo ကိုလည်း ရာထူးကဖယ်ရှားလိုက်ပါတယ်။
Ref; xinhua
#PeopleMedia