• Follow Us on
Latest News

Home တရုတ်နိုင်ငံမှ KIA/TNLA /UWSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ရောင်းချထားသည့် FN-6 ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်

တရုတ်နိုင်ငံမှ KIA/TNLA /UWSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ရောင်းချထားသည့် FN-6 ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်

Share this post

People Media၊ ဇန်နဝါရီ ၁၇

 

FN-6 ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ မြေပြင်-ဝေဟင်ပစ် ပခုံး ထမ်းဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်ဟာ ပစ်မှတ်ကထွက်လာတဲ့ အလင်းရောင်/အပူလှိုင်းကို အနီအောက်ရောင်ခြည်ရှာဖွေ ရေးစနစ်ကိုအသုံးပြုခြေရာခံပြီး တိုက်ခိုက်ဖျက်ဆီးပစ်တာဖြစ်ပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်ဟာ အကွာအဝေး ၆ ကီလိုမီတာ၊ အမြင့် ၃.၈ ကီလိုမီတာမှာရှိတဲ့ ပစ်မှတ်ကို တိုက်ခိုက် ဖျက်ဆီးနိုင်ပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်ရဲ့ ဈေးနှုန်းဟာ အကြမ်းဖျဉ်းအားဖြင့် ဒေါ်လာ ၆ သောင်းနဲ့ ၉ သောင်းကြားမှာရှိ တယ်လို့ ဆိုပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်ကို နိုင်ငံတကာဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး မလေးရှား၊ ကမ္ဘောဒီး ယား၊ ဆူဒန်၊ ပါကစ္စတန်နဲ့ ပီရူးနိုင်ငံတွေကို တင်ပို့ထားပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်ကို အနိမ့်ပျံ လေယာဉ်/ရဟတ်ယာဉ်တွေကို ပစ်ခတ်ဖို့အတွက် ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်မှာ အချက်ပြမီး၊ နေရောင်အပူချိန်နဲ့ မြေပြင်အပူချိန်ကို ခံနိုင်ရည်ရှိတဲ့ ဒစ်ဂျစ်တယ်လ် အနီအောက်ရောင်ခြည်ရှာဖွေရေးကိရိယာတစ်ခု တပ်ဆင်ထားပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည် ပစ်ခတ်လိုက်ရင် ပစ်မှတ်ကို ထိမှန်နိုင်တဲ့ ရာခိုင်နှုန်းက ၇၀% ဖြစ်ပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်မှာ ညကြည့်မှန်ပြောင်းတပ်ဆင်နိုင်သလို ရန်သူတပ်/မိမိတပ် ခွဲခြားနိုင်တဲ့စနစ်ကိုလည်း တပ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်တစ်လက်လုံးရဲ့အလေးချိန်ဟာ ၁၆ ကီလိုဂရမ်ရှိပါတယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်ရဲ့ အရှည်ဟာ ၁.၄၉၅ မီတာရှိပြီး အချင်းက ဝ.၀၇၂ မီတာရှိပါတယ်။

 

FN-6 အထဲက ဒုံးကျည်အလေးချိန်က ၁၀.၇၇ ကီလိုဂရမ်ရှိပါတယ်။

 

FN-6 ဒုံးကျည်ဟာ အမြင့်ဆုံး တစ်စက္ကန့်ကို မီတာ ၃၀၀ ကနေ မီတာ ၆၀၀ အထိ ပျံသန်းနိုင်တယ်လို့  ဆိုပါ တယ်။

 

FN-6 ပခုံးထမ်းဒုံးကျည်နဲ့ ၂၀၁၃ ခုနှစ်က ဆီးရီးယားစစ်ပွဲမှာ Mi-8 ရဟတ်ယာဉ်နဲ့ Mi-17 ရဟတ်ယာဉ်တွေကို ပစ်ချခဲ့ဖူးတယ်လို့ ဆိုပါတယ်။

 

၂၀၁၃ ခုနှစ် သြဂုတ်လမှာ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ဆီးရီးယားနိုင်ငံ လာတာကီယာ ပြည်နယ်မှာ MiG-21 ဂျက်တိုက်လေယာဉ်တစ်စင်းကို FN-6 ပခုံးထမ်းဒုံးကျည်နဲ့ ပစ်ချခဲ့ပါတယ်။

 

အဲဒီနောက် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ အီရတ်နိုင်ငံ ဘိုင်ဂျီမြို့အနီးမှာ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က အီရတ် စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို FN-6 ပခုံးထမ်းဒုံးကျည်နဲ့ ပစ်ချခဲ့ပါတယ်။

 

အဲဒီလအတွင်းမှာပဲ စစ်သွေးကြွအဖွဲ့ဟာ Bell 407 ရဟတ်ယာဉ်တစ်စင်းကိုလည်း FN-6 ပခုံးထမ်းဒုံးကျည်နဲ့ ပစ်ချခဲ့ပါတယ်။

 

လက်ရှိ မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ KIA/TNLA/UWSA အပါအဝင် လက်နက်ကိုင်အဖွဲ့အချို့ကို ရောင်း ချထားပါတယ်။

 

KIA အဖွဲ့သည် တရုတ်နိုင်ငံထုတ် FN-6 ဖြင့် တပ်မတော်ပိုင် လေယာဉ် ၃ စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

 

#PeopleMedia


Share this post