တရုတ်နိုင်ငံမှ Sinovac ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၂၅ သန်း ဝယ်ယူရန် ဖိလစ်ပိုင်နိုင်ငံ အပြီးသတ်ဆွေးနွေး
PUBLISHED - December 15, 2020
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဖိလစ်ပိုင်နိုင်ငံက ယခုသီတင်းပတ်အတွင်း တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဝယ်ယူရေး စေ့စပ်ညိနှိုင်းမှုများ အပြီးသတ်လုပ်ဆောင်နေကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံက လာမည့်နှစ်အတွက် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၂၅ သန်း လိုအပ်ကြောင်း Sinovac Biotech မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆိုင်ရာ အထူး လုပ်ငန်းအဖွဲ့ အကြီးအကဲ ကာလစ်တိုဂါဗက်ဇ်က ပြောသည်။
ဖိလစ်ပိုင်နိုင်ငံက မတ်လမတိုင်မီ တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ရရှိရန် စေ့စပ်ညှိနှိုင်းနေ ကြောင်း အွန်လိုင်းမှပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ၄င်းက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံနှင့် ကာကွယ်ဆေး သဘောတူညီချက် အပြီးသတ်ရန်လိုအပ်ကြောင်း၊ အ ဘယ်ကြောင့်ဆိုသော် ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများအတွက် ဦးစားပေးတိုင်းပြည် မဟုတ်ကြောင်း သံအမတ်ကြီး ချီတိုရိုမာနာက ပြောသည်။
မရှိမဖြစ်လုပ်သားများ၊ ကူးစက်နိုင်ခြေမြင့်မားသူများအတွက် ရည်ရွယ်ကာ တရုတ်နိုင်ငံက ဇူလိုင်လအ တွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ်အခြေအနေ အသုံးပြုရေးအစီအစဉ် ဆောင်ရွက်ခဲ့သည်။
တရုတ်နိုင်ငံက နိုဝင်ဘာလယ်အထိ China National Biotech Group (CNBG) နှင့် Sinovac Biotech တို့မှ ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများကို ပြည်သူတစ်သန်းကို ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကိုးကား – ရိုက်တာ
Ref; Philippines finalizing talks for 25-M Sinovac doses vs COVID-19
(unicode)
တရုတ်နိုင်ငံမှ Sinovac ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၂၅ သန်း ဝယ်ယူရန် ဖိလစ်ပိုင်နိုင်ငံ အပြီးသတ်ဆွေးနွေး
……………………………………………………