• Follow Us on

Home တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ “အကြီးမားဆုံး ငြိမ်းချမ်းရေး အဖျက်သမား” ဖြစ်ကြောင်း ဖိလစ်ပိုင်ပြော

တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ “အကြီးမားဆုံး ငြိမ်းချမ်းရေး အဖျက်သမား” ဖြစ်ကြောင်း ဖိလစ်ပိုင်ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၈

 

တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှမှာ “အကြီးမားဆုံး ငြိမ်းချမ်းရေး အဖျက်သမား” ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား သောင်စွယ်တန်းနဲ့ ရေပိုင်နက်အငြင်းပွားမှု ကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ်အတွင်းမှာ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက အခုလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ၁၂ လအတွင်း တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်သင်္ဘောတွေနဲ့ တရုတ်သင်္ဘောတွေ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်အစည်းအဝေးတစ်ခုမှာ ကာကွယ်ရေးဝန် ကြီး ဂယ်လ်ဘတ်တိုတီယိုဒိုရိုက အခုလိုပြောကြားလိုက်တာပါ။

 

တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်အပါအဝင် တခြားနိုင်ငံတွေရဲ့တောင်းဆိုမှုကို မသိကျိုးကျွံပြုပြီး တောင်တရုတ်ပင် လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုပေမဲ့ နိုင်ငံတကာတရားရုံးကတော့ တရုတ်ရဲ့ ပြောဆို ချက်ဟာ ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်ထားပါတယ်။

 

တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်ကမ်းရိုးတန်းကနေ ကီလိုမီတာ ၃၇၀ (ရေမိုင် ၂၀၀) ဝန်းကျင်အကွာအဝေးမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုံအတွင်းပိုင်းက သောင်စွယ်တန်းတွေနဲ့ ရေပိုင်နက်ကိုပါ ၎င်းတို့ပိုင်ဆိုင်မှု ထဲ ထည့်သွင်းထားပါတယ်။

 

“တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ နိုင်ငံတကာငြိမ်းချမ်းရေးရဲ့ အကြီးမားဆုံး အဖျက်သမားဖြစ် ပါတယ်။” လို့ တီယိုဒိုရိုက ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ရေလမ်းကြောင်းရှုပ်ထွေးလှတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ကင်းလှည့်ရေယာဉ်အများအ ပြားကို တပ်ဖြန့်ချထားသလို ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုထားမှုကို ကာကွယ်ဖို့အတွက် တောင်တရုတ်ပင် လယ်တွင်း လူလုပ်ကျွန်းတုတွေကိုလည်း တည်ဆောက်ခဲ့ပါတယ်။

 

တရုတ်ရဲ့ ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေ မရပ်မချင်း တရုတ်ဆောင်ရွက်ချက်တွေရပ်တန့်ဖို့ တခြားနိုင်ငံတွေကပါ ဝိုင်းဝန်းတောင်းဆိုကြဖို့ တီယိုဒိုရိုက သတင်းထောက်တွေကို တိုက်တွန်းပြောကြားပါတယ်။

 

“တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေကို ဆန့်ကျင်ဖို့အတွက် ကျွန်တော်တို့ စုပေါင်းဆောင်ရွက်ဖို့လိုပါ တယ်။ ကျွန်တော်တို့ဟာ ပိုမိုအင်အားကြီးမားတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

တနင်္လာနေ့ (သြဂုတ်လ ၂၆ ရက်နေ့) ကလည်း သောင်စွယ်တန်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာသွားပို့ တဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် သင်္ဘော ၂ စီးကို တရုတ်သင်္ဘောအစီး ၄၀ က ဝိုင်းဝန်းနှောက်ယှက် ပိတ်ဆို့ တားဆီးခဲ့ကြပါတယ်။

 

ဖိလစ်ပိုင်လုံခြုံရေးချထားတဲ့ ဆာဘီနာသောင်စွယ်တန်းဟာ ဖိလစ်ပိုင်နိုင်ငံပိုင် ပါလာဝန်ကျွန်းနဲ့ ကီလိုမီတာ ၁၄၀ (၈၆ မိုင်) ဝန်းကျင်သာဝေးကွာပြီး တရုတ်နိုင်နဲ့ အနီးဆုံးဖြစ်တဲ့ တရုတ်ပိုင် ဟိုင်နန်ကျွန်းနဲ့ ကီလိုမီတာ ၁,၂၀၀ ဝန်းကျင်ဝေးကွာတဲ့နေရာမှာ တည်ရှိတာဖြစ်ပါတယ်။

 

Ref: Philippines Says China ‘Biggest Disruptor’ of Peace in Southeast Asia

 

#PeopleMedia


Share this post