• Follow Us on

Home တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုနဲ့ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထား

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုနဲ့ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၄

 

အရေးကြီးတဲ့စစ်ရေးသတင်းတွေ တရုတ်နိုင်ငံကို ပေးပို့ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

 

အသက် ၂၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား ရှင်ချိုဝေကို အမျိုးသားကာကွယ်ရေးသတင်းအချက်အလက်တွေ ကို တရုတ်ထောက်လှမ်းရေးတစ်ဦးထံ လျှို့ဝှက်စွာပေးပို့ခဲ့တဲ့အမှုနဲ့ စွဲဆိုထားပါတယ်။

 

အသက် ၂၆ နှစ်အရွယ် ဒုတပ်ကြပ် (Petty Officer) ဝန်းဟန်ဂျောင်းကိုတော့ အရေးကြီးတဲ့ ဓာတ်ပုံတွေ/ ဗီဒီယို တွေ ပေးပို့မှုအတွက် ငွေကြေးလက်ခံရယူထားတဲ့အမှုနဲ့ ဖမ်းဆီးထားတာဖြစ်ပါတယ်။

 

တရုတ်ထောက်လှမ်းရေးတစ်ဦးတည်းက အဲဒီရေတပ် တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဆက်သွယ်ခဲ့တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

 

အဲဒီတပ်ဖွဲ့ဝင်နှစ်ဦးစလုံးကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မစ္စတာဝေကိုတော့ ဆန်ဒီယာဂိုမှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းကိုတာဝန်ထမ်းဆောင်ဖို့ အသွား လမ်းမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့က ဆန်ဒီယာဂိုမှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တဲ့အကြောင်းကို အစိုးရရှေ့နေတွေက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

 

မစ္စတာရှင်ချိုဝေဟာ ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးယာဉ် USS Essex (လေယာဉ်တင်သင်္ဘောအငယ်စား) မှာ အကူစက်ပြင် (machinist’s mate) အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး နောက်ကြောင်းရှင်းလင်းသူဖြစ်ကာ သင်္ဘောရဲ့အရေးကြီးတဲ့သတင်းအချက်အလက်တွေကို သိခွင့်ရသူလည်းဖြစ်ကြောင်း အစိုးရရှေ့နေတွေကပြော ပါတယ်။

 

ရှင်ချိုဝေဟာ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်လာဖို့ ကြိုးစားဆောင်ရွက်နေစဉ်အတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လအတွင်းမှာ တရုတ်ထောက်လှမ်းရေးတစ်ဦးက ၎င်းကို ချဉ်းကပ်ခဲ့တာလို့ ဆိုပါတယ်။

 

တရုတ်ထောက်လှမ်းရေးဟာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ နည်းပညာလက်စွဲစာအုပ်တွေနဲ့ သင်္ဘောပုံကို အသေး စိတ်ရေးဆွဲထားတဲ့ ပုံစံစာရွက် (blueprint) တွေပေးပို့မှုအတွက် ပက်ထရစ်ဝေလို့ နာမည်ပေးထားတဲ့ ရှင်ချိုဝေ ကို ဒေါ်လာထောင်ပေါင်းများစွာပေးခဲ့ကြောင်း စွပ်စွဲချက်မှာ ဖော်ပြထားပါတယ်။

 

ရှင်ချိုဝေဟာ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတဲ့ မရိန်းတပ်ဖွဲ့ဝင်တွေစာရင်း အသေးစိတ်ကိုလည်း တ ရုတ်ထောက်လှမ်းရေးကို ပေးအပ်ခဲ့ကြောင်း တရားရေးဌာနအရာရှိတွေက ပြောပါတယ်။

 

“စစ်သည်တစ်ဦး ဒါမှမဟုတ် ရေတပ်သားတစ်ဦးဟာ ငွေကြေးရရှိဖို့ တိုင်းပြည်ကိုသစ္စာဖောက်ပြီး အမျိုးသားလုံ ခြုံရေးသတင်းအချက်အလက်တွေကို (ရန်သူ့ထံ) လွှဲပြောင်းပေးလိုက်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အရေး ယူရမှာပဲဖြစ်ပါတယ်။” လို့ အမေရိကန်ရှေ့နေ ရန်ဒီဂရော့စ်မန်းက ပြောပါတယ်။

 

တရုတ်နိုင်ငံကတော့ စွပ်စွဲထားတဲ့အမှုနဲ့ပတ်သတ်ပြီး အခုအချိန်အထိ ငြင်းဆိုထားဆဲဖြစ်ပါတယ်။

 

အမေရိကန်အစိုးရနဲ့ မီဒီယာတွေဟာ တရုတ်နိုင်ငံနဲ့ဆက်နွယ်တဲ့ဇာတ်လမ်းတွေကို မကြာခဏ ဖန်တီးချဲ့ကား ပြီး ဝါဒဖြန့်နေကြတယ်လို့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးပြောခွင့်ရပုဂ္ဂိုလ် လီယူပန်းယုစကားကို ကိုးကားပြီး Wall Street Journal က ရေးသားထားပါတယ်။

 

သောမတ်ဂျောင်းလို့ နာမည်ပေးထားတဲ့ ဝန်းဟန်ဂျောင်းဟာ လော့စ်အိန်ဂျလိစ်အနီး ဗန်တူရာကောင်တီမှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းမှာအလုပ်လုပ်နေသူဖြစ်ပါတယ်။ ၎င်းကိုတော့ ၂၀၂၁ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ် ရေး သတင်းအချက်အလက်တွေစုဆောင်းနေတဲ့ သုတေသီတစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့ တရုတ်ထောက် လှမ်းရေးတစ်ဦးက ချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဝန်းဟန်ဂျောင်းကိုတော့ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းမှာတပ်ဖြန့်ချထားတဲ့ ရေဒါစနစ်အတွက် ပုံကြမ်းတွေ၊ အသေးစိတ်ရေးဆွဲထားတဲ့ ပုံစံစာရွက် (blueprint) တွေနဲ့အတူ ဓာတ်ပုံတွေ၊ ဗီ ဒီယိုတွေပေးပို့မှုအတွက် ဒေါ်လာ ၁၅၀၀၀ နီးပါး ပေးခဲ့ကြောင်း အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

 

ပြစ်မှုထင်ရှားခဲ့ရင် မစ္စတာဝေက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို အနှစ် ၂၀ ကျခံရမှာဖြစ်သလို မစ္စတာ ဂျောင်းကတော့ အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ကျခံရမှာဖြစ်ပါတယ်။

 

အဲဒီတပ်ဖွဲ့ဝင်နှစ်ဦးကို သီးခြားစီခွဲခြား စစ်ဆေးနေတာဖြစ်ပြီး ၎င်းတို့အနေနဲ့ ၎င်းတို့အမှုကို ခုခံကာကွယ်ဖို့ ရှေ့ နေငှားရမ်းထားခြင်း ရှိမရှိ မသိရပါဘူး။

 

Ref: Two US Navy sailors charged with spying for China

 

#PeopleMedia


Share this post