• Follow Us on

Home တရုတ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးလေယာဉ်အင်ဂျင်နီယာ လိုက်ပါလာသည့် အာကာသယာဉ်ကို အောင်မြင်စွာလွှတ်တင်ခဲ့

တရုတ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးလေယာဉ်အင်ဂျင်နီယာ လိုက်ပါလာသည့် အာကာသယာဉ်ကို အောင်မြင်စွာလွှတ်တင်ခဲ့

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁

 

တရုတ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး လေယာဉ်အင်ဂျင်နီယာ လိုက်ပါလာသည့် Shenzhou-19 အာကာသ ယာဉ်ကို အောက်တိုဘာလ ၃၀ ရက် ၄ နာရီ ၂၇ မိနစ်တွင် ကျိုချွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာ၌ အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။

 

လွှတ်တင်ပြီး ၆ နာရီ နှင့် ၃၀ မိနစ်အကြာတွင် တရုတ်အာကာသစခန်းနှင့် အဆင်ပြေချောမွေ့စွာ ချိတ်ဆက်နိုင်ခဲ့‌ကြောင်း သိရသည်။

 

ယခုအကြိမ် လိုက်ပါသွားသော အာကာသယာဉ်မှူးအဖွဲ့တွင် အာကာသယာဉ်မှူး Mr. Cai Xuzhe၊ Mr. Song Lingdong နှင့် Ms. Wang Haoze တို့ပါဝင်ကြောင်း၊ အဆိုပါအာကာသယာဉ်မှူး သုံးဦးအနက် အာကာသ ယာဉ်မှူး Ms.Wang Haoze သည် တရုတ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး လေယာဉ်အင်ဂျင်နီယာ (Flight Engineer) ဖြစ်ပြီး တရုတ်နိုင်ငံ၏ တတိယမြောက် အမျိုးသမီး အာကာသယာဉ်မှူးလည်း ဖြစ်‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post