• Follow Us on
Latest News

Home တရုတ်နို်င်ငံက အနှစ် ၄၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်ပစ်ခတ်

တရုတ်နို်င်ငံက အနှစ် ၄၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

 

တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစ်စင်းကို နိုင်ငံတကာရေပိုင်နက်ထဲကို စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း တရုတ် နိုင်ငံက ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၅ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

အနှစ် ၄၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့က စမ်းသပ်ပစ်ခတ်ခဲ့တာဟာ ပုံမှန်ဆောင်ရွက်နေကျ အတိုင်းဆောင်ရွက်တာသာဖြစ်ပြီး ဘယ်နိုင်ငံ၊ ဘယ်ပစ်မှတ်ကိုမှ ရည်ရွယ်တာမဟုတ်ကြောင်း တရုတ်အစိုးရ က ပြောပါတယ်။

 

တရုတ်အစိုးရအနေနဲ့ ဒုံးကျည်ကျရောက်နိုင်တဲ့နေရာက နိုင်ငံတွေကိုလည်း သတိပေးထားခဲ့ကြောင်း တရုတ်မီ ဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

ဒါပေမဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကြိုတင်သတိပေးချက် ဘာတစ်ခုမှ လက်ခံရရှိခြင်းမရှိဘဲ စိုး ရိမ်ပူပန်မိကြောင်း ဂျပန်နိုင်ငံက သြစတေးလျ၊ နယူးဇီလန်တို့နဲ့အတူ ပြောကြားခဲ့ပါတယ်။

 

အခု တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်မှုဟာ အင်ဒို-ပစိဖိတ်ဒေသတစ်ဝန်း တင်းမာမှုတွေ မြင့်တက်နေတာကို ပိုမို အရှိန်မြှင့်တင်လိုက်သလိုဖြစ်သွားပြီး တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက် တာဝေးပစ်ခတ်နိုင်စွမ်းကို ထုတ် ဖော်ပြသလိုက်တာလည်း ဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ကာကွယ်ရေးအင်အာားမြင့်တင်တဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ၎င်းတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို တိုးချဲ့နေကြောင်း ပြီးခဲ့တဲ့နှစ်က အမေရိကန်အစိုးရက သတိပေးခဲ့ပါတယ်။

 

တိုက်ချင်းပစ်ဒုံးကျည်ဟာ ကီလိုမီတာ ၅၅၀၀ ကျော်အထိ ပျံသန်းနိုင်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ အမေရိ ကန် ပင်မကုန်းမြေနဲ့ ဟာဝိုင်ယီကျွန်းတို့အထိ ရောက်အောင် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုဟာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ နျူကလီးယားပိုင်ဆိုင်မှု နဲ့ နှိုင်းယှဉ်ရင် ငါးပုံတစ်ပုံစာအောက်သာ ရှိသေးကြောင်း ခန့်မှန်းတွက်ချက်ထားကြသလို တရုတ်နိုင်ငံကလည်း ၎င်းတို့ရဲ့ နျှူကလီးယားလက်နက်ထိန်းသိမ်းမှုဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရေးအတွက်သာဖြစ်တယ်လို့ ပြောဆိုခဲ့တာ ကြာပြီဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့ကတော့ တာဝေးဒပစ်ဒုံးကျည်ကို ဒေသစံတော်ချိန် ၈ နာရီ ၄၄ မိနစ် (04:44 GMT) မှာ ပစ်ခတ်ခဲ့ ကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။

 

အဲဒီတိုက်ချင်းပစ်ဒုံးကျည်ဟာ လေ့ကျင့်ရေးထိပ်ဖူးတစ်ခုသာ တပ်ဆင်ထားပြီး တောင်ပစိဖိတ်ဒေသလို့ ယုံ ကြည်ရတဲ့ သတ်မှတ်ထားတဲ့နယ်မြေမှာ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: China’s long-range missile test sparks concerns

 

#PeopleMedia


Share this post