• Follow Us on
Latest News

Home တရုတ်နဲ့ စစ်ဖြစ်ခဲ့ရင် စစ်ပွဲအတွင်း သင်္ဘောတွေ အမြန်ပြုပြင်နိုင်အောင် အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားက သင်္ဘောကျင်းတွေမှာ စစ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းဖို့ အမေရိကန် စဉ်းစားနေ

တရုတ်နဲ့ စစ်ဖြစ်ခဲ့ရင် စစ်ပွဲအတွင်း သင်္ဘောတွေ အမြန်ပြုပြင်နိုင်အောင် အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားက သင်္ဘောကျင်းတွေမှာ စစ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းဖို့ အမေရိကန် စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ မေ ၇

 

အမေရိကန်ပြည်ထောင်စုဟာ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ရေတပ်သင်္ဘောခြောက်စင်းကို ဂျပန်၊ တောင်ကိုရီး ယားနဲ့ အိန္ဒိယမှာရှိတဲ့ နိုင်ငံတကာ သင်္ဘောကျင်းတွေမှာ ပြုပြင်ထိန်းသိမ်းသွားဖို့ စဉ်းစားနေပါတယ်။

 

ကွန်ဂရက်လွှတ်တော်က ခွင့်ပြုခဲ့ရင် အမေရိကန်ရေတပ်သင်္ဘောတွေရဲ့ ပြုပြင်ထိန်းသိမ်းမှုအတွက် နိုင်ငံခြား သင်္ဘောကျင်းတွေ ရှာဖွေသတ်မှတ်ရာမှာ အခုအစီအစဉ်ဟာ ထင်ရှားတဲ့ကြိုးပမ်းမှုတစ်ရပ်ဖြစ်လာမှာဖြစ်ပြီး တရုတ်ရေတပ်အင်အားကြီးထွားလာတာကို တုံ့ပြန်ရာမှာ ပိုမိုအာရုံစိုက်လာတာကို ထောက်ပြတာလည်းဖြစ်ပါ တယ်။

 

၂၀၂၅ ခုဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ကော်မတီရဲ့ကြားနာပွဲမှာ ရေတပ်အတွင်းဝန်ကားလော့စ်ဒီတိုရိုက အခုအစီအစဉ်ကို ပြောကြားလိုက်တာဖြစ် ပါတယ်။

 

“ကျွန်တော်တို့ စစ်ပွဲထဲ ဝင်ရောက်တိုက်ခိုက်ရတော့မယ်ဆိုရင် အဲဒီအချိန်ကျရင် ဘယ်သင်္ဘောကျင်းတွေ၊ ဘယ်နိုင်ငံတွေက ကျွန်တော်တို့သင်္ဘောတွေကို အမှန်တကယ် ပြုပြင်ပေးနိုင်မှာလဲဆိုတာကို တိတိကျကျ သိရ မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်ဝမ် ဒါမှမဟုတ် ဖိလစ်ပိုင်နဲ့ ပတ်သက်တဲ့ စစ်ပွဲတစ်ခုခုဖြစ်ပွားလာခဲ့လို့ အမေရိကန်စစ်သင်္ဘောတစ်စီး ထိ ခိုက်ပျက်စီးခဲ့ပြီဆိုရင် အမေရိကန်အနေနဲ့ အဲဒီလိုထိခိုက်ထားတဲ့သင်္ဘောတွေကို ပြုပြင်ဖို့အတွက် ဂူဝမ်ကျွန်း၊ ဟာဝိုင်ယီကျွန်း ဒါမှမဟုတ် အမေရိကန်အနောက်ဘက်ကမ်းခြေကို ပြန်လည်ပို့ဆောင်ရမှာဖြစ်ပါတယ်။

 

ဒါပေမဲ့ အနာဂတ်မှာ စစ်ပွဲဖြစ်ပွားနိုင်တဲ့ နယ်မြေအနီးက သင်္ဘောကျင်းတွေမှာ ပြုပြင်မှုလုပ်နိုင်ခြင်းဟာ အလုပ် တွင်ပြီး ပိုမိုမြန်ဆန်စေကာ အဲဒီသင်္ဘောတွေကို စစ်မြေပြင်ကို အမြန်ပြန်လည်စေလွှတ်နိုင်မှာဖြစ်ပါတယ်။

 

နိုင်ငံတကာသင်္ဘောကျင်းတွေမှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်တာ ပုံမှန်အားဖြင့် ရက်ပေါင်း ၉၀ အတွင်း အပြီးဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ကားလော့စ်ဒီတိုရိုက ပြောပါတယ်။

 

သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းဖို့အတွက် အမေရိကန်ရေတပ်က မဟာမိတ်နိုင်ငံတွေနဲ့အတူ မိတ်ဖက်အဖွဲ့အ စည်းတွေ ရှာဖွေနေစဉ်အတွင်း အခုလို နိုင်ငံခြားသင်္ဘောကျင်းတွေ အသုံးပြုဖို့ အဆိုပြုချက် ထွက်ပေါ်လာခဲ့တာ ပဲဖြစ်ပါတယ်။

 

အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်တည်ရှိမှုကို မြှင့်တင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ စစ်စခန်း မ ဟုတ်တဲ့ မဟာဗျူဟာမြောက်နေရာတွေကို ကြိုးစားရှာဖွေနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီကြိုးပမ်းမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံကို ဟန့်တားထားနိုင်ဖို့ပဲဖြစ်ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး တန်ပြန်အင်အားချိန်ခွင်လျှာညှိဖို့အတွက် အမေရိကန်အစိုးရဟာ ဒေသတွင်းက နိုင်ငံလေး ငါးနိုင်ငံနဲ့ လုံခြုံရေးစာချုပ်သစ်တွေ ချုပ်ဆိုတာဖြစ်စေ ရှိပြီးသားစာချုပ်တွေကို အဆင့်မြှင့်တင်တာဖြစ်စေ ဆောင်ရွက်လျက်ရှိပါတယ်။

 

မကြာသေးခင်နှစ်များအတွင်းကပဲ အမေရိကန်အစိုးရဟာ ဗီယက်နမ်၊ ဂျပန်၊ ဖလောင်း၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ ပါပူဝါနယူးဂီနီ၊ အိန္ဒိယနိုင်ငံတို့နဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။

 

အဲဒီစာချုပ်တွေထဲမှာ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေ ပြန်လည်ပြင်ဆင်ရေးနဲ့ လိုအပ်တဲ့ ခဲယမ်း/ရိက္ခာ ပြန်လည်ဖြည့်တင်းရေး၊ အခြေခံအဆောက်အဦတွေ မြှင့်တင်ရေးနဲ့ ပင်လယ်ပြင်ဥပဒေနဲ့ ဥပဒေစိုးမိုးရေးစွမ်းရည် မြင့်တင်ရေး အပါအဝင် အကြောင်းအရာမျိုးစုံပါဝင်ပါတယ်။

 

ဒီကြိုးပမ်းမှုတွေဟာ အမေရိကန်စစ်သင်္ဘောအစီးရေ ၂၉၀ ကို ကျော်လွန်သွားပြီဖြစ်တဲ့ တရုတ်စစ်သင်္ဘောအစီး ရေ ၃၅၀ ကျော်ကို တန်ပြန်ရင်ဆိုင်ရာမှာ မရှိအဖြစ် အရေးပါတဲ့ ကြိုးပမ်းမှုတွေဖြစ်ပါတယ်။

 

Ref: US Navy Eyes Indian, Japanese & Korean Shipyards To Quickly Repair Its Warships During War With China

 

#PeopleMedia


Share this post