တရုတ်နဲ့ မလေးရှားတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ် ပြန်လည်ချုပ်ဆို
PUBLISHED - June 19, 2024
နိုင်ငံတကာ၊ ဇွန် ၁၉
တရုတ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဟာ ငါးနှစ်သက်တမ်း စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘော တူစာချုပ်ကို အသစ်တစ်ဖန်ပြန်လည်ချုပ်ဆိုလိုက်ပြီး နှစ်နိုင်ငံကြား ခရီးသွားလာရေးဗီဇာကင်းလွတ်ခွင့်အစီအ စဉ်တွေကိုလည်း ပြန်လည်ဆန်းစစ်ဖို့ သဘောတူညီခဲ့ကြပါတယ်။
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အနှစ် ၅၀ ပြည့် အခမ်းအနားတက်ရောက်ဖို့အတွက် တရုတ်ဝန်ကြီးချုပ် လီချီယန် အလည်အပတ်ရောက်ရှိစဉ်အတွင်း အခုလို သဘာတူစာချုပ်တွေ ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။
အင်္ဂါနေ့ ညနေပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကိုရောက်ရှိလာတဲ့ လီဟာ မလေးရှားဝန်ကြီးချုပ် အန္နဝါ အီဘရာဟမ်နဲ့ အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲအပြီးမှာ မလေးရှားနိုင်ငံက ဒူးရင်းသီးတွေ တရုတ်နိုင်ငံကို တင်ပို့ရေးအပါအဝင် သဘောတူစာချုပ် လေးငါးခုကို လီနဲ့ အန္နဝါတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အခုသဘောတူစာချုပ်အရ မလေးရှားနိုင်ငံဟာ ဒေါ်လာဘီလျံချီပြီးဝင်ငွေရနေတဲ့ တရုတ်ဈေးကွက်ထဲကို အာဆီယံထဲက ထိုင်းနဲ့ ဗီယက်နမ်တို့လို ဒူးရင်းသီးတင်ပို့တဲ့ ကမ္ဘာ့အကြီးဆုံးဒူးရင်းသီးတင်ပို့တဲ့ နိုင်ငံဖြစ်လာ မှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို အရင်တုန်းက ဒူးရင်းသီးနဲ့ ထုတ်လုပ်ထားတဲ့စားသောက်ကုန်တွေနဲ့ အေးခဲဒူးရင်းသီးတွေကို သာ တရုတ်နိုင်ငံကို တင်ပို့ခွင့်ပြုထားတာဖြစ်ပါတယ်။
အာရှ-ပစိဖိတ်ဒေသတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာတင်းမာမှုတွေနဲ့ ပြိုင်ဆိုင်မှုတွေ မြင့်တက်နေတဲ့ကြားမှာ တရုတ်နိုင်ငံက ၎င်းတို့ရဲ့သြဇာလွှမ်းမိုးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေ စဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချီယန်ဟာ နယူးဇီလန်နဲ့ သြစတေးလျကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် မလေးရှားကို လာရောက်ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်လီဟာ မလေးရှားဘုရင် ဆူလတန်အီဘရာဟမ်နဲ့လည်း တွေ့ဆုံဖို့ မျှော်လင့်ထားသလို တရုတ်နိုင်ငံ ပိုးလမ်းမကြီးစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အရှေ့ဘက်ကမ်းရိုးတန်းရထားလမ်း တည်ဆောက်ရေးလုပ် ငန်းခွင်ဖွင့်ပွဲအခမ်းအနားကိုလည်း ဗုဒ္ဓဟူးနေ့မှာ တက်ရောက်သွားမယ်လို့် ခန့်မှန်းထားပါတယ်။
အရှည် ၄၁၃ မိုင်ရှည်လျားပြီး မလေးရှားရင်းဂစ် ၅၀.၂၇ ဘီလျံ (ဒေါ်လာ ၁၀.၇ ဘီလျံ) အကုန်အကျခံတည် ဆောက်မယ့် အဲဒီရထားလမ်းဟာ မလေးကျွန်းဆွယ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်တို့ကို ဆက်သွယ်ထား ပြီး ၂၀၂၆ ခုနှစ် ကုန်ပိုင်းလောက်မှာ အပြီးတည်ဆောက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
Ref: China, Malaysia renew economic pact, to review visa-free travel
#PeopleMedia