တရုတ်နဲ့ ရုရှားကို တိုက်ခိုက်ဖို့အတွက် လာမယ့်နှစ်မှာ ဂြိုဟ်တုဆက်သွယ်ရေးကြားဖြတ်နှောင့်ယှက်တိုက်ခိုက် နိုင်မယ့် Jammer တွေ အမေရိကန်လက်ခံရရှိမည်
PUBLISHED - October 30, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၃၀
အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နဲ့ ရုရှား ဂြိုဟ်တု ဆက်သွယ်ရေးစနစ်တွေကို နှောင့်ယှက်တိုက်ခိုက်ဖို့အတွက် လက်နက်သစ် (Jammer) တစ်မျိုးကို လာမယ့်နှစ်မှာ ရရှိတော့မှာဖြစ်ကြောင်း အမေရိကန်လေတပ်က Bloomberg မီဒီယာကို ပြောပါတယ်။
L3Harris ကုမ္ပဏီထုတ် အီလက်ထရောနစ်စစ်ဆင်ရေးလက်နက်စနစ်တစ်ခုဖြစ်ပြီး “Meadowlands” (မက်ဒေါ် လန်း – စားကျက်မြေ မြက်ခင်းပြင်များ) လို့ အမည်ရတဲ့ အဲဒီနည်းပညာသစ်ကို မူလက ၂၀၂၂ ခုနှစ်မှာ လွှဲ ပြောင်းပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Meadowlands ဟာ မြေပြင်အခြေစိုက် ရေဒီယိုလှိုင်းနှုန်းထုတ်လွှင့်စက်တွေကို အသုံးပြုပြီး ဂြိုဟ်ပတ်လမ်း ကြောင်းထဲမှာရှိတဲ့ ဂြိုဟ်တုတွေဆီက ထုတ်လွှင့်မှုကို ကြားဖြတ်နှောင့်ယှက်တိုက်ခိုက်နိုင်ပါတယ်။
အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာ ရန်သူ့ဂြိုဟ်တုဆက်သွယ်မှုကို ကြားဖြတ်နှောင့်ယှက်နိုင်တဲ့ CCS ရွေ့ လျားစခန်းခေါ် L3Harris ကုမ္ပဏီထုတ် တန်ပြန်ဆက်သွယ်ရေးစနစ် (L3Harris Counter Communications System) ၁၆ စုံကို အသုံးပြုနေပါတယ်။
အဲဒီ CCS ရွေ့လျားစခန်းတန်ပြန်ဆက်သွယ်ရေးစနစ်တွေကို အမေရိကန် အာကာသတပ်ဖွဲ့နဲ့ လေကြောင်း အ မျိုးသားတပ်ဖွဲ့တွေမှာ အသုံးပြုနေပါတယ်။
CCS စခန်းတန်ပြန်ဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ထားတဲ့ Meadowlands စနစ်သစ်ကို အနာဂတ် စစ် မြေပြင်လိုနေရာမျိုးတွေမှာ တပ်ဖြန့်ချထားနိုင်ပြီး မြေပြင်က အမေရိကန်တပ်ဖွဲ့ဝင်တွေကို စောင့်ကြည့်ထောက် လှမ်းပြီး ပစ်မှတ်ထားတိုက်ခိုက်နေနိုင်တဲ့ ရန်သူ့ဂြိုဟ်တုတွေကို နှောင့်ယှက်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။
CCS စခန်းတန်ပြန်ဆက်သွယ်ရေးစနစ်ကို Meadowlands စနစ်သစ်အဖြစ် အဆင့်မြှင့်တင်ဖို့အတွက် ဒေါ်လာ ၁၂၄ သန်းတန်ကန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအဆင့်မြှင့်တင်မှုကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းနဲ့ နိုင်ငံတကာမှာ တပ်ဖြန့်ချထားတဲ့ တပ်ဖွဲ့တွေရဲ့ စွမ်း ရည်တွေကို နှစ်ဆမြှင့်တင်ပေးသွားနိုင်မှာဖြစ်တယ်လို့ L3Harris ကုမ္ပဏီက စာချုပ်ချုပ်စဉ်က ပြောပါတယ်။
စစ်ဆင်ရေးထိရောက်မှု မြှင့်တင်ခြင်း၊ အရွယ်အစားနဲ့ စွမ်းအင်လိုအပ်မှု လျှော့ချခြင်းနဲ့ အလိုအလျောက် ဆောင်ရွက်နိုင်မှုကို မြှင့်တင်ပေးခြင်းတို့အတွက် ရည်ရွယ်ပြီး လက်နက်စနစ်အဆင့်မြှင့်တင်မှု ဆောင်ရွက်တာ ဖြစ်တယ်လို့ဆိုပါတယ်။
Meadowlands Jammer စနစ် ၃၂ ခုအနက် ပထမဦးဆုံး ၅ ခုကို စတင်အသုံးပြုကြောင်း ကြေညာတဲ့အချိန် လာမယ့်နှစ် ဇန်နဝါရီလနဲ့ မတ်လကြားမှာ ဒီစနစ်တွေကို ဆန်းစစ်လေ့လာအကဲဖြတ်ဖို့ အမေရိကန်အာကာသ တပ်ဖွဲ့က စီစဉ်ထားပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေမြင့်တက်နေပြီး ယူကရိန်းစစ်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ GPS စနစ် ကြား ဖြတ်နှောင့်ယှက်မှုအပါအဝင် အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကနေ မိမိတို့ဆက်သွယ်ရေး စနစ်တွေကို ကာကွယ်ဖို့ အမေရိကန်နိုင်ငံက အဓိက အာရုံစိုက်ဆောင်ရွက်နေပါတယ်။
Ref: US to Receive Satellite Jammers to Counter China, Russia Next Year
#PeopleMedia