• Follow Us on

Home တရုတ်နဲ့ အိန္ဒိယကို ရုရှားရေနံတင်ပို့နေတာကို ထိန်းချုပ်ဖို့ ရုရှားနိုင်ငံကို အမေရိကန်က အရေးယူပိတ်ဆို့မှု အသစ်တွေ ချမှတ်

တရုတ်နဲ့ အိန္ဒိယကို ရုရှားရေနံတင်ပို့နေတာကို ထိန်းချုပ်ဖို့ ရုရှားနိုင်ငံကို အမေရိကန်က အရေးယူပိတ်ဆို့မှု အသစ်တွေ ချမှတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄

 

ရုရှားရေနံထုတ်လုပ်ရေးကုမ္ပဏီ Gazprom Neft နဲ့ Surgutneftegas တို့အပြင် ရုရှားအစိုးရအတွက် ယူကရိန်းစစ်ပွဲ တိုက်ခိုက်ရာမှာ ရန်ပုံငွေရှာဖွေပေးနေတဲ့ ရေနံတင်သင်္ဘော ၁၈၃ စီးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၁၀ ရက်နေ့) က စီးပွားရေးအရေးယူပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။

 

အနောက်အုပ်စုက စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်သလို ၂၀၂၂ ခုနှစ်မှာ ခုနစ်နိုင်ငံအုပ်စုက ဈေးနှုန်းကန့် သတ်ချက်ပြဋ္ဌာန်းလိုက်စဉ်အတွင်း အဆိုပါဆီတင်သင်္ဘောအများအပြားဟာ အိန္ဒိယနဲ့ တရုတ်ကို ရေနံတင်ပို့ရာမှာအသုံး ပြုခဲ့တဲ့သင်္ဘောတွေဖြစ်ပါတယ်။

 

တချို့ဆီသင်္ဘောတွေကတော့ အရေးယူပိတ်ဆို့ခံထားရတဲ့ အီရန်နိုင်ငံက ရေနံတွေ သွားရောက်တင်ယူနေတဲ့ သင်္ဘော တွေဖြစ်ပါတယ်။

 

အခုချမှတ်လိုက်တဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုအသစ်ကြောင့် ရုရှားရေနံပို့ကုန်တွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှာ ဖြစ်သလို တရုတ်နိုင်ငံက လွတ်လပ်တဲ့ရေနံသန့်စင်စက်ရုံတွေရဲ့ ထုတ်လုပ်မှုကိုလည်း လျော့ကျသွားစေမှာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ တရုတ်ကုန်သွယ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

စီးပွားရေးအရေးယူပိတ်ဆို့ခံရတဲ့ သင်္ဘောတွေအနက် ဆီတင်သင်္ဘော ၁၄၃ စီးဟာ ပြီးခဲ့တဲ့နှစ်က ရုရှားရေနံစိမ်း စည် ပေါင်း သန်း ၅၃၀ ကျော်ကို ပို့ဆောင်ပေးခဲ့တဲ့သင်္ဘောတွေဖြစ်ပြီး အဲဒီပမာဏဟာ ရုရှားနိုင်ငံရဲ့ ပင်လယ် ရေကြောင်း ရေနံစိမ်းတင်ပို့ စုစုပေါင်းရဲ့ ၄၂% ရှိတယ်လို့ Kpler ဦးပိုင်ကုမ္ပဏီရဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆန်းစစ်လေ့လာသူ Matt Wright က ပြောပါတယ်။

 

အဲဒီရေနံစိမ်းစည်တွေထဲက စည်ပေါင်း သန်း ၃၀၀ ဝန်းကျင်ကို တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ကျန်တဲ့ ရေနံစည် တွေကိုတော့ အိန္ဒိယနိုင်ငံကို ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဒီအရေးယူပိတ်ဆို့မှုကြောင့် ရေတိုကာလမှာ ရုရှားနိုင်ငံက ရေနံစိမ်းတင်ပို့နေတဲ့ သင်္ဘောအရေအတွက် လျော့ကျသွား မှာဖြစ်ပြီး ရေနံသယ်ယူပို့ဆောင်ခတွေလည်း မြင့်တက်သွားမှာဖြစ်ပါတယ်။” လို့ Wright က ပြောပါတယ်။

 

အခု အရေးယူခံလိုက်ရတဲ့ ဆီတင်သင်္ဘောတွေဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း ရုရှားနိုင်ငံကနေ တရုတ်နိုင်ငံကို တစ်ရက် ကို ရေနံစည်ပေါင်း ၉၀၀,၀၀၀ တင်ပို့ခဲ့တဲ့သင်္ဘောတွေဖြစ်ကြောင်း စင်္ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

 

“ရေနံစိမ်းတင်ပို့မှုတွေ ရုတ်တရက် ထိုးကျသွားတော့မှာဖြစ်ပါတယ်။” လို့ အဆိုပါကုန်သည်က ပြောပါတယ်။

 

Ref: Tougher US sanctions to curb Russian oil supply to China, India

 

#PeopleMedia


Share this post