တရုတ်နှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ) တို့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်း နိုင်ငံရေးဝန်ကြီးဌာန ထုတ်ပြန်
PUBLISHED - January 17, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ) တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေး ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထိုင်ဝမ်(တရုတ်-တိုင်ပေ) ဒေသ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို အစဉ်တစိုက် ထောက်ခံပြီး ယင်းမူဝါဒ အရ ထိုင်ဝမ်(တရုတ်-တိုင်ပေ)သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍မရသော အစိတ်အပိုင်း တစ်ခု အဖြစ် မှတ်ယူထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင် ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော ဆောင်ရွက် ချက်များအား ဆန့်ကျင်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို တစ်စိုက်မတ်မတ် ထောက်ခံ လျက်ရှိကြောင်း ထပ်လောင်း အတည်ပြုအပ်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia