• Follow Us on
Latest News

Home တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ သွားရောက်လေ့လာ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ သွားရောက်လေ့လာ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉

 

မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင်သော  ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့်  ရေကြောင်းလုံခြုံရေး ဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ ပြီး သန်လျင်တပ်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ဆိပ်ကြီး)တွင် ပညာ သင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား စာရေး ကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့နောက် ညနေပိုင်းတွင် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။ ထို့ပြင် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် တရုတ်စစ်ရေ ယာဉ်များပေါ်သို့ တက်ရောက်လေ့လာခဲ့ကြောင်းနှင့် တရုတ်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များ အနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက် လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post