• Follow Us on

Home တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ဆောင်ရွက်ရန် ရန်ကုန်မြို့သို့ရောက်ရှိ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ဆောင်ရွက်ရန် ရန်ကုန်မြို့သို့ရောက်ရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ် များဖြစ်သည့် ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ မြန်မာ-တရုတ်ရေကြောင်း လုံခြုံရေးဆိုင်ရာလေ့ကျင့် ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ယမန်နေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Sun Bo ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၇၀၀ ခန့်လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ် ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post