• Follow Us on

Home တရုတ်မှာ အမေရိကန်တက္ကသိုလ်ကျောင်းဆရာလေးဦး ဓားထိုးခံရပြီး ဆေးရုံရောက်

တရုတ်မှာ အမေရိကန်တက္ကသိုလ်ကျောင်းဆရာလေးဦး ဓားထိုးခံရပြီး ဆေးရုံရောက်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၁

 

တရုတ်နိုင်ငံက ပန်းခြံတစ်ခုမှာ အမေရိကန်တက္ကသိုလ်ဆရာလေးဦးကို အမည်မသိလူတစ်ဦးက ဓားနဲ့ထိုးခဲ့တဲ့ အတွက် အဆိုပါဆရာလေးဦး ဆေးရုံတင်ထားရကြောင်း BBC မှာ ရေးသားဖော်ပြထားပါတယ်။

 

အိုင်အိုဝါကော်နယ်တက္ကသိုလ်က ဆရာလေးဦးဟာ တရုတ်နိုင်ငံမြောက်ပိုင်း ဂျီလင်ပြည်နယ်မှာရှိတဲ့ ပန်းခြံတစ် ခုကို သွားရောက်လည်ပတ်စဉ် အခုလို ဓားထိုးခံရတာဖြစ်ကြောင်း ကောလိပ်ကျောင်းရဲ့ထုတ်ပြန်ချက်ထဲမှာဖော် ပြထားပါတယ်။

 

ဓားနဲ့အထိုးခံရတဲ့အထဲမှာ ၎င်းရဲ့အစ်ကိုဖြစ်သူ ဒေးဗစ်လည်းပါဝင်ကြောင်း အိုင်အိုးဝါးလွှတ်တော်အမတ် အဒမ် ဇက်ဘ်နာက ပြောပါတယ်။

 

သူ့အစ်ကိုပါတဲ့ အဲဒီကျောင်းဆရာအုပ်စုဟာ ဒေသတွင်းက ဘုရားကျောင်းတစ်ခုကို တနင်္လာနေ့ (ဇွန်လ ၁၀ ရက်နေ့) က သွားရောက်လည်ပတ်နေစဉ် အခုလို ဓားထိုးခံခဲ့ရတာလို့ ၎င်းက ပြောပါတယ်။

 

“အစ်ကိုက ဘေရှန်ပန်းခြံထဲမှာ လက်မောင်းကို ဓားထိုးခံလိုက်ရတာပါ။ ပြန်ကောင်းပါတော့မယ်။ အခုမနက်အ ထိတော့ ဆေးရုံကမဆင်းရသေးပါဘူး။ ဒါပေမဲ့ အခြေအနေကောင်းကပါတယ်။” လို့ ဇက်ဘ်နာက BBC ကို ပြောပါတယ်။

 

ဂျီလင်ပြည်နယ်ထဲက ဓားထိုးမှုနဲ့ပတ်သက်ပြီး သတင်းရရှိထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက BBC ကို ပြောပေမဲ့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

အမေရိကန်တက္ကသိုလ်ဆရာလေးဦးဟာ ကော်နယ်တက္ကသိုလ်နဲ့ တရုတ်နိုင်ငံတွင်းက တက္ကသိုလ်တစ်ခု မိတ် ဖက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ လာရောက်သင်ကြားပို့ချနေတာဖြစ်ကြောင်း ကော်နယ်တက္ကသိုလ်က ပြောပါတယ်။

 

တနင်္လာနေ့က အဲဒီပန်းခြံကို သွားရောက်ရာမှာ အမေရိကန်ဆရာလေးဦးနဲ့အတူ ဘေဟွာတက္ကသိုလ်က အဖွဲ့ ဝင်တစ်ဦးလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပြီဖြစ်ပေမဲ့ တရုတ်အာဏာပိုင်တွေဆီက တုံ့ပြန်မှုကို တော့ အခုအချိန်အထိ မတွေ့မြင်ရသေးပါဘူး။

 

ဓားထိုးမှုကြောင့် လူသုံးဦး ထက်မနည်း သွေးတွေနဲ့ လဲကျနေတဲ့ပုံတွေ လိုင်းပေါ်မှာ ပျံ့နှံ့နေပေမဲ့ မကြာခင်မှာပဲ တရုတ်အင်တာနက်က အဲဒီဓာတ်ပုံတွေကို ညဆင်ဆာဖြတ်ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

 

Ref: Four US college instructors stabbed in Public Park in China

 

#PeopleMedia


Share this post