• Follow Us on

Home တရုတ်ရန်ကကာကွယ်ပေးထားတဲ့အတွက် အမေရိကန်ကို ထိုင်ဝမ်က အခကြေးငွေပေးသင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

တရုတ်ရန်ကကာကွယ်ပေးထားတဲ့အတွက် အမေရိကန်ကို ထိုင်ဝမ်က အခကြေးငွေပေးသင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၈

 

ထိုင်ဝမ်နိုင်ငံအနေနဲ့ ၎င်းတို့ကို အကာအကွယ်ပေးထားတဲ့အတွက် အမေရိကန်ကို အခကြေးငွေပေးသင့်တယ် လို့ အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲဝင်မယ့် ဒေါ်နယ်ထရမ့်က အင်တာဗျူးတစ်ခုမှာပြောကြားလိုက်ပါ တယ်။

 

အင်္ဂါနေ့ (ဇူလိုင်လ ၁၆ ရက်နေ့) က Bloomberg Businessweek က ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ တရုတ်နိုင်ငံက ၎င်းတို့ရဲ့အစိတ်အပိုင်းတစ်ရပ်လို့ ပြောထားတဲ့ ထိုင်ဝမ်ကို ကာကွယ်သွားမှာလားလို့ သမ္မတ ဟောင်းထရမ့်ကို မေးမြန်းတဲ့အခါ ထရမ့်က အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

“သူတို့ကို ကျွန်တော် ကောင်းကောင်းသိသလို အင်မတန်လည်း လေးစားပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ chip (တစ်ပိုင်းလျှပ်ကူးပစ္စည်း) စီးပွားရေးနယ်ပယ်ကို ၁၀၀ ရာခိုင်နှုန်းနီးပါး လွှမ်းမိုးထားခဲ့သူတွေပါ။ ထိုင်ဝမ် အနေနဲ့ သူတို့ကိုကာကွယ်ပေးနေတဲ့အတွက် ကျွန်တော်တို့ကို အခကြေးငွေပေးသင့်ပါတယ်။” လို့ ထရမ့်က ပြောပါတယ်။

 

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ဟာ အာမခံကုမ္ပဏီတစ်ခုနဲ့ အတူတူလိုဖြစ်နေပြီ။ ထိုင်ဝမ်က ကျွန် တော်တို့ကို ဘာမှ မပေးဘူးဗျ။” လို့ ၎င်းက ပြောပါတယ်။

 

အမေရိကန်အစိုးရဟာ သံတမန်ပရိယာယ်အရ ထိုင်ဝမ်ကျွန်းကို အသိအမှတ်ပြုမထားပေမဲ့ ထိုင်ဝမ်ကို လက် နက်အများဆုံးထောက်ပံ့နေတဲ့ အဓိက မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

 

မကြာသေးခင်ကပဲ တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ဖို့အတွက် ထိုင်ဝမ်ကို ဒေါ်လာဘီလျံပေါင်းများစွာ တန်တဲ့ စစ်ရေးအကူအညီပေးဖို့ အမေရိကန်အစိုးရက ခွင့်ပြုခဲ့ပါတယ်။

 

ထိုင်ဝမ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးနယ်ပယ်ကိုထောက်ပံ့ဖို့လိုအပ်တဲ့ အဆင့်မြင့် မက်ခရိုချိ(ပ်)တွေကို ထုတ်လုပ် နေတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းတည်ရှိရာ အဓိက ထောက်ပံ့ရေးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

 

ဒီနယ်ပယ်မှာ ဦးဆောင်နေတဲ့အဖွဲ့ကတော့ အမေရိကန်မြေပေါ်မှာ ချိ (ပ်) စက်ရုံတွေလာရောက်တည်ဆောက် နိုင်ရေး ကုမ္ပဏီတွေကိုဆွဲဆောင်ဖို့အတွက် ၂၀၂၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ချိ (ပ်) နဲ့ သိပ္ပံ ပညာအက်ဥပဒေရဲ့ အကျိုးကျေးဇူးကို အဓိကခံစားခဲ့ရတဲ့ ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ (TSMC) ပဲဖြစ်ပါတယ်။

 

အဲဒီဥပဒေကြောင့် အမေရိကန်ပြည်ထောင်စုမှာ စက်ရုံနှစ်ခုဆောက်လုပ်နေသလို တတိယမြောက် စက်ရုံကို လည်း တည်ဆောက်သွားမှာဖြစ်ကြောင်း ဧပြီလက ကြေညာခဲ့တဲ့ TSMC ဟာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၅ ဘီလျံအထိ ယူဆောင်လာမှာဖြစ်ပါတယ်။

 

မိမိတို့နိုင်ငံထဲမှာ ချိ (ပ်) စက်ရုံတွေတည်ဆောက်ဖို့အတွက် အမေရိကန်အစိုးရက ထိုင်ဝမ်တွေကို ဒေါ်လာဘီ လျံနဲ့ချီပြီးပေးနေကြောင်း၊ ၎င်းတို့အနေနဲ့ အဲဒီဒေါ်လာတွေကိုလည်း ယူဆောင်သွားမှာဖြစ်ကြောင်း အင်တာဗျူး မှာ ထရမ့်က ညည်းညူပြောဆိုပါတယ်။

 

“ကျွန်တော်တို့ဟာ အာမခံမူဝါဒတစ်ခုနဲ့ ကွဲပြားတယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ ဘာ့ကြောင့်လဲ။ ကျွန် တော်တို့ ဘာ့ကြောင့် အဲဒီလိုလုပ်နေတာလဲ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ချိ(ပ်) ထုတ်လုပ်ရေးလုပ်ငန်း ၁၀၀% နီးပါးကို လွှမ်းမိုးချုပ်ကိုင်ထားတယ်။ ကျွန်တော် သူတို့ကို ချီးကျူးပါတယ်ဗျာ။” လို့ ထရမ့်ကပြောပါတယ်။

 

Ref: Trump Says Taiwan ‘Should Pay’ US for Defense against China

 

#PeopleMedia


Share this post