တရုတ်ရေငုပ်သင်္ဘောမဝယ်ဖို့ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ ပြန်လည်ပြင်ဆင်
PUBLISHED - May 21, 2024
နို်င်ငံတကာ၊ မေ ၂၁
တရုတ်တိုက်ခိုက်ရေးရေငုပ်သင်္ဘောဝယ်ယူမယ့်အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက ပြန်လည်ပြင်ဆင်လိုက်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံကမှာယူမယ့် တရုတ်ထုတ် S26T Yuan-class ရေငုပ်သင်္ဘောမှာ ဂျာမန်ထုတ် ဒီဇယ်အင်ဂျင်တပ်ဆင် ပေးဖို့ သဘောတူထားပေမဲ့ မတပ်ဆင်ပေးနိုင်တာကြောင့် ထိုင်းနိုင်ငံက အဲဒီရေငုပ်သင်္ဘောကို ဝယ်ယူတော့မှာ မဟုတ်ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံကို ဂျာမန်ထုတ်ရေငုပ်သင်္ဘောအင်ဂျင်တွေတင်ပို့ဖို့ ဂျာမန်အစိုးရက ခွင့်မပြုခဲ့တဲ့အတွက် ဂျာမန်အင် ဂျင်အစား တရုတ်ထုတ် CHD620 ဒီဇယ်အင်ဂျင်တပ်ဆင်ပေးဖို့ တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ပေမဲ့ ထိုင်းနိုင်ငံက ငြင်းပယ်ခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးခင်က တရုတ်တပ်မတော်က ကိုယ်စားလှယ်တွေနဲ့ သင်္ဘောတည်ဆောက်ရေးအဖွဲ့ကိုယ် စားလှယ်တွေ ဘတ်ကောက်မြို့ကိုရောက်ရှိ ဆွေးနွေးခဲ့ပြီးနောက် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက မူလဆုံး ဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး S26T ရေငုပ်သင်္ဘောဝယ်ယူရေး ဆက်လက်ဆောင်ရွက်ဖို့ မူအားဖြင့် သ ဘောတူညီခဲ့ပါတယ်။
ဒါ့ကြောင့် ကနဦးက ထိုင်းအစိုးရဘက်ကငြင်းဆိုခဲ့ပေမဲ့ တရုတ်အင်ဂျင်တပ်ထားတဲ့ ရေငုပ်သင်္ဘောကို ပေးပို့ သွားတော့မှာဖြစ်ပါတယ်။
၂၀၂၇ ခုနှစ် မတိုင်ခင်အထိ ရေငုပ်သင်္ဘောပို့ဆောင်ပေးဖို့ မျှော်လင့်မထားတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အဆင်မပြေ ဖြစ်နေတဲ့ ရေငုပ်သင်္ဘောစီမံချက်ဟာ နောက်ထပ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့စောင့်ဆိုင်းနေရပါတယ်။
CHD620 ဒီဇယ်အင်ဂျင်ဟာ တရုတ်ရေတပ်ကရေငုပ်သင်္ဘောတွေအပါအဝင် ဘယ်ရေငုပ်သင်္ဘောမှာမှ အသုံး ပြုဖူးခြင်းမရှိသေးတဲ့အတွက် ထိုင်းရေပိုင်နက်ထဲမှာ စမ်းသပ်အသုံးပြုဖို့အတွက် အတိုင်းအတာတစ်ခုအထိ အ ချိန်ယူရနိုင်ဖွယ်ရှိပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံက ထိုင်းနိုင်ငံကို ပုံစံတူလေ့ကျင့်ရေးရေငုပ်သင်္ဘောတစ်စင်းနဲ့ လိုအပ်တဲ့အပိုပစ္စည်းတွေ ထောက်ပံ့ပေးပြီး အရေးကြီးတဲ့ကတိကဝတ်တွေပေးခဲ့ပါတယ်။
Yuan-class တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ထိုင်းနိုင်ငံကို ရောက်ပြီဆိုတာနဲ့ အနှစ် ၆၀ ကျော်ကာလအတွင်း ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး ရေငုပ်သင်္ဘောဖြစ်သွားမှာဖြစ်ပြီး ထိုင်းရေတပ်စွမ်းရည်ကို မြှင့်တင်သွားမှာဖြစ်ပါ တယ်။
ကနဦးအစီအစဉ်အရ ထိုင်းနိုင်ငံဟာ ဒေါ်လာ ၁.၀၅ ဘီလျံ တန်ကြေးရှိတဲ့ ရေငုပ်သင်္ဘော ၃ စင်း အထိ ဝယ်ယူ ချင်ပေမဲ့ ဘတ်ဂျက်အခက်အခဲကြောင့် ဒေါ်လာ ၄၀၃ သန်းတန်ကြေးရှိ ရေငုပ်သင်္ဘောတစ်စင်းသာ ဝယ်ယူနိုင် မှာဖြစ်ကြောင်း သိရပါတယ်။
Ref: Thailand Reverses Decision on Canceled Chinese Submarine Procurement
#PeopleMedia