တရုတ်ရဲ့အဓိကမဟာမိတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကမ္ဘောဒီးယားထိပ်တန်းခေါင်းဆောင်တွေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး သွားရောက်တွေ့ဆုံ
PUBLISHED - June 5, 2024
နိုင်ငံတကာ၊ ဇွန် ၅
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်သြစတင်ဟာ အင်္ဂါနေ့ (ဇွန်လ ၄ ရက်နေ့) က တရုတ်နိုင်ငံရဲ့ အဓိက မ ဟာမိတ် ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ်ဟွန်မာနက်အပါအဝင် နိုင်ငံရဲ့အဆင့်မြင့်အရာရှိ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆက်ဆံရေးပိုမိုရင်းနှီးလာတဲ့အချိန်မှာ အမေရိကန်နဲ့ ဆက်ဆံရေးအေးစက် လာတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ အခုလိုသွားရောက်တာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးအော်စတင်ဟာ ဝန်ကြီးချုပ်ဟွန်မာနက်၊ ကာကွယ်ရေးဝန်ကြီးတီးဆိုင်းဟာနဲ့ ဟွန်မာနက် ရဲ့ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်း အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့နဲ့ တွေ့ဆုံခဲ့ကြောင်း ပင်တဂွန်စစ်ဌာန ချုပ်က ပြောပါတယ်။
စစ်ဘက်ဆိုင်ရာသင်တန်းတွေ၊ မိုင်းရှာဖွေရေးသင်တန်းတွေ ပြန်လည်ဆောင်ရွက်ရေးနဲ့ အမေရိကန်စစ်သင် တန်းတက်ရောက်မယ့် ကမ္ဘောဒီးယားသင်တန်းသားတွေ ပြန်လည်ခေါ်ယူရေးအပါအဝင် ဒေသတွင်းငြိမ်းချမ်း ရေးနဲ့ လုံခြုံရေးကို အထောက်အကူပြုရာမှာ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေး ပြန်လည်မြှင့်တင်ဖို့အတွက် နည်း လမ်းတွေကို အမေရိကန်နဲ့ ကမ္ဘောဒီးယားအရာရှိတွေ ဆွေးနွေးခဲ့ကြကြောင်း ပင်တဂွန်စစ်ဌာနချုပ် သတင်းပြန် ကြားရေးအတွင်းဝန် ဗိုလ်ချုပ် ပတ်ရိုင်ဒါက ပြောပါတယ်။
ကမ္ဘောဒီးယားသင်တန်းသားတွေ အမေရိကန်စစ်သင်တန်းတွေ တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေပြုလုပ်ဖို့ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ သြစတင်နဲ့ ဆွေးနွေးခဲ့ ကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်က တယ်လီဂရမ်မှာ တင်ထားပါတယ်။
အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံနဲ့ အရင်းနှီးဆုံးမဟာမိတ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားဟာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်နေတာတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
ထိုင်းပင်လယ်ကွေ့မှာရှိတဲ့ ကမ္ဘောဒီးယားရေတပ်စခန်းတစ်ခုမှာ တရုတ်စစ်ရေယာဉ်တွေဝင်ရောက်ခွင့်ပြုထားတဲ့ အတွက် အမေရိကန်နဲ့ ကမ္ဘောဒီးယားဆက်ဆံရေးဟာ နှစ်ပေါင်းများစွာကြာအောင် ဆိုးရွားခဲ့ပါတယ်။
အမေရိကန်ကလည်း ကမ္ဘောဒီးယားနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် နိုင်ငံရေးအရ အမြင်မ တူသူတွေနဲ့ ဝေဖန်သူတွေကို မကြာသေးခင်က တင်းကျပ်တဲ့ဥပဒေတွေနဲ့ ပိတ်ပင်တားမြစ်မှုတွေကို ဝေဖန်ခဲ့ပါ တယ်။
ကမ္ဘောဒီးယားနိုင်ငံကတော့ ၎င်းတို့အနေနဲ့ တရုတ်နိုင်ငံကို ဘယ်လိုအထူးအခွင့်အရေးမှ ပေးမှာမဟုတ်ဘဲ ကြားနေ ဘက်မလိုက်နိုင်ငံအဖြစ်ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး သြစတင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်တို့ဟာ အမေရိကန်နိုင်ငံရဲ့ အထင်ကရ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ဆင်းတွေဖြစ်ပြီး သြစတင်က ၁၉၇၅ ခုနှစ်မှာ ကျောင်းဆင်းတာဖြစ်သလို ဟွန်မာနက်က ၁၉၉၉ ခုနှစ်မှာ ကျောင်းဆင်းတာဖြစ်ပါတယ်။
Ref: US defense secretary meets Cambodian officials to push for stronger ties with Chinese ally
#PeopleMedia